ကိုယ်ပြန်ခေါ်နေတယ်လေ

နံနက်မိုးသောက်မှာ
ကိုယ့်အိမ်တံခါးပေါက်ကို
မင်းရောက်လာပြီး သီချင်းဆိုခဲ့တယ်။
ဒီ(အပြုအမှု)ဟာ
အိပ်စက်ခြင်းမှ အနှိုးခံရလို့
ကိုယ့်ကို ဒေါ်သဖြစ်စေတယ်။
မင်းကတော့.............
အမှတ်မထားဘဲ
ပြန်ထွက်သွားခဲ့ပေါ့။
မိုးသောက်ချိန်မှာ
မင်းရောက်လာပြန်တယ်။
ရေတောင်း(သောက်)ခဲ့တယ်။
ကိုယ့်အလုပ်ကို အနှောက်အယှက်ဖြစ်စေလို့
မင်းကို ကြိမ်းမောင်းပြစ်တင်ပြီး
နှင်လွတ်ခဲ့မိတယ်။
ညဦးပိုင်းမှာတော့
မီးတောက်နေတဲ့ မီးတိုင်(ငယ်)နဲ့အတူ
မင်းရောက်လို့လာပြန်တယ်။
မင်းဟာ............
ကြောက်လန့်စရာတစ်ခုလို
ကိုယ့်ကို ထင်မြင်စေတဲ့အတွက်
ကိုယ့်တံခါးကို ပိတ်လိုက်တယ်။
အခု.....ညသန်းခေါင်မှာ
မီးအိမ်မရှိတဲ့ အခန်းထဲ
ကိုယ်တစ်ယောက်တည်း ထိုင်ပြီး
စော်ကားရိုင်းပျစွာ
နှင်လွတ်လိုက်မိတဲ့ မင်းကို
ကိုယ်ပြန်ပြီး ခေါ်နေမိတယ်လေ။

13 comments:

မြတ်သွယ် said...

ကဗျာရေးထားပုံလေးက တစ်မျိုးလေးပဲ
ပြန်ခေါ်နေမိတယ်ဆိုတော့ ...
ဟဲဟဲ
တို့အကိုကြီးသေချာနေပြီး)
အားပေးပါ၏

ကောင်းကင်ပြာ said...

စော်ကားရိုင်းပြတယ်လို့ သူမကမထင်တဲ့ အတွက် ပြန်လာမှာပါ ကိုတိုးရေ၊ပြန်လာပါစေနော်

Anonymous said...

ရောက်လာရင်လည်း ပြောဦးနော်..ကဗျာတွေက တကယ် ခံစားလို့ကောင်းတယ် အားပေးလျက်ပါဗျာ
အဆင်ပြေပါစေ

Anonymous said...

ကိုတိုးရေ့ ခေါ်သံတွေကို သူမကြားနိုင်ပါစေ ဘယ်လိုပြန်ထူးလည်းဆိုတာလည်းပြောပြအုံးနော့်း)

My Diary said...

နှင်ထုတ်တုန်းကလည်း သူပဲ
ခုမှ လာခေါ်မနေနဲ့
သူမက စိတ်ဆိုးသွားပီတဲ့
ပြောခိုင်းလိုက်လို့လာပြောတာ

http://mydiary.isgreat.org

ဝှိုက်ဝှိုက် said...

အမျိုးမျိုးပဲ သွားလူဆိုး :P ဟိဟိ

ပန်းခရေ said...

ကိုယ်ပြန်ခေါ်လည်း လာတော့ဘူးတဲ့
အမျိုးမျိုးပဲမလို့တဲ့
ဟိဟိ
ငါ့တူလေးက ငါလောက်နီးနီးကိုတော်လာပီ
ဟိဟိ

သက်တန့် said...

~~~ ငါခေါ်နေတာ မကြားဘူးလား ~~~ မကြားဘူးလား ~~~
~~~ ငါခေါ်နေတာ မကြားဘူးလား ~~~ နားကန်းနေလားကွာ ~~~
ဘာရယ် မဟုတ်ပါဘူး...
သီချင်းတစ်ပုဒ် သတိရလို့ ဆိုကြည့်တာပါ... :)

အောင်မြေ said...

ကဗျာကြိုက်သူမို့
ကဗျာကိုဖတ်သွားပါတယ်
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

တုတ်ကြီး said...

နောင်တရနေတာလား..
ကောင်မလေးကတော့သနားပါတယ်ဗျာ..
ဒီဘက်အိမ်ကိုလွတ်လိုက်ပါ..
ကျွန်တော်ပြန်ချော့ပေးမယ်နော်...

ဖူးဖူး said...

ခေါ်လိုက်
မခေါ်လိုက်နဲ့
ဖတ်ရတာ မျက်စိလည်သွားပြီ
လာတဲ့သူတော့မသိ။

မီးမီးငယ် said...

ညသန်းခေါင်မှာ မီးမရှိတဲ့ အခန်းထဲမှာ ဘာထိုင်လုပ်နေတာလဲဟေ့

မီးပျက်နေလို့ လား

လာလည်တယ်နော်
စိတ်မကောက်နဲ့ 
း)

Anonymous said...

ဘာအခုမှ ပြန်ခေါ်ချင်ရတာလဲ ရှင်တို့ ယောကျာင်္းတွေကလေ ပြောကို မပြောချင်ဘူး
အိပ်ချိန်ကျမှ မိန်းမကို သတိရတယ်ပေါ့ ဟုတ်လား အသေသာခံလိုက်မယ် ပြန်မလာဘူး
ညအိပ်ချိန်။ ဟီးဟီးဟီး
နောက်တာနော ကိုတိုး အကို့ စာလေးဖတ်ပြီး
အဲလိုမျိုးလေး သွားတွေးမိလို့ တွေးမိတာလေး
ရေးလိုက်တာပါဗျာ။ စိတ်ဆိုးရဘူး။