လေးညှို့ရှင်

တဒင်္ဂလေးအတွင်းမှာ ဆုံဆည်းခဲ့ပေမယ့် လျှပ်စီးထက်မြန်တဲ့ချစ်ခြင်းမျိုးနဲ့ အချစ်စစ်တစ်ခု တည်ဆောက်ဖို့ငါကြိုးစားခဲ့တာ အမုန်းရဲ့ဓါးသွားနဲ့တော့ ငါ့နှလုံးသားရဲ့ နံရံတွေပေါ်မှာ ဒဏ်ရာတွေကို ရေးခြစ်မနေပါနဲ့တော့ မင်းရဲချစ်ခြင်းတွေကိုပဲ ဆာလောင်မွတ်သိပ်စွာတောင့်တနေတဲ့ ငါ့နှလုံးတစ်စုံလုံးကိုပဲ ၀ါးမြိုသွားလိုက်ပါ ခံစားချက်တွေကြေမွနေတဲ့ အိပ်ပျက်ညရဲ့ မျက်ရည်မြစ်ထဲမှာ ငါ့မျှော်လင့်ခြင်းတွေ ကျဆုံးသွားခဲ့တာ အောင်နိုင်သူတစ်ယောက်ရဲ့လေးညှို့နဲ့ ရင်ခွင်တစ်ခုလုံးတုန်ဟီးသွားအောင် ပစ်ခွင်းမဲ့မြှားချက်တွေက သေဆုံးပြီးသား နှလုံးသားတစ်ခုလုံးကို နှစ်ခါပြန်သေစေဆိုတဲ့အမိန့် ပြန်ဆုံခွင့်မရှိတော့တဲ့ ကမ္ဘာတစ်ခုဆီကို ပစ်လွှတ်ခဲ့တာလား လေးညှို့ရှင်ရယ်... 11/1/2009

7 comments:

မီးမီးငယ် said...

ခံစားချက်ကပြင်းထန်လှချည်လား
း)

flowerworld said...

စာသားလေးတွေမိုက်တယ်ဗျာ
ဆက်လက်အားပေးနေပါတယ်

မြတ်သွယ် said...

စာသားလေးတွေက လှတယ်နော်
လေးနက်တဲ့ ခံစားချက်လေးတွေကိုဖတ်ရှုပြီး
ကဗျာကို အားပေးခံစားသွားပါတယ်

ဝှိုက်ဝှိုက် said...

မလောနဲ့လေ မြှားနတ်မယ်ရှိတယ် နှစ်ခါပြန်မသေဘူး စိတ်ချ :P

ရွှေပြည်သူ (ShwePyiThu) said...

ပစ်ရက်တဲ့သူရှိရင်တောင် ကိုယ့်နှလုံးသားကိုတော့ ကာကွယ်ဖို့ မမေ့ပါနဲ့မောင်လေးရေ... စိတ်ချမ်းသာပျော်ရွှင်ပါစေ...

Anonymous said...

ရိုက်ချက်တွေ ပြင်းထန်တယ်ဗျာ စာသားတွေ
လန်းပါ့ဗျာ ကောင်း၏

ခေါင်ခေါင် said...

လေးညှို့ ရှင်ရယ်... မျှားချက်က ပြင်းပါဘိ...