လွမ်းချင်း

ရင်ဝယ်လွမ်းချင်း သီဆိုကြွေးရင်း အလွမ်းသံစဉ် ကြေကွဲရင်မှာ ကာရန်မလှ နေညိုညိုည ....။ ရွက်ကြွေတောလမ်း ခရီးကြမ်းမှာ အဖော်မရှိ တစ်ကိုယ်တည်းထီး ငါ့ကိုညာသွား သင်ချစ်သူအား အပြစ်မဆို နှစ်လိုစွာဖြင့် ချစ်ခင်ဆဲပါ...။ နင်ဖန်ဆင်းခဲ့ အဆိပ်တွေနဲ့ ကြွေကွဲငါ့ရင် ပူလောင်လွန်းလည်း ယုယပိုက်ထွေး အလွမ်းမြေမှာ ငါ့အသက်သေဆုံး ဒီဘ၀လုံးကို သိမ်းကြုံးယူသွားပါ့မယ်အရှင်...။

7 comments:

ကောင်းကင်ပြာ said...

အလွမ်းသံစဉ်လေးကို လွမ်းပီးဖတ်သွားတယ်နော်....

thihanyein said...

ကိုတိုးလေးတို့လည်း အလွမ်းတွေကများသကိုးဗျ
လွမ်းတော့လွမ်းဗျို့ ပါမသွားစေနဲ့
ကဗျာလေးက အထီးကျန်လိုက်တာ
ကောင်းတယ်ဗျို့ အဆင်ပြေပါစေခင်ဗျာ

သီဟညိမ်း

Anonymous said...

အဲဒီလောက်တောင်ပဲလားဗျာ နည်းနည်းတော့
လျော့ပါဦး ဟီး နောက်တာနော
ခံစားဖတ်ရှုသွားပါတယ်ဗျ

Anonymous said...

မောင်ငယ်လေးရေ
ကဗျာလေးကောင်းတယ်
ရင်တွင်းဖြစ်ပေါ့နော့်...
ကောင်းတယ်ကောင်းတယ်
အားပေးတယ် ဆက်ရေး

အစ်မညခင်း

poemflower said...

ကိုတိုးလေး ဘာတွေလွမ်းနေလည်း စတာနော်
ပျော်ရွင်ပါစေ

အရုပ်ကလေး said...

အပြစ်မဆို နှစ်လိုစွာဖြင့် ချစ်ခင်ဆဲပါ ဆိုတဲ့
စာကြောင်းလေးကို အကြိုက်ဆုံးပဲ..
တစ်ပုဒ်လုံးလည်း ကောင်းတယ်
ဆက်လက်ရေးဖွဲ့နိုင်ပါစေ

Anonymous said...

အလွမ်းချင်းကဗျာလေးကို ခံစားသွားပါတယ် အလွမ်းဓါတ်ခံရှိနေတော့ ပိုလွမ်းသွားတယ် :)
အဆင်ပြေပါစေဗျာ