အချစ်...............

ရင်ခုန်ခြင်းကို ရည်းစားထားမိတဲ့ငါ ချစ်ခြင်းကိုဘာသာမပြန်တတ်တဲ့ငါ အထင်နဲ့အမြင်ပေါင်း ခံစားချက်မရှိ လှတယ်ဆိုတိုင်း ချစ်လိုက်မိတဲ့ငါ ရင်ဘတ်တွေကွဲအက် နှလုံသားတွေစုတ်ပြတ်ပေမဲ့ မင်းရှေ့မှာ ကျဆုံးမိတဲ့ငါ့နှလုံးသား သနားခြင်းဖြင့် တစ်ချက်လောက် လှည့်ကြည့်ပေးပါလားနော် နင်းချင်တယ်ဆိုရင်နင်းသွားပါ နမ်းချင်တယ်ဆိုရင်နမ်းသွားပါ ထားချင်တယ်ဆိုရင်ထားသွားပါ နှလုံးသွေးတွေမြေမြှုပ်ပေးမယ့် ကိုမြေကြီးကိုတော့ အားနာမိပါရဲ့ ဘဝကိုစတေး အသက်ကိုပေးပြီးတော့ချစ်ခြင်းကိုရှာဖွေ သေတဲ့နေ့တော့တွေ့မှာပါတဲ့ ချစ်ခြင်းရဲ့ခြေရင်း ငါဝတ်ဆင်းလို့ ရုန်းထွက်ရန်ခက် ငါ့အတွက်တော့ ရင်ခုန်းခြင်းတွေ ရပ်တန့်ပါစေတော့။ ငါရေးတဲ့ကဗျာ မြားတစ်စင်းဖြစ်ရင် ချစ်ခြင်းတွေကိုပြစ်ခွင်းပြီး လွတ်မြောက်သွားချင်တယ်။ အနက်ရှိုင်းဆုံးညရဲ့ သန်းခေါင်ယံအချိန်မှာ ချစ်ခြင်းကိုအလေးမထား ငါ့ကိုအသေသတ်သွားတဲ့မင်းကို နောက်ဘဝများထိအောင် ခွင့်လွတ်နေအုံးမှာပါ။

8 comments:

poemflower said...

ကိုတိုးလေး အချစ်က တယ်ဆိုတဲ့စာပါလား စတာနော် ကိုတိုးလေး
ပျော်ရွင်ပါစေ

Dream said...

ဟတ်ဟတ်.။... ဒါဆို တရားခံ သွားဖမ်းလိုက်မယ် .. ဦးဦး... ဒီလိုလူသတ်ပြီး ထွက်ပြေးတဲ့သူကို မမိမိအောင်ဖမ်းပြီး သက်ဆိုင်ရာလက်ကို အပ်ပေးမယ်... ဟတ်ဟတ်..... :P

Anonymous said...

တယ်ဆိုတဲ့ စာပါလားဗျ။ ရေရေလည်လည်လန်းတယ်ဗျာ

Anonymous said...

အချစ်တွေ အပြင်းစားပါလား။။။
စတာနော် စိတ်မဆိုးနဲ့။
ခွင့်လွတ်နေအုံးမှာပါ ဆိုကတည်းက သဘောကောင်းတယ် ဆိုတာသိပြီးသား....ဟဟဟ
အိမ်သစ်လေးလှ၏။ ပြန်ပြီ

ညခင်း

မသက်ဇင် said...

ကိုတိုးလေးရေ----
ဘလောဂ့်အသစ်လေးပါလား--
လှတယ်--
ရေးထားတာတွေကလည်း--
ခံစားချက်တွေပါလား--
ကောင်းပါတယ်---
ဆက်ရေးပါ---

thihanyein said...

ကိုတိုးရေ ကောင်းသဗျိုး

ကောင်းကင်ပြာ said...

ချစ်ခြင်းတွေကိုပစ်ခွင်းပြီးလွတ်မြောက်ပါစေ ကိုတိုး

မီးမီးငယ် said...

ချစ်ပုံများနောင်ဘ၀ထိတောင်ဆက်ချစ်ဦးမယ်ဆိုပါလားဟေ့

ကဗျာလေးကိုဝင်ရောက်ခံစားပေးသွားတယ်
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေရှင်
း)