နုံဖျင်းလှတဲ့မရေရာမှုမျိုးနှင့်
သေချာမှုတွေေ၀၀ါးနေတဲ့ဘ၀ကြီးကို ကျော်ဖြတ်နေမိတဲ့ကို့အတွက်
လက်ပြလို့ထားသွားလဲနေခဲ့မိမှာပါ ..
အကြင်နာတွေအပြည့်နဲ့ နာကျင်မှုတွေပြွတ်သိပ်နေပေမယ့်
ရှိစုမဲ့စုခွန်အားလေးတွေကို ဖြစ်ညှစ်ပြီး မင်းအတွက်
ထာဝရခွင့်လွှတ်နေမယ့် သူတစ်ယောက်ပါ .... မိန်းကလေးရယ်
တစ်ကယ်တော့ လွှင့်မျှောနေတဲ့ တိမ်တိုက်တွေကြား
အချစ်ဆိုတာကို လိုက်ဖမ်းရင်းနဲ့ပဲ ခံစားချက်တွေအားလုံး
လေနဲ့အတူတူလွင့်ပါသွားခဲ့ပြီးပါပြီ
အချစ်ဆိုတဲ့ ခံစားချက်လေးတစ်ခုကနေ
ရရှိလိုက်တဲ့ အဓိပ္ပါယ်ပေါင်းများစွာကို
နာကျင်မှုတွေနဲ့ပဲ တိတ်တဆိတ်
ရင်ဘတ်တစ်နေရာမှာ ၀ှက်ထားလိုက်မိတယ် ... မိန်းကလေးရေ
ကို့ရဲ့စကားလုံးတွေဟာ မင်းအတွက်ကြမ်းတမ်းနေပေမယ့်
ထိခိုက်ကွဲလှလွယ်ပြီး နူးညံ့တဲ့နှလုံးသားတစ်စုံအတွက်
မင်းပေးတဲ့ ရက်စက်မှုတွေက ကို့အတွက်တော့ အရမ်းပြင်းထန်နေတယ် မိန်းကလေး
တွေ့ခဲ့ရတာ တစ်ခဏလေးဆိုပေမယ့်
ပျော်စရာစကားလုံးတွေကို ရေတွက်လို့မရအောင်ပြောနေပေမယ့်
တစ်ကယ်တဲ့ ပြုံးနေတဲ့ မျက်နှာဖုံးတုရဲ့အောက်က
နာကျင်မှုတွေကိုတော့ မင်းမြင်တတ်ရင်
တစ်နေ့နားလည်လာမှာပါ ...
ကို့မျက်လုံးတစ်စုံကို မင်းအဓိပ္ပါယ်ဖွင့်တတ်ရင်တော့
ရင်ထဲတစ်နေရာက အမည်ဖော်လို့မရတဲ့
သောကတစ်ချို့ကို မင်းပုံဖော်လာနိုင်မှာပါ .......
4 comments:
ညီငယ်
နာကျင်စေတဲ့ အချစ်က ကဗျာကောင်း၊ စာကောင်းတွေကို ဖန်တီးဖို့ ဓာတ်စာများလား..
ခံစားရမူတွေ ပြေပျောက်နိုင်ပါစေ
http://winzaw-mdy.blogspot.com
သူမမြင်နိုင်ပါစေဗျာ***
စီတ်မကောင်းဘူးဗျာ.....
ဆေးသောက်နေရတယ်.....ဟီးးးး
နောက်တာနော်..... ရေးထားတာ မိုက်ပါတယ်။
အဲ့...ခံစားချက်တွေက တကယ့် အတည်တွေပါလား သနားတောင်လာပြီး နီးရင် ရင်ဖွင့်ခိုင်းပါတယ် နားထောင်ပေးဖို့အဆင်သင့် ဘီယာပါတိုက်အုံးမယ် ။
Post a Comment