လွဲချော်ခြင်းများ

လွဲချော်ခြင်း
အဖြူရောင်သန်းတဲ
့နှလုံးသားနံရံလေးတစ်ခုပေါ်မှာ
ရောင်စုံပန်းချီကားလေးတစ်ချပ်ဆွဲဖို့ 
စည်းချက်မညီတဲ့ ရင်ခုန်သံတွေနဲ
့နှစ်ယောက်အတူ မျှော်လင့်ခဲ့ဖူးတယ်..........။
မိန်းမသားဘ၀မို့ 
စတင်ရေးဆွဲဖို့ လည်း
ငါ့မာနက ခွင့်မပြုလေတော့
မင်းဆွဲလာမယ့်တစ်နေ့ ကို စောင့်စားရင်း
အစဉ်အလာဆိုတဲ့  စည်းဝိုင်းထဲမှာ
ရင်ခုန်စွာပဲ တံခါးစေ့ထားခဲ့ ရတာပါ...
အနြေရှင်ကြီးမင်းက
သိတ်ခါကို ရှေ့ တန်းတင်ပြီး
အဖြူရောင်ကို စွန်းထင်းမှာစိုးလို့ ဆိုတဲ့ 
အကြောင်းပြချက်နဲ့ 
ခံစားချက်တွေကို လစ်လျူရှု
ရင်ခုန်သံတွေကို ဥပေကာပြုခဲ့ တယ်လေ...။
အခုတော့
တစ်ယောက်သောသူနဲ့ 
ပန်းချီတစ်ချပ်ကို
မင်း ခံစားရေးဆွဲနေလေရဲ့ ...........။
သူငယ်ချင်းမိန်းခလေးရဲ့ကဗျာလေးကို တင်ပေးတာပါ၊ ကျွန်တော်ရေးတာတော့မဟုတ်ဘူး သူရေးပြီးပို့လိုက်တာပါ။

4 comments:

My Diary said...

ဖက်လိုက်တော့ လန့်သွားတာပဲ
ဘာလိုကြီးတုန်းဆိုပြီး .... ဟီး
သူငယ်ချင်းမလေးကိုပြောလိုက်ပါ
အဲလိုဖြစ်နေရမယ်လို့ (မာန)
ဟဲ ဟဲ

ဝှိုက်ဝှိုက် said...

တော်ပါသေးရဲ မိန်းမသားဘ၀ဆိုလို့
ဝှိုက်သူငယ်ချင်းလေး ဘီလိုဖြစ်သွားတာလဲလို့
:P

ကောင်းကင်ပြာ said...

အဲဒီ ပန်းချီကားထဲမှာ ကိုတိုးပါလား:P

Anonymous said...

မိုက်တယ်ဗျာ ဒါလေးလဲ ကိုတိုးသူငယ်ချင်းဆိုတော့ ကိုတိုးလိုပဲ အရေးအသားကောင်းတယ်ဗျ