ပင်လယ်လှိုင်းထန်
မုန်တိုင်းဆန်သော်
ရေမျောကမ်းတင်
လမ်းမမြင်လည်း
တစ်ယောက်ထဲမို့
အားစိုက် တွန်းလှန်
လှိုင်းဆန်လှေတက် ပဲ့ထက် ရွက်တိုင်
ဘယ်မယိုင်နဲ့
ရေပျော်ရွက်ခတ် ခရီးဆန့်မည်
လှိုင်းတောင် ဘယ်သို့ကြီးမည်နည်း
ကြယ်ရောင်မလက် ပျိုးပျက်လျှပ်ရောင်
မိုးထဲမှောင်ထဲ
တစ်ယောက်ထဲမို့
ခရီးမသာ မနီးပါလည်း
ရွတ်ခတ်ယောင်္ကျား မခြောက်ခြားဘူး
ဇွဲမာန်မပျက် ရှေ့သို့ဆက်၏
လှိုင်းလူးလွန့်လှိမ့်
လှေဦးသိမ့်ကာ
လှိုင်းသော်လှေအောက်
ရောက်ပါစေငြား သတိထားလည်း
လှေလည်းမဟန် ဦးကွဲလန်ကာ
ရွက်တိုင် ပဲ့ခြားရှိစေငြားလည်း
လက်အားကိုထဲ့ ခရီးဆက်မည်
သေသော်မှသည် လျှော့လိမ့်မည်။
5 comments:
တက်ကျိုးရင် လက်ထိုးလှော်မယ် ဆိုတာ ဒီလို ဇွဲ မျိုးပေါ့နော်... ကဗျာလေး ကောင်းတယ် မောင်လေး... အမြဲအားပေးလျက်ပါနော်...။
ကိုတိုးလေး--
"ရွက်ခတ်သားတို့ ဇွဲနဲ့မာန်"
ကို-လာဖတ်တယ်--မျက်လုံးထဲပြေးမြင်မိလိုက်တယ်---
လှိုင်းတွေအောက် ရောက်လိုက် တက်လိုက်နဲ့
ဇွဲနဲ့လှော်ခတ်နေသူ တွေကိုလေ---
အားပေးပါတယ်---
မောင်လေးကိုတိုးရေ...
ကဗျာလေးဖတ်ပြီး အားမာန်တွေ ရလိုက်တယ်... :)
ပင်လယ်လှိုင်းထန်
မုန်တိုင်းဆန်သော်
ရေမျောကမ်းတင်
လမ်းမမြင်လည်း
တစ်ယောက်ထဲမို့
အားစိုက် တွန်းလှန်
လှိုင်းဆန်လှေတက် ပဲ့ထက် ရွက်တိုင်
ဘယ်မယိုင်နဲ့
ရေပျော်ရွက်ခတ် ခရီးဆန့်မည်
လှိုင်းတောင် ဘယ်သို့ကြီးမည်နည်း
*****************
မောင်လေးရေ..ကဗျာလေးက ဇွဲမာန်တွေအပြည့်နဲ့ပါလား။
ကဗျာကောင်းလေးတစ်ပုဒ်ပါမောင်လေး ရေ..
အဆင်ပြေပါစေ။
ခင်တဲ့
အမ၀ါ
လောကဓံကိုစိန်ခေါ်ထားတဲ့ကဗျာလေးပဲဗျာ.....
နင်လားဟဲ လောကဓံပေါ့ဗျာ .....
တောင်ကြီးဖ၀ါအောက်ဆိုသလို...လှိုင်းကြီးလှေအောက်
ပေါ့ဗျာ....
ကဗျာလေးကောင်းတယ် ကိုတိုးလေး.....
များများရေးဖွဲ့နိုင်ပါစေခင်ဗျာ.....
သီဟညိမ်း
Post a Comment