ထားမသွားပါနဲ့

ညမိုးချုပ်နေပြီ။
ကိုယ့်ကို ထားမသွားပါနဲ့နော်။

ရိုင်းစိုင်းကြမ်းတမ်းမှုတွေကို
ဖြတ်သန်းသွားရမယ့် လမ်းကလေးဟာ
အထီးကျန်မှောင်မဲပြီး
ရှုပ်ထွေးပျောက်ဆုံးနေခဲ့ပေါ့။

မောပန်းနွမ်းနယ်နေတဲ့ ကမ္ဘာမြေကြီးဟာ
တောင်ဝှေးမပါတဲ့ မျက်မမြင်တစ်ယောက်လို
ငြိမ်သက်စွာ လဲလျောင်းနေလေရဲ့။

ကိုယ့်မီးအိမ်ကို ထွန်းညှိဖို့နဲ့
ကိုယ့်ပန်းကလေးတွေ ရွေးသီဖို့
အဲ့ဒီအခိုက်အတန့်လေးကို
နှစ်ကာလာကြာမြင့်စွာ
စောင့်စားခဲ့ရတယ်လို့ ကိုယ်ထင်တယ်။

အခုတော့
ကမ်းခြေမဲ့တဲ့
ပင်လယ်ချောက် နှုတ်ခမ်းဝကို
ခုန်ဆင်းဖို့ ကိုယ်ရောက်နေခဲ့ပြီလေ။
ကိုယ့်ဘာသာ ထာဝရ
အဆုံးရှုံးခံစေပါတော့မယ်။

5 comments:

thihanyein said...

ကဗျာလေးကိုကြိုက်တယ်ကိုတိုးရာ
အခုတော့
ကမ်းခြေမဲ့တဲ့
ပင်လယ်ချောက်နှုတ်ခမ်းဝကို
ခုန်ဆင်းဖို့ ကိုယ်ရောက်နေခဲ့ပြီလေ
ကိုယ့်ဘာသာထာဝရ
အဆုံးရှုံးခံစေပါတော့မယ်

ကိုတိုးရေ
ဝေဒနာလူ
အတွေးလေမှာနှင်
မသေခင်တုန်းအေးချမ်းသွားပါရစေ
အဆွေးသမားရယ် ဝေဒနာကမ္ဘာကြီးရယ်
အေးချမ်းတဲ့နေရာ မမောတမ်းသွားမယ်

သွားကြရအောင်ဗျာ...

Welcome said...

ညီ .. ..
ရေးရင်းရေးရင်းနဲ့ ကဗျာတွေက အသက်ဝင် လာတယ်။ အချစ်အတွက် ပေးဆပ်ရတဲ့ ခံစားချက်တွေက ကဗျာကောင်းတွေ ဖြစ်တည်စေတယ်ဆိုတာ ယုံကြည်တယ်။
ကဗျာထဲကလို
ချောက်ထဲတော့ မလုပ်ပါနဲ့ ရေခြား မြေခြားမှာ ..

http://winzaw-mdy.blogspot.com/

ညီနေမင်း said...

နေမင်းကြီးကပူလောင်တယ်လို့ toetoelay ပြောလိုက်ကြည့်ပါလားချစ်သူ ...
လသာတာလောက်ကိုပဲ အမြဲတမ်းကြည့်ချင်တဲ့သူတွေအတွက်တော့
နေမင်းကြီးထွန်းလင်းလာတာကိုဘယ်တော့မှ မြင်ရတော့မှ မဟုတ်ပါဘူး ...
နေမင်းဆိုတာ
လောကကြီးအတွက် ထွန်းလင်းမှုတွေပေးနေတဲ့
အလင်းစုမီးတောက်တစ်ခုလောက်ပဲ အများကမြင်ပေးလိုက်ရင်
လှပတဲ့ ပတ်ဝန်းကျင်တစ်ခုလုံး မင်းမျက်စိထဲကိုရောက်လာလိမ့်မယ် သိလား ...
http://www.nyinaymin.co.cc

ကိုတိုး said...

ဟုတ်တယ်ကိုညီနေမင်း........ ကျွန်တော်ကလည်း လသာတာရောနေပူတာရောကို ကြည့်ချင်တာဗျ........ နေမင်းရဲ့ အလင်းရောင်နဲပဲ အသက်ရှင်တော့မယ်ဗျာ ကိုညီနေမင်း............ ကိုသီဟညိမ်း ကျွန်တော်ဝေဒနာလူတော့မဖြစ်ချင်တော့ဘူးဗျာ....... ခံစားရလွန်းလို့ဗျာ သွားရင်လည်းအဖော်ခေါ်ပါအုံးဗျာ။ အကိုဝင်းဇော် ကျေးဇူးနော်အကို။

Anonymous said...

သနားစရာ ခုတော့ ထားသွားပြီပေါ့လေ ကုလားမလေးက ဟဟားးး