ကျွန်တော်တက်နေတဲ့ကျောင်း

အခုရေးတာကတော့ ကျွန်တော်အခုတက်နေတဲ့ ကျောင်းအကြောင်းပါပဲခင်ဗျာ။ ကျွန်တော်တက်နေတဲ့ကျောင်းကို အင်္ဂလိပ်လို Kamphaeng Phet Rajabhat University(มหาวิทยาลัยราชภัฏกำแพงเพชร) လို့ခေါ်ပါတယ်။ ကျောင်းမှာတော့လေ 1. Faculty of Education 2. Faculty of Industrial Techology 3. Faculty of Science and Technology 4. Faculty of Humanities and Social Sciences 5. Faculty Science Administration ........ရယ်ဆိုပြီး ၅ ခုရှိတယ် တစ်ခုစီမှာတော့ မေဂျာတွေ အများကြီးရှိပါတယ်။ ကျွန်တော်အခုသင်နေတာက ထိုင်းဘာသာနဲ့သင်ကြားနေတာပါ အင်္ဂလိပ်စာနဲ့ သင်ကြားနေတာမဟုတ်ပါဘူး......... ကျွန်တော်သင်နေတဲ့ဌာနကတော့ Faculty of Science and Technology ပါပဲဗျာ။ ပျော်စရာလည်းကောင်းပါတယ် ထိုင်းလူမျိုးတွေနဲ့နေရတော့ ထိုင်းစာနဲ့ ထိုင်းစကားတော့ တတ်တာပေါ့နော်။ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု လူနေမှုတွေကိုလည်း လေ့လာလို့ရတာပေါ့။ အားလုံးကိုသိစေချင်တဲ့ စိတ်လေးနဲ့ ဝေမျှပေးလိုက်တာပါဗျာ အားလုံးသော ညီအကို မောင်နှစ်မများ ပျော်ရွှင် ကျန်းမာကျပါစေဗျာ.

ခွင့်မပန်ဘဲ မသွားပါနဲ့လားအချစ်ရယ်

ခွင့်မပန်ဘဲ မသွားပါနဲ့အချစ်ရယ်။ တစ်ညလုံး မင်းကိုစောင့်ကြည့်ခဲ့ရလို့ အခုတော့........ ကိုယ့်မျက်လုံးတွေဟာ အိပ်ချင်စိတ်နဲ့ လေးလံခဲ့ပေါ့။ မှေးမှိတ်အိပ်ပျော်သွားတဲ့အခိုက်မှာ မင်းကို လက်လွတ်ဆုံးရှုံးသွားမှာကို စိုးကြောက်မိပါရဲ့။ ခွင့်မပန်ဘဲ........ မသွားပါနဲ့.......အချစ်ရယ်။ မင်းကို ထိတွေ့ဆုပ်ကိုင်ထားမိဖို့ ကိုယ်လက်တွေနဲ့ ထထိုင်စမ်းသပ်ခဲ့မိပေါ့။ အဲ့ဒါတွေဟာ အိပ်မက်တစ်ခုပဲလား လို့ ကိုယ့်ဘာသာ ကိုယ်လည်း ပြန်မေးခဲ့မိပါရဲ့။ မင်းရဲ့ခြေအစုံကို ငါ့နှလုံးသားနဲ့ရစ်ပတ်ပြီး ရင်ထဲမှာ.........ခိုင်မြဲစွာ သိမ်းဆည်းထားပါရစေကွယ်။ ခွင့်မပန်ဘဲ........ မသွားပါနဲ့လား ............အချစ်ရယ်။

သူငယ်ချင်းတစ်ယောက်ရေးပေးလိုက်တာပါ

မြန်မာပြည်မာ H5N1 ဖြစ်တုန်းက ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။ ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ.................. ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း စိတ်မပျက်ခဲ့ပါဘူး ။ ။ တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ............. gtalk banned ခံရလို့ လည်း နောက်မဆုတ်ခဲ့ပါဘူး ။ ။ ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့  chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................ chatting အမျိုးမျိုးနဲ့  နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို ဘ၀တူဆိုတဲ့ခံစားချက်နဲ့  လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ....................... နင် online မှာရှိနေမယ်ဆို power တွေတက်ခါးတွေမျက်နေလည်း အငတ်ငတ်အပြတ်ပြတ်နဲ့  ဆက် chat နေပါ့မယ် ချစ်သူ..................... မ chat ရင် မနေနိုင်တာကလွဲလို့  မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို နင့်ရဲ့ဘ၀ထဲက ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ.............. chatting thesis နဲ့  Internet course မှာ solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................ နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့  နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့ ငါ့ရဲ့နှလုံးသားကို ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................ မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့ ငါ့ရဲ့နှလုံးသားကို အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ............... ငါဟာငါ register လုပ်ခဲ့ပြီး ငါဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ..................... ကျေးဇူးရှင် chat senior များရဲ့ သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့ နင့်ရဲ့နှလုံးသားကိုလည်း ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ.............. ချစ်သူ.............. တကယ်တော့.............. ငါဟာနင့်ရဲ့ဘ၀ထဲကို လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။

သူငယ်ချင်းတစ်ယောက်ရဲ့ Forward mail ကရတာလေးတင်ပေးတာပါ

(၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။ (၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။ (၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။ (၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု သနားသောလေသံဖြင့်ပြောပါ။ (၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။ (၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင် ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။ (၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။ (၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍ သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ ဆုတောင်းပါ။ (၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်…. တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။ (၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်.. တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

အချစ်မီးအိမ်

မင်းရဲ့ မီးအိမ်ကို မိုးကောင်ကင်မှာ ချိတ်ဆွဲလိုက်တော့ မီးအိမ်ရဲ့ အလင်းဟာ ကိုယ့်မျက်နှာပေါ်ကျလာပြီး အရိပ်က မင်းအပေါ် ထိုးကျခဲ့ပါတယ်။ အချစ်မီးအိမ်ကို ကိုယ့်နှလုံးသားမှာ ချိတ်ဆွဲလိုက်တော့ မေတ္တာရဲ့ အလင်းဟာ မင်းအပေါ် ထိုးကျပြီး ကိုယ်ကတော့ အမှောင်ရိပ်ထဲမှာ ရပ်လျက် ကျန်ရစ်ခဲ့ပေါ့။

ဒီနေ့ဖွင့်ပွဲကပုံလေးတွေပါ

အခုရိုက်လာတဲ့ပုံတွေအားလုံးက ဒီနေ့ကျောင်းမှာအားကစားဖွင့်ပွဲအခမ်းအနားမှာရိုက်လာတဲ့ပုံတွေပါ။ ပုံတွေက နည်းနည်းဝေးတယ်ဗျာ သိပ်တော့ကြည့်လို့မရှင်းဘူးနဲ့တူတယ်နော်။ အားကစားပွဲက ဒီနေ့မှာစတာပါဗျာ။ ပြောရအုံးမယ်ဗျာ စင်ပေါ်မှာရိုက်ထားတာကို ၁၉ ရက်နေ့ညကဗျာ အဲ့နေညက မအားလို့ဗျာမတင်ဖြစ်တာ ထိုင်းနိုင်ငံမှာ အခြောက်တွေ တော်တော်များတာပဲ အခြောက်ဆိုတာက မိန်းမလျှာကိုပြောတာနော် ယောကျာ်းကြီးတွေတန်မဲ့မိန်းမစိတ်ပေါက်နေတဲ့သူတွေ တော်တော်များတယ်ဗျာ။ တစ်ချို့ဆိုရင် ပြောရအုံးမယ်ဗျာ.... ကန်တော့နော် ပြောရရင်နည်းနည်းရိုင်းသွားမှာဆိုးလို့ အတင်းပြောတာမဟုတ်ဘူးဗျာ အင်္ဂါ အစိတ်အပိုင်းက အစအားလုံးကို မိန်းမလိုပြောင်းထားတာဗျာ။ ဒီမှာက ယောကျာ်းချင်းယူလို့ရတဲ့ဥပဒေထုတ်ထားတယ်ဗျာ ယူလို့လည်းရတယ်ဗျာ။ ကဲဘာမှာလည်းတင်စရာမရှိလို့ပုံလေးတွေပဲတင်ပေးလိုက်ရတာပါဗျာ။ အားလုံးသော ညီအစ်ကိုမောင်နှစ်မများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။

ကျောင်းက ဓာတ်ပုံလေးတွေပါ

ဒီပုံလေးတွေကတော့ ကျွန်တော်တို့ကျောင်းမှာအားကစားပြိုင်ပွဲရှိပါတယ်ခင်ဗျာ အဲ့အတွက်ပြင်ဆင်နေတာလေးတွေကိုရိုက်လာခဲ့တာပါ။ ကျောင်းမှာအားကစားပြိုင်ပွဲဆိုတာကတော့ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း တက္ကသိုလ် ၈ ခုကနေလာရောက်ပြိုင်တဲ့ပြိုင်ပွဲပါခင်ဗျာ။ နှစ်စဉ်ကျင်းပနေကျပါ ဒါပေမဲ့ တက္ကသိုလ်တစ်ခုကို အိမ်ရှင်အနေနဲ့တစ်နှစ်စီပြောင်းပြီးတော့ လုပ်ရပါတယ်။ ဒီနှစ်တော့ ကျွန်တော်တက်နေတဲ့ကျောင်းက အိမ်ရှင်အနေနဲ့ရှင်းပရပါတယ်။ အားကစားပွဲကတော့ ၂၀ရက်ကနေ ၂၄ ရက်နေ့အထိ ၅ ရက်ပဲကျင်းပသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက တက္ကသိုလ်တွေ တော်တော်များများလာရောက်ကျပါတယ်။ ဘာရယ်တော့မဟုတ်ဘူး ညနေက သွားကြည့်ရင်းနဲ့ ဓာတ်ပုံရိုင်ပြီးတော့တင်ပေလိုက်တာပါ။ တက္ကသိုလ်တွေကတော့ 1. Kamphaeng Phet Rajabhat University 2. Nakon Swam Rajabhat University 3. Chiang Mai Rajabhat University 4. Chiang Rai Rajabhat University 5. Uttraradit Rajabhat University 6. Lampang Rajabhat University 7. Pibulsongkram Rajabhat University 8. Phetchabun Rajabhat University အခုကျွန်တော်ရေးတဲ့တက္ကသိုလ်တွေပါပဲဗျာ။ ဖတ်လို့ရမယ်တော့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ထိုင်းလိုတွေဖြစ်နေလို့ပါနော်။ အားလုံးအဆင်ပြေပါစေဗျာ။

သူနှင့်အတူ

ဆောင်းဦးနံနက်ခင်းမှာ ကိုယ့်အိမ်တံခါးဝကို ဧည့်သည်ရောက်လို့လာခဲ့တယ်။ တေးဆိုပါလော့...............ကိုယ့်နှလုံးသား အရှင့်အား ကြိုဆိုပါကြောင်း တေးသီလော့..........။ နေခြည်နွေးသည့် အပြာရောင်တေးဖြစ်ပါစေ နှင်းဆွတ်လေ၏ အေးမြသောတေးဖြစ်ပါစေ ရိတ်သိမ်းပြီးစ လယ်ကွင်းများ၏ အလျှံပယ်ရွှေရောင်တေး ဖြစ်ပါစေ ကျယ်လောင်သောရေစီးသံ၏ ရယ်မော ပျော်ရွှင်သော တေးဖြစ်ပါစေ သို့မဟုတ်လျှင် သူ့မျက်နှာကို စိုက်ကြည့်ကာ သူ့ရှေ့တွင် တစ်ခဏမျှ ဆွံ့အစွာရပ်နေပါလော့။ ထိုနောက် သင့်အိမ်ကို စွန့်ခွာပြီး သူအရှင်နှင့်အတူ တိတ်ဆိတ်စွာ ထွက်ခွာသွားပါတော့။

သူငယ်ချင်း

သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်ဘဲ ကောက်တွေ့ခဲ့ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ လူချင်းလည်းမမြင်ဘူးပဲနဲ့ အင်တာနက်နဲ့ ဖုန်းနဲ့ဆက်သွယ်ပြီး သူငယ်ချင်းတွေလည်းရှိတယ်။ လူချင်းမြင်ဖူးပြီး အရမ်းကောင်းတဲ့သူငယ်ချင်းတွေဖြစ်ခဲ့တာလည်းရှိတယ်။ မတော်တဆတိုက်မိပြီး ခင်သွားတဲ့သူငယ်ချင်းတွေလည်းရှိတယ်။ ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ အတူနေခဲ့တဲ့သူငယ်ချင်းတွေက ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကိုရှာကြရင်း တကွဲတပြားစီဖြစ်ပြီး အဆက်အသွယ်က နည်းသထက်နည်းလာခဲ့တယ်။ သူငယ်ချင်းတွေမှာ အသက်အပိုင်းအခြားမရှိဘူး။ ကိုယ်နဲ့ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့သူလည်းရှိတယ်။ ကြီးတဲ့သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့အတွေ့အကြုံတွေယူတယ်။ ငယ်တဲ့သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွှယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ သူငယ်ချင်းတွေဟာ နွေ၊မိုး၊ဆောင်း ပြောင်းနေတဲ့ရာသီတွေနဲ့တူတယ်။ တချို့က ပူပြင်းတဲ့နွေနဲ့တူတယ်။ တချို့က နွေရဲ့အပူဒဏ်ကို လျော့ပေးတဲ့မိုးနဲ့တူတယ်။ တစ်ချို့က အေးမြတဲ့ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့ အလှအပတွေကို ခံစားရင်း ကိုယ့်ဘဝကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လိုစသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ဝမ်းနည်းစရာ၊ဝမ်းသာစရာတွေနဲ့ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကိုမြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။ ကွန်ပျူတာရဲ့ တစ်ဖက်မှာထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို သူတို့ကြည့်ပြီး ပျော်နေသလား................ ကိုယ့်စာကြောင့်စိတ်ပျက်ပျက်နဲ့ ငြီးငြူနေသလား............ ဘာတွေရေးနေလည်းဆိုပြီးမဲ့နေမလား................. သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်မပြောပြတတ်လို့ ဒီကနေတစ်ဆင့် ထောင့်တစ်နေရာမှရှိတဲ့ သူငယ်ချင်းတွေ ပျော်ရွင်နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့ တောင်းဆုပြုလိုက်ပါတယ်။............ အားလုံးသော သူငယ်ချင်းများ ညီအစ်ကိုမောင်နှစ်မများအားလုံးကျန်းမာပျော်ရွှင်စွာနေနိုင်ကျပါစေဗျာ။ ဘာကိုမှာရည်ရွှယ်ပြီးရေးခြင်းမဟုတ်ပါခင်ဗျာ တိုက်ဆိုင်မှုလေးများရှိရင် ခွင့်လွတ်ပေးကျပါခင်ဗျာ။

ပြန်လာခဲ့ပါချစ်သူ

ပြန်လာခဲ့ပါ ချစ်သူ မင်းအတွက် ရည်စူးထားတဲ့ တစ်နေရာ စာလေးအတွက်........ ပြန်လာခဲ့ပါ ချစ်သူ သိမ်းဆည်းထားခဲ့ရတဲ့ ငါ့အချစ်တွေ အတွက်...... ပြန်လာခဲ့ပါ ချစ်သူ အဆုံးသတ်ဖို့ ခက်တဲံ့ မျှော်လင့်ချက်တွေ အတွက်... ပြန်လာခဲ့ပါ ချစ်သူ ပိုင်ရှင်မဲ့သွားတဲ့ ငါ့နှလုံးသား အတွက်..... ပြန်လာခဲ့ပါ ချစ်သူ အလွမ်းဒဏ်တွေကို ခံနိုင်ရည်မရှိတော့တဲ့ အတွက်...... ပြန်လာခဲ့ပါ ချစ်သူ...............။