"မနှစ်ရဲ့ နောက်ဆုံးညက ကျနော် ဘာတွေလုပ်”

မနှစ်ကနောက်ဆုံးညမှာ ဘာတွေလုပ်ကြသလည်းဆိုရင်တော့ ဆိုတာကို တစ်နိုင်ငံတည်းနေတဲ့ သူငယ်ချင်း မောင်မျိုး ကတဂ်ထားတဲ့အတွက်လေ နှစ်သစ်မှာအကြွေးစပြီးတင်နေမှာဆိုးလို့အခုလေးတင်ပဲရေးလိုက်တာပါနော်။ စဉ်းစားကြည့်ရင်လေ ပူပူနွေးနွေးလေး တဂ်ထားတော့လည်း ရေးလိုက်ပါတယ်နော်။ နှစ်ဟောင်းလည်းကုန်ပြီလေ နှစ်သစ်ရောက်လာပြီလေ။ နှစ်သစ်ရောက်လာတော့လည်း မနှစ်က ဘာတွေလုပ်ခဲ့သိလည်းဆိုရင် ဘာမှာကိုကောင်းကောင်းမွန်မွန်တစ်ခုမှာမလုပ်ခဲ့ဘူးနော်။သေချာတာတစ်ခုကတော့ အသက်တစ်နှစ်ကြီးသွားပြီနော်။ ဘာမှာမသေချာတဲ့လမ်းကိုလျောက်နေတာလေ ဘဝအတွက်သေချာတဲ့အာမခံချက်တွေမရှိပဲနဲ့နှစ်တစ်နှစ်ကတော့ကုန်ဆုံးသွားပြန်ပြီပေါ့နော်။ နှစ်တစ်နှစ်ကုန်ဆုံးသွားတော့တယ်။



ကဲပြောနေရတာလေကြောရှည်တယ်နော်။ မနှစ်က နောင်ဆုံးညမှာ ဘာတွေလုပ်ခဲ့လည်းဆိုရင်။ အစောဆုံးပေါ့နော် အင်တာနက်သုံးတယ် ကျွန်တော်တို့ဆီက ၁၀ နာရီလောက်ဆိုရင် အစ်မဝါဝါခိုင်မင်း ဘလော့မှာ ဆလိုက်ရှိုးလေးနဲ့ ဘလောဂါ ကိုကို ၊မမတွေရဲ့ပုံလေးတွေကြည့်မယ်ဆိုပြီးတော့ စောင့်နေလိုက်တာပါပဲဗျာ။ ကဲစလိုက်ရှိုးစတော့ မင်းသမီးချောချောလေးတွေက ထိပ်ဆုံးက ထွက်လာပါတယ်။ နောက်မှာပဲ မင်းသားချောလေးတွေ ရောပဲနော်။ အစ်မဝါရဲ့ အစီအစဉ် အရမ်းကိုကောင်းပါတယ် ဘလောဂါသူတွေအများကြီးကိုမြင်လိုက်ရလို့လေ အားလုံးပဲအလှကိုယ်စီနဲ့ပေါ့ရော။ ကျွန်တော်တစ်ယောက်ကလွဲလို့အားလုံးပဲ လှကျ ချောကျပါတယ်နော်။ အဲ့မှာလေ မောင်မျိုးကပြောတယ်သိလား ဘလောဂါ king မပေးလို့ရှင်ရင် သားသားကငိုမယ်တဲ့ဆိုလို့လေ။ သူ့ကိုသွားပြီးအမှတ်ပေးရသေးတယ်ဗျ။ ဟီးးးးးးးးးးး။ အစ်မဝါရဲ့ အစီစဉ်လေးပြီးသွားပြန်တော့ ညခင်းနဲ့လမင်း ရဲ့အစီအစဉ်းလေးကိုလည်းရောက်ရော  ဘလောဂါမမတွေက အရမ်းကိုလှလို့ ဘလောဂါကိုကိုတွေကျတော့ ရုပ်တွေကဆိုးလိုက်တာနော် အဲ့ထဲမှာ ကျွန်တော်အဆိုးဆုံးပဲ။ဟီးးးးးးးးး ဟီးး စတာနော်။ ပျော်ရွှင်စရာလေးတွေလုပ်ပေးတဲ့အတွက်ကျေးဇူးပါပဲနော်။ ကျွန်တော့်ဆီက ၁၂ ထိုးတဲ့အချိန်မှာတော့ ပိုစ့်တစ်ပိုဒ်တင်တယ်ပြီးတော့။ မောင်မျိုးနဲ့ဖုန်းပြောတယ် သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး Happy New Year အကြောင်းလေးပြောတယ်ပြီးတော့ ဒီမှာအဆောင်ရဲ့လေးထပ်ပေါ်တက်ပြီးတော့ မီးပန်းတွေလွတ်တာကိုကြည့်လိုက်တယ်လေ။ တော်သေးတာပေါ့ အိပ်ချင်မူးတူးနဲ့ပြုတ်မကျလို့ကံကောင်းရဲ့။ အဲ့နောက်ပြီးတော့ ဘလော့မှာ Happy New Year ဆိုပြီးလိုက်ရေး သူငယ်ချင်းတွေဆီကိုမေးလ်ပို့နဲ့ပဲ ပြီးတော့အိပ်လိုက်တော့တာပါပဲ။
အမရွှေပြည်သူက နှစ်သစ်အတွက်ကဗျာလေးတစ်ပိုဒ်စပ်ပေးလိုက်တယ်။ အခုတင်လိုက်မယ်နော် ကျေးဇူးပါပဲအစ်မရေ။

နှစ်သစ်
အကောင်းတွေပဲ
ကြိုနေမယ်လို့ ယုံတယ်
အဟောင်းတွေထဲက
လိုတာတွေပဲ သယ်လာတော့မယ်


နှစ်သစ်ရယ်...
အကောင်းဆုံးတွေကိုသာ
ချပ်ဝပ်တန်ဆာလို ပြင်ဆင်ရင်း
လက်ကမ်းလိုက်တဲ့အခါ
ကိုယ့်ကို
ကံကောင်းခြင်းတွေနဲ့သာ
ကြိုလှည့်ပါတော့ကွယ်....


ရွှေပြည်သူ
(၇း၀၀ နာရီ ~ ၁.၁.၂၀၀၉)

နှစ်သစ်မှာ Blogger ညီအကိုမောင်နှစ်မများအားလုံး ပျော်ရွှုင်ကျပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။ ကျွန်တော်က ဆက်ပြီးတော့တဂ်ချင်တာကတော့


ညခင်းနဲ့လမင်း
ကိုဝင်းဇော်
အစ်မDream
အစ်မသက်တန့်
ဝှိုက်
ညီနေမင်း


အချိန်ရရင်ရေးပေးစေချင်ပါတယ်နော်။ တဂ်ထားတာလေးကိုနော်။ ပျော်ရွှင်အဆင်ပြေကျပါစေဗျာ။

7 comments:

Welcome said...

၂၀၀၈ ရဲ့ နောက်ဆုံးညလေး လာဖတ်ပါတယ်။

http://winzaw-mdy.blogspot.com

Anonymous said...

ကိုတိုးရေ့ ချက်ချင်းရေးပေးတာ ကျေးဇူးဗျ ဘလော့ဂါ မမတွေ တကယ်ကြီးကို လှကြတာနော့်း) မီးပန်းလွှတ်တယ်လား အဲ့မှာလည်း ဒီမှာတော့ သေချာတောင်မမြင်ရပါဘူးးးး

နေ့အိပ်မက် said...

အေးအေးလေးပဲ နှစ်ကူးခဲ့တာပေါ့နော်။ တစ်နှစ်လုံးလည်း အဲလိုပဲ အေးအေးဆေးဆေးလေးနဲ့ စိတ်ချမ်းမြေ့ပါစေနော်။ ဒါနဲ့... စိတ်တော့မဆိုးနဲ့နော်...။ သတ်ပုံတွေမှားနေတယ် တိရား...။ အပေါ်ဆုံးက marqueeစာတန်းမှာရောပဲ။ စိတ်မဆိုးနဲ့နော်။ နေ့အိပ်မက်က သတ်ပုံမှားနေတာမြင်ရင် တစ်မျိုးပဲ၊ မနေနိုင်လို့။ ဆရာလုပ်တာဟုတ်ဝူးနော်။ ပြောပြတာ.. ခင်လို့မင်လို့... :)

သက်တန့် said...

မောင်လေး ကိုတိုးရေ...
ပျော်စရာကောင်းတဲ့ နှစ်သစ်ကူးညလေးပါပဲ...
နှစ်သစ်မှာ ပျော်ရွှင်ပါစေ...

အမ ရေးပေးမယ်နော်...
ခုတလော အရှုပ်တွေလုပ်နေလို့...
နည်းနည်းတော့ ကြာမယ်...
ဖြစ်တယ်ဟုတ်... :)

WWKM said...

HAPPY NEW YEAR.
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Anonymous said...

ဟတ်ပီးနယူးရီးယားပါဗျာ အခုတော့ နှစ်ဟောင်း အမှတ်တရတွေဖြစ်ကုန်ပြီပေါ့ဗျာ
ကျနော်လဲ အတက်ခံထားရတယ်ဗျ

အလင်းစေတမန် said...

စာတွေလာဖတ်တယ် ကဗျာလေးရောပေါ့။