နှစ်သိမ့်ဆု

ကောင်းကင်ကြီး
ငါဟာ
မင်းရင်ခွင်မှာသာတဲ့
လမင်းမဖြစ်ခဲ့ရင်တောင်
ကြယ်စင်မှိန်မှိန်လေးအဖြစ်နဲ့
မထင်မရှား
ထာဝရလင်းလက်ခွင့်လေးတော့
ရပါစေ။

အချစ်ကြောင့် ငါသည်

လေတိုက်တိုင်း သစ်ရွက်မကြွေသလို
ရန်ခုန်တိုင်းလည်း မချစ်ခဲ့ပါဘူး
မင်းနဲ့ကျမှ
ကိုယ့်အကြည့်က
ကောင်းကင်တစ်ခု ဖြစ်ပေမယ့်
မင်းအကြည့်တစ်ချက်အောက်မှာ
ကိုယ်ကျရှုံးခဲ့ရပါတယ်
ငလျင်လှုပ်တိုင်း မြေမပြိုသလို
မျက်လုံးချင်းဆုံတွေ့တိုင်းလည်း
ကိုယ့်စိတ်မယိုင်ခဲ့ပါဘူး
မင်းနဲ့မှသာ
ခံစားချက်အပြည့်နဲ့
"ချစ်ပါတယ်" ဆိုတဲ့စကားကို
မင်းနဲ့မျက်နှာချင်းဆိုင်ပီး
ပြောချင်ပါတယ်
ဒါပေမယ့် ငါ့ဘက်က
အရာရာနှိမ့်ကျနေတော့
တကယ်ပဲဆွေးရမှာလား
မင်းတကယ်ကို ငါ့ဘ၀နဲ့ရင်းပီး
စောင့်ရှောက်ချင်ပါတယ်
ဒါပေမယ့် ဘ၀ကအခြေနေတွေ
မတူတော့
တကယ်ပဲ ဝေးရမှာလား
လူတစ်ဦးအတွက်
မတူဘူး မတန်ဘူးဆိုတဲ့
အရာတွေရှိသလား
အဲဒီလိုသာရှိခဲ့ရင်
ငါ့နှလုံးသားတွေ
တကယ်ပဲကြေကွဲရမှလား

အချစ်အိပ်မက်

အတိတ်ကိုဘေးမှာထား
ပစ္စုပန်ကိုမျက်မှောက်ပြု
အနာဂတ်ကိုမတွေးတောဘဲ
ငါမင်းကိုချစ်နေမယ့်
ငါ့အချစ်ကိုနင်းချေ
အမုန်းကိုပေးဝေလို့
မင်းငါ့ကိုစွန့်သွားခဲ့လည်း
ခါးသီးမှုကို ရင်မှာပိုက်
အလွမ်းမျက်ရည်ကို
ကဗျာအဖြစ် ချွေချပြီး
ငါမင်းကို သတိရနေမယ်
အာရုံမှာပုံပေါ်
အတွေးတွေကို နယ်ချဲ့ဝေ
ပရမ်းပတာ ၀င်နှောက်လေတဲ့
အချစ်ဆုံးသူရဲ့ အလှတရားကို
အိပ်မရတဲ့ နှလုံးသားထဲ
အိပ်မက်အဖြစ် ကဗျည်းထိုးထားမယ်....။

မွေးနေ့ရက်ဆီကျန်ခဲ့ပြီပေါ့နော်.........

ကျွန်တော့်မွေးနေ့ဟုတ်ဘူးနော်............ ချစ်ရတဲ့သူကျန်ခဲ့ပြီ ..........
တစ်နှစ်ကိုငုံ လှည့်တစ်ခါကျ
မွေးဖွားခြင်းမှ လောကတစ်ခွင်
လူဖြစ်တွင်တဲ့ ချစ်ရသူရေ ...
မပိတ်မသုံ စိတ်အစုံက
ရော်ရီလူးလို့ မျှော်ရည်ဖူးပြီး
အရောက်လှမ်းချင်တဲ့ တစ်ထောက်နန်းက
ချစ်ရသူရဲ့ မွေးနေ့ရက်ဆီ ...
ပူခြင်းတစ်သွယ် သွန်းဖြိုးမိုးနဲ့
အေးစိမ့်လှတဲ့ ဒီဆောင်းပိတ်မှာ
ချစ်ရသူတွက် တစ်နှစ်ကူးလို့
တစ်ရက်ထူးတဲ့ မွေးနေ့မင်္ဂလာ ...
အချိန်နေ့ရက် မိုးမြေမထပ်
စိုးရေတွက်ရင် ချိုးရေလက်မှာ
တိုးနေနှစ်က တစ်နှစ်ပြီးတစ်နှစ် ...
၂၅ပင် ပြည့်သော်ညားလည်း
ရိုးနေမကျ သတိတွေရလို့
ရင်ဘတ်ဟောင်းမှာ ခေတ်ကြောင်းမလှ
ပစ်နှောင်းခဲ့လည်း ဆက်ချစ်နေတယ် ...
မွေးနေ့ချိန်မှ သာယာအလင်း
အေးမြခြင်းက ဘ၀ခဏ
ဖြစ်တည်ချိန်ကို ကျော်ကာဖြတ်လို့
ယခုချိန်စ နှစ်ပေါင်းရာကျော်
တည်ပါစေသော် ...။

၁၄ မလိုတိုကဗျာလို

အချစ်ဆိုတာက
ချစ်သူများနေ့အတွက်ဖြစ်လာတာလား
မင်းကို ငါချစ်တယ်လို့ဖွင့်ဟဖို့
စောင့်နေခဲ့တာ
ဖေဖော်ဝါရီ 14 ရက်မဟုတ်သလို
ငါ့ရင်ထဲမှာ မင်းရှိနေရင်
ချစ်သူများနေ့ဆိုတာက
နေ့ရှိသမျှကို ဖြစ်နေမှာပါ။
အချစ်ဆိုတာ မရိုးနိုင်သလို
ငါ့ မင်းကိုချစ်တဲ့အချစ်ဟာလည်း
စာဖွဲ့လို့မကုန်နိုင်ပါဘူး။
အချစ်ကိုရိုးမယ်ဖွဲ့လို့
ကုန်မယ်ဆိုရင်
ငါရေးနေတဲ့ အချစ်ကဗျာတွေက
ခြောက်ခမ်းခမ်းနဲ့
ဆားငံနေတဲ့ပင်လယ်ရေသောက်သလို
သောက်လေ သောက်လေငတ်မပြေ
ငါ့ရဲ့ အချစ်ကလည်း
မင်းနဲ့တွေ့မှာ
နေ့တိုင်းကို ချစ်ချင်နေတာ အမှန်ပါ
အကျင်နာတကယ်
အချစ်စစ်မှန်လျှင်
ချစ်သူများနေ့မှာစပြီး
နောက်နှစ်စဉ်တိုင်းချစ်သွားနိုင်မယ်လို့
“.........” ကိုလေ
နှစ်နှစ်ကာကာချစ်ခဲ့တာပါ လို့လေ......
ရင်ဝယ် အချစ် အမှန်စစ်လျှင်
“...........” သိအောင်ပြောပြပေးပါ
သော်တာလမင်းကြီး။
ကယ်တင်ဆောင်နှင်း
ကြယ်စင်လေးမင်းက
ငါ့အနားမှာမခွာ
နေပါသော်လည်း
ချစ်တယ်ဆိုတဲ့
ဒီစကားလေးက
ငါ့အတွက်တော့
အားမာန်တွေထက်
သွက်လက်စေမဲ့
အားကောင်းတစ်လက်
လက်ကိုင်စွဲလို့
နှောင်နှစ်များစွာလည်း
ဆက်လက်ချစ်နိုင်ပါစေကြောင်း
ရင်နှင့်ရင်းပြီး ဆုတောင်းနေပါတယ်။
ကိန္ဒရီချောင်းခြား
ကိုယ်တို့နှစ်ဦးကြား
မရှိရစေကြောင်း
ဒီကနေ့မှာစပြောင်း
ပေါင်းရစေကြောင်း
ထပ်လောင်းဆုတောင်း
ပြည့်ပါစေကြောင်း
တောင်းဆုချွေလျှက်ပါ ချစ်သူ............

ရုန်းရင်းကန်ရင်း

လေထန်တိုင်းသာပွင့်ကြွေပါမှု ဘယ်မှာပန်းများကျန်မည်နည်း။
လှိုင်းထန်တိုင်းသာ ကမ်းပြိုပါမှု ဘယ်မှာမြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမှု ဘယ်မှာမျက်ရည်ကျန်မည်နည်း။
အမှောင်တစ်ဝက် အလင်းတစ်ဝက်သည် တစ်ရက်တစ်ခါကြုံရမယ်
ရှုံးတစ်ခါ နိုင်တလည့်
မျက်လှည့်ပမာ
လူလောကတွင်
တွေ့မြဲသတည်း။
လှုပ်ရှားရသော လူ့ဘဝတွင်
လင်းသော
မှောင်သော
အောင်သော
ရှုံးသော
ချစ်သော
မုန်းသော
သစ်သော
ဟောင်းသော
ပူသော
အေးသော
နုသော
ကြမ်းသော
ဆေးကြောစိတ်ဖြာမနေသာပေ
လဲရာကထ
ကျရာကတက်
ပျက်ရာကဆောက်
ရှေ့သို့ရောက်ပြီး
ရောက်ရာဘဝ အားမာန်ပြုရင်း
ရုန်းကန်ရမည်သာတည်း။

သားလိမ္မာ

ပေးစရာ တစ်သောင်းခွဲရယ်နဲ့
ကြွေးအသပြာ ခေါင်းခဲစရာမို့
မောင်းတစ်ပွဲနဲ့ ဘော်ဒီပြန်
ရှေ့လက ရေမတင်းတာကြောင့်
တွေ့သမျှ ဆွေအရင်းဆီက
နွားတစ်ရှဉ်း ယာခင်းအရည်ဖျော်လို့
သားတော်ကို ဒက်ဒီပို့ပေးခဲ့
မဒီပျို့ ချွေးမလောင်းအတွက်ကိုဖြင့်
ကျောင်းထက်မှာ
ပေါင်းဖက်ကာအနေတင့်စေဖို့
ဒေါက်မြင့် တစ်ရံ ကျောင်းလခ ကျန်စာရင်းငဲ့ပြင်
မောင်းချကာ အမြန်ဆင်းပါတော့
အဆောင်မှူးရယ်က
မာန်တင်းလို့ကြမ်း
အသောအလွမ်း
အမော အပန်းပြေစေဖို့
တောထန်းရည် တစ်မြူမှီးတဲ့ပင်
ဘူကြီးတွေ ဖန်တစ်ရာဆွဲသော်လည်း
ကံကြမ္မာတွေ
စန်းလာဘ်နည်းတာကြောင့်
ပြန်စရာငွေ လမ်းခက်ခဲပါပေါ့
မှန်းချက်လွဲ အခြေမယိမ်းစေဖို့
အဖေ့အမွေ ဒီစက်ဘီးကိုတော့
အိုကွယ်
သူများဆီမှာ သိမ်းထားလိုက်ပါ့မယ်....။

အဖြည့်ခံ

မြင်လှည့်ပါ
မင်းအနားမှာရှိတဲ့ငါ့ကိုလေ
ပြောလှည့်ပါ
မင်းအတွက်ရင်ဖွင့်စရာတွေရှိတဲ့အခါ
ခေါ်လှည့်ပါ
ငါ့ကိုမင်းအကူအညီလိုအပ်တဲ့အခါ
မေ့ထားပါ
ငါ့ကို မင်းဘဝမှာပြည့်စုံနေရင်မေ့ထားလိုက်ပါ
ထားခဲ့ပါ
ငါ့ထက်မင်းဘဝကို ပေးဆပ်နိုင်တဲ့သူကိုတွေ့တဲ့အခါ
သတိရလိုက်ပါ
ငါ့ကို မင်းအခက်အခဲတွေကြားရောက်ရင် သတိရလိုက်ပါ။
ငါကတော့ မင်းဘဝအတွက်အဖြည့်ခံသက်သက်ပါပဲကွာ
မောင်စိန်ဝင်း( ပုတီးကုန်း)

ဆန္ဒ

ဘေးအန္တရာယ်အသွယ်သွယ်တို့မှ
လွတ်မြောက်ပါစေကြောင်း ဆုမတောင်းလိုပါ
၎င်းတို့ကို ရင်ဆိုင်နိုင်ရန်အတွက်သာ
အကြောက်အရွံကင်း စွာနဲ့ရင်ဆိုင်နိုင်အောင်သာ
စိတ်ထားကို မွေးမြူထားသင့်သည်။
ဝေဒနာမှ သက်သာရာရစေကြောင်း
မတောင်းဆိုချင်ပါ။
ဝေဒနာကို အောင်နိုင်အောင်
ခံနိုင်စွမ်းရည် စိတ်နှလုံးကိုသာ ရချင်ပါ၏။
ဖြစ်နိုင်လျှင် ပြဿနာအလုံးကို ရင်ဆိုင်ရဲတဲ့
သတ္တိ၊ ဇွဲ၊ တို့ရှိဖို့လိုအပ်ပါသည်။
မဖြစ်မနေကြုံတွေ့ရမည့် လောကဓံရဲ့
အလည့် အတောင်းကိုရင်နာနာနဲ့ခံနိုင်ရည်ရှိအောင်
ကိုယ့်ဘက်က အတတ်နိုင်ဆုံး
ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားရမည်။

ခေါင်းစဉ်မရှိ..........

စာမေးပွဲကလည်းနီးလာပြီ စာတွေကလည်းကျက်လေမေ့လေဆိုတော့လည်း ဘယ်လိုလုပ်ရမလည်းမသိဘူးနော်။ အဲ့ဒါနဲ့ပဲ အချိန်လေးရတုန်းသတိရလို့ဆိုပြီးတော့ အရင်တင်ထားတဲ့ကဗျာအဟောင်းတွေပါ ကြာပါပြီတင်ထားတာ အဲ့ဒါလေးအခုပြန်တင်ပေးလိုက်တာပါ..... လောလောဆယ်တော့ စာမေးပွဲဖြေရအုံးမယ်........ စာတစ်လုံးမှာမရသေးတာတော့အမှန်ပါ။ မှန်သောစကားသာဆိုလို့စာမေးပွဲအောင်ပါစေသားဗျာ။
အချိန်လေးရတုန်း..
တက်လိုက်မယ် Online
စာကြည့်ချိန်လေး ..လုယက်ပြီး
ထိုင်ဦးမယ် Chatting
စာမေးပွဲကြီးနီးလာပြီ
ဘဲဥ မစား..
supply ကြောက်လို့ C plus လည်းရှောင် ။
တစ်နေ့ ဘုရား 10ခါရှိခိုးကာ
Gtalk တက်လို့ ညည်းချင်းရယ်ဆို ...။
စာမေးပွဲက မနက်ဖြန်
ဟိုစာရွက် ကူး .. ဒီစာရွက်လှန်
notes မရှိလို့ မိတ္တူဆိုင်ပြေး
one subject one night လုပ်တာ
စာကြည့်စားပွဲထိုင်..
ထိုင်မယ်ကြံယုံရှိသေး
ဟို့နေ့က ကြိုးစားထားသမျှ...
ဒီနေ့တော့ အိပ်ငိုက်နေပြီမို့
ခဏလေးတစ်ရေးမှေးမယ်ကြံ ။
ကြံယုံပဲ ရှိသေး အိပ်ပျော်သွားပြီမို့ ....
တစ်မိုးသောက်ခဲ့ပြန်ပြီ ။
ခြေဖျားတွေ လက်ဖျားတွေအေး..
အိမ်သာပြေးချင်သလိုလို
စိတ်ထဲရယ် ကတုန်ကရင်..
ဘယ်လိုဖြေရပါ့လိမ့် ။
စာမေးပွဲခန်းဝယ်...
ထိုင်ခုံမှာထိုင် မေးခွန်းကိုသေချာကြည့်
သေချာသိတာ ဘာမှာမရှိ။
အားမလျှော့လေနဲ့.....
ဘေးနားကလူကိုကြည့်
သူလည်းသိတာဘာမှာမရှိ။
အော်... ကိုယ်လို သူလို အတူတူမို့
ဖြီးဖြန်းဖို့ကိုပြင်
မေးခွန်းတောင် နားမလည်တော့
အကျိုးရှိရန် အိပ်ဖို့သာပြင်လေတော့
မျှော်လင့်ချက်ရယ် မရှိ
သစ္စာစကားသုံးခွန်းသာဆို
စာမကျက်ချင်တာအမှန်
chatting ထိုင်တာလည်း ဟုတ်၏
ဘာမှမရတာ သေချာပါသည် ။
ဤမှန်သောသစ္စာ စကားသုံးခွန်းကြောင့်
နောင်အခါတွင်...
ဘေးနားကလူ စာရပါစေသတည်း.....