မိုင်တိုင် ၁၀၀

ကျွန်တော်က တစ်ခါတစ်လေကျရင်လေ ပေါက်ကရတွေ စိတ်ထဲရှိတာတွေ လျောက်လုပ်တတ်တယ်ဗျာ။ တစ်ခါ တစ်ခါကျရင်လည်း အကောင်းကိုယ့်ကိုကိုယ်တောင် ဘယ်လိုလူစားမျိုးဆိုတာကိုတောင်မသိတော့ဘူး........ တစ်ခုတော့ရှိတယ် စိတ်တိုလာရင်တော့ ကိုက်စားမတတ်ကို ဖြစ်တယ်ဗျာ..... အသားတွေတုန်ပြီးတော့ ဖြစ်လာတယ်......ငယ်ငယ်ကတည်းကအကျင့်ပေါ့နော်........ စာကျက်ရင်တော့ ကိုတိုးတို့များ ပြင်းလိုက်တာလွန်လို့........ စာအုပ်နဲ့မျက်နှာနဲ့တွေ့လိုက်တာနဲ့ အိပ်ငိုင်ပြီလော......... ကောင်းလိုက်တဲ့အကျင့်လေးနော်...........အိပ်ရေးဝတာပေါ့နော် မနက်ပိုင်းကျောင်းဖွင့်လို့ဆရာနဲ့စာသွားသင်ရင် ဆရာက ဘာပြောမှန်းမသိဘူး အိပ်ငိုက်တာလေ......သင်ရတာကလည်း ထိုင်းလိုဆိုတော့ ကိုတိုးလေးတို့ တစ်လုံးမှာကို နားမလည်ဘူးဗျာ။ ခင်မင်မှုအပြည့်နဲ့ နားလည်ပေးတတ်တဲ့ဘလော့မှာ ညီအကိုမောင်နှစ်များအားလုံးနဲ့............. ကျွန်တော့်ရဲ့ ပေါက်တတ်ကရရေးတဲ့ကဗျာလေးတွေကို ဖတ်ပေး ဝေဖန်ပေးတဲ့ ညီအကိုမောင်နှစ်မ များအားလုံးကို ကျွန်တော့်ရဲ့ မိုင်တိုင်၁၀၀ မြောက်ပိုစ့်လေးနဲ့ ကျေးဇူးတင်ကြောင်းပြောပါရစေဗျာ....... အစ်မသက်ဇင် အစ်မဝါဝါခိုင်မင်း အစ်မရွှေပြည်သူ မမေမိုး အစ်မကဗျာမလေး မမေ( မြန်မာပြည်ကိုလွမ်းသူ) အစ်မသက်တန့် မ Dream မပန်းခရေ မဖူးပွင့်အောင် ညီမ ဝေလေး အစ်ကိုကြီးကိုရင်ညိမ်း အကိုဝင်းဇော် ကိုစေတနာ ကိုမော်စီ ကိုတောင်ငူသား ကိုမင်းကျန်စစ် ကို အညတရ ကိုသုခရိပ် ကိုမောင်မျိုး ကိုသီဟညိမ်း ကိုတီး ကိုအနက်ရောင်မျက်လုံး ကိုညီနေမင်း စီဗောက်နဲ့ဘလော့မှာကျန်ရှိခဲ့တဲ့ သူငယ်ချင်းများရှိပါက နားလည်ပေးဖို့တောင်းခံအပ်ပါတယ်........ အားလုံးသောသူတွေကိုတော့ နာမည် မမှတ်မိတော့လို့ပါ... အခုလိုလာရောက်အားပေးကျတဲ့ သူငယ်ချင်းများနဲ့ ညီအကိုမောင်နှစ်မများအားလုံးပျော်ရွှင်ကျပါစေ...... ကျွန်တော်အားငယ်နေတဲ့အချိန် ဖုန်းဆက်ပြီးအားပေးတတ်တဲ့ တစ်နိုင်ငံတည်းနေတဲ့သူငယ်ချင်းများဖြစ်တဲ့ ကိုမောင်မျိုး နဲ့ ကိုညီနေမင်း ကျွန်တော့်ရဲ့ ဘလော့လေးကို လာရောက်အားပေးကျတဲ့ သူငယ်ချင်းအပေါင်းကျန်းမာ ချမ်းသာ သုခအပေါင်းနဲ့ပြည့်စုံကျပါစေလို့...... ကျွန်တော်ကိုတိုးလေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

5 comments:

မသက်ဇင် said...

ကိုတိုးလေးရေ---
ကိုတိုးလေးရဲ့ ကျေးဇူးတင်စကားကို
လေးလေးနက်နက် ခံယူသိမ်းဆည်းသွားပါတယ်--
လိမ္မာယဉ်ကျေးသော ကိုတိုးလေးဟာ--
မိကောင်းဖခင် က မွေးဖွားပြီး စိကောင်းနှလုံးကောင်းရှိသည့်
မြန်မာအမျိုးသားလေးတယောက်ဖြစ်ကြောင်း
စာအရေးအသားတွေမှာ ဖေါ်ပြနေပါတယ်--
ကဗျာလေးတွေ ဆက်မျှော်လျက်ပါ---

လားရှိုးသူ said...

မိုင်တိုင် ၁၀၀ မှ ၁၀၀၀၊ ၁၀၀၀၀ သိန်းမက ရေးသားပြုစုနိုင်ပါစေလို့....

thihanyein said...

ရင်ထဲထိသိမ်းသွားတယ်ကိုတိုးရေ...အဆင်ပြေပါစေဗျာ

Anonymous said...

ကိုတိုးရေ့ ပို့စ် 100 မှစပြီး စာတွေအများကြီးဆက်ရေးနိုင်ပါစေ အမြဲ အားပေးနေမယ် ။

သက်တန့် said...

မောင်လေး ကိုတိုးရေ...
မိုင်တိုင် ၁၀၀မှသည်...
မိုင်တိုင်ပေါင်း မြောက်မြားစွာသို့... :)