သပ်တင်လိုက်ရုံနဲ့
တစ်လောကလုံးကပန်းတွေ
ရှက်သွေးတွေ တဖျန်းဖျန်း ထကုန်ကြတယ်
အဲဒီည ငါ့ကောင်းကင်မှာ
လခြမ်းတွေ တစ်ဖြုတ်ဖြုတ်ကြွေကြခဲ့တယ်
မိတ်ဆွေတို့သိကြပါသလား
ကိုယ့်ချစ်သူရဲ့ရှက်ပြုံးတစ်ချက်မှာ
ကြယ်စင်တွေရှုပ်ယှက်ခတ်ကြွေကြ
လမင်းတောင်ငိုမဲ့မဲ့နဲ့ (အလှမပြိုင်ဝံ့လို့)
တိမ်ထဲကိုပြေးဝင်သွားခဲ့တယ်
တကယ့်ကိုတစ်ခဏလေးပါပဲ
တစ်ဘ၀လုံးနဲ့တောင်လဲနိုင်တယ်
သာယာငြိမ့်ငြောင်းတဲ့ကဗျာတစ်ပုဒ်ကို
ဆောင်းနေ့လယ်တစ်ခုမှာ ဖတ်လိုက်ရသလို
ရင်ခုန်သံတွေဖျတ်ဖျတ်လူးခဲ့တာ
ချစ်သူရေ
ဟော့ဒီကောင်ရဲ့ကမ္ဘာမှာ
မဉ္ဖူသက နတ်ပန်းတွေ
တလှိုင်လှိုင်ပွင့်ကုန်ပြီကွယ့်
သခွပ်ပန်းတွေကလည်း
အုံလိုက်ကျင်းလိုက်နဲ့
သိကြားနဲ့အသူရာ
စစ်ပြေငြိမ်းနေလေရဲ့ကွယ်
အဲဒီရှက်ပြုံးတစ်ချက်အ၀င့်မှာ
ကေသာကိုသပ်တင်လိုက်တဲ့ဟန်
ဟော့ဒီကောင်ရဲ့ရင်ခွင်မှာ
ထာဝရထွန်းလင်းစေခဲ့ပြီ
ထာဝရ စွဲငြိစေခဲ့ပြီ
ထာဝရ မြှပ်နှံထားလိုက်ပြီ
