ငါ့မျက်လုံးတွေမှေးစက်ချိန်မှာ
နှလုံးသားထဲမှာ
ပြေးဆော့နေတာ
မင်းရဲ့ပုံရိပ်တွေပါ။
*နှလုံးသွေးတစ်ချက်ခုန်လိုက်တိုင်းမှာ
ငါ့တစ်ကိုယ်လုံးမှာစီးမျောနေတာ
မင်းကိုချစ်တဲ့
ငါ့ရဲ့ဝိဥာဉ်တွေပါ ။
*ငါ့ရဲ့အချစ်တွေကို
မင်းလျစ်လျူရှုတဲ့အခါ
ငါ့မျက်ဝန်းမှာခိုတွဲလာတာ
ဝမ်းနည်းခြင်းရဲ့သက်သေ
နှလုံးသားရဲ့မျက်ရည်တစ်စက်ပါ။
*ငါဝန်ခံပါတယ်ချစ်သူ
မင်းကိုစွဲလမ်းလို့တမ်းတ
ငါ့ရဲ့အလွမ်းညတွေလဲ
ကြာရှည်ခဲ့ပါပြီ ။
*ငါ့ရဲ့ဘ၀ဟာမင်း
ငါ့ရဲ့ညဟာမင်း
ငါ့ရဲ့အရာအားလုံးဟာမင်း
မင်းအတွက်ရှင်သန်တဲ့ငါ
တစ်ကယ်တော့ငါဟာငါမဟုတ်ခဲ့ပါဘူး။
*အသိအမှတ်မပြုရင်တောင်
ကျောခိုင်းမသွားပါနဲ့
မယုံကြည်ရင်တောင်
လျစ်လျူရှုမထားပါနဲ့ချစ်သူ။
*မမြင်နိုင်ရင်တောင်
လှည့်ကြည့်ပေးပါ
မကြားနိုင်ရင်တောင်
နားစွင့်ပေးပါချစ်သူ ။
*အတိတ်တွေကိုစွန့်ခွါ
သာယာတဲ့အနာဂါတ်
ပျော်စရာအိမ်မက်တွေထဲက
တမ်းတခဲ့ငါ့ရဲ့ဧဒင်
ထာဝရှင်သန်နေစေဖို့
မင်းလေးရဲ့မေတ္တာ
အကြင်နာတွေဆောင်ကြဉ်း
ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ။
4 comments:
“အတိတ်တွေကိုစွန့်ခွါ
သာယာတဲ့အနာဂါတ်
ပျော်စရာအိမ်မက်တွေထဲက
တမ်းတခဲ့ငါ့ရဲ့ဧဒင်
ထာဝရှင်သန်နေစေဖို့
မင်းလေးရဲ့မေတ္တာ
အကြင်နာတွေဆောင်ကြဉ်း
ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ”
မောင်လေးရဲ့ဆန္ဒတွေ တနေ့တော့ သေချာပေါက် ပြည့်ပါစေလို့ အစ်မဆုတောင်းပေးပါတယ် ကိုတိုးလေးရေ... စိတ်ချမ်းသာပါစေ မောင်လေး...
ကဗျာကောင်းလေးကို ခံစားသွားတယ်ကိုတိုးရေ
အရေးအသားလေးတွေက နုတယ်ဗျ နော်
တမ်းတခဲ့ငါ့ရဲ့ဧဒင်
ထာဝရှင်သန်နေစေဖို့
မင်းလေးရဲ့မေတ္တာ
အကြင်နာတွေဆောင်ကြဉ်း
ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ။
ကိုတိုးလေးရေ ကိုတိုးလေးချစ်သူရဲ့ ---
အကြ င်နာတွေရပါစေရှင်---
ငါ့မျက်လုံးတွေမှေးစက်ချိန်မှာ
နှလုံးသားထဲမှာ
ပြေးဆော့နေတာ
မင်းရဲ့ပုံရိပ်တွေပါ။
*နှလုံးသွေးတစ်ချက်ခုန်လိုက်တိုင်းမှာ
ငါ့တစ်ကိုယ်လုံးမှာစီးမျောနေတာ
မင်းကိုချစ်တဲ့
ငါ့ရဲ့ဝိဥာဉ်တွေပါ ။
*ငါ့ရဲ့အချစ်တွေကို
မင်းလျစ်လျူရှုတဲ့အခါ
ငါ့မျက်ဝန်းမှာခိုတွဲလာတာ
ဝမ်းနည်းခြင်းရဲ့သက်သေ
နှလုံးသားရဲ့မျက်ရည်တစ်စက်ပါ။
*ငါဝန်ခံပါတယ်ချစ်သူ
မင်းကိုစွဲလမ်းလို့တမ်းတ
ငါ့ရဲ့အလွမ်းညတွေလဲ
ကြာရှည်ခဲ့ပါပြီ ။
*ငါ့ရဲ့ဘ၀ဟာမင်း
ငါ့ရဲ့ညဟာမင်း
ငါ့ရဲ့အရာအားလုံးဟာမင်း
မင်းအတွက်ရှင်သန်တဲ့ငါ
တစ်ကယ်တော့ငါဟာငါမဟုတ်ခဲ့ပါဘူး။
*အသိအမှတ်မပြုရင်တောင်
ကျောခိုင်းမသွားပါနဲ့
မယုံကြည်ရင်တောင်
လျစ်လျူရှုမထားပါနဲ့ချစ်သူ။
*မမြင်နိုင်ရင်တောင်
လှည့်ကြည့်ပေးပါ
မကြားနိုင်ရင်တောင်
နားစွင့်ပေးပါချစ်သူ ။
*အတိတ်တွေကိုစွန့်ခွါ
သာယာတဲ့အနာဂါတ်
ပျော်စရာအိမ်မက်တွေထဲက
တမ်းတခဲ့ငါ့ရဲ့ဧဒင်
ထာဝရှင်သန်နေစေဖို့
မင်းလေးရဲ့မေတ္တာ
အကြင်နာတွေဆောင်ကြဉ်း
ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ။
မောင်လေးကိုတိုးရေ...
ကဗျာလေးတစ်ပုဒ်လုံးကြိုက်သွားလို့ တစ်ပုဒ်လုံး
ကူးချလိုက်တာနော်.
မောင်လေးရဲ့ ဆန္ဒတွေပြည့်ဝနိုင်ပါစေလို့ အမ ဆုတောင်းပေးလိုက်ပါတယ်နော်။
ခင်မင်စွာနဲ့
မမ၀ါ
Post a Comment