ငါ့ရဲ့ဖြေဆေး

ချစ်သူတစ်ယောက်ရဲ့
ကျိန်စာကိုခံယူဖို့
ငါ့မှာစွမ်းအားတွေမရှိခဲ့ဘူး
မင်းရဲ့လှလှပပလှည့်စားမှုအောက်မှာ
သေသေသပ်သပ်လည်စင်းပေးခဲ့ရတယ်
ဒါတွေဟာ
ဘ၀တစ်ခုလုံးကျိုးကြေသွားမှာပဲ
ဖွင့်ကြည့်ဖို့သတိရခဲ့တဲ့
ဘ၀ရဲ့စာမျက်နှာတွေလိုပဲပေါ့
ဒါပေမဲ့
မှားမှန်းသိရက်နဲ့
ဆက်မှားဖို့ကြိုးစားခဲ့တာ
မိုက်ရူးရဲဆန်တယ်လို့ပြောကြမှာလား
ငါ့အတွက်တော့
နာကျင်ခဲ့ရဲတဲ့ နှလုံးသားအတွက်
ဖြေဆေးတွေပါပဲ....။

9 comments:

ဝှိုက်ဝှိုက် said...

ဖြေဆေးတွေဘာတွေနဲ့ကုနေရပြီပေါ့ ဟုတ်လား
မမှားဘူး ဆက်သာလုပ် :P

မြတ်သွယ် said...

တစ်ခါတစ်လေမှာ ဆက်မှားဖို့မကြိုးစားပေမယ့်လည်း ဆက်မှားတာကိုရော မိုက်ပြီးရူးတယ်လို့ ခေါ်မလား ... :)
ဘာမှဟုတ်ဘူး လျှောက်ပြောကြည့်တာ :P
ဖြေဆေးချိတော့ကောင်းတာပေါ့နော် :)
ကဗျာကို အားပေးတွားပါတယ် :)

ခေါင်ခေါင် said...

ဖြေဆေး ရှိတယ် ဆိုတော့ သိပ်စိတ်မပူတော့ပါဘူး...

ကောင်းကင်ပြာ said...

ကိုတိုးအတွက် နာကျင်ရဲခဲ့တဲ့ နှလုံးသားအတွက် ဖြေဆေးရှိလို့ တော်သေးရဲ့

Anonymous said...

ဖြေဆေးရှိရင်လည်း မျှဝေပေးပါဦး အကိုရေ..ဒီမှာ ဖြေမရှိလို့ခက်နေတယ်ဗျာ :P
အဆင်ပြေပျော်ရွှင်ပါစေဗျာ

အရုပ်ကလေး said...

ဖြေဆေးရှိလို့ အမှန်သာပျောက်ရင်
ရင်ဝယ်အသည်း ဖြူစင်နွှဲလို့
တစ်ခါပြန်လည်း ပျော်စံမြဲပါစေ ...။

Anonymous said...

ဖြေဆေး= ဘီယာ

စမ်းကြည့် ကိုတိုး :)

Anonymous said...

စာဖတ်ရင်း သနားတောင် သနားလာပြီ။ဒီစာ
ဖတ်မိတဲ့ ကိုတိုးကောင်မလေးလဲ ခံစားနာလည်
လောက်မှာပါဗျာ။ အဲဒါမှ နးမလည်ရင် ပါးသာပိတ်ရိုက်ပစ်ဗျာ ဟိဟိ

သက်တန့် said...

အချိန်ဟာ ဖြေဆေးတစ်မျိုးပါပဲ... :)