ကျွန်တော်သွားလည်ခဲ့တဲ့နေရာလေးတွေပါ

ဒါကတော့ကျွန်တော်သွားတဲ့တဲ့နေရာလေးပါ။ ငါးတွေနဲ့ပြည့်နေတဲ့ရေအောက်ကမ္ဘာလေးပါ။







မင်းနှလုံးသားကိုပေးမယ်ဆိုရင်

မင်းနှလုံးသားကို ကိုယ့်ကိုပေးမယ်ဆိုရင်တော့
မင်းရဲ့နေ့ရက် (အချိန်) တွေဟာ
စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေတော့မှာပေါ့။
လမ်းဆုံလမ်းခွမှာရှိတဲ့ ကိုယ်ရဲ့အိမ်ဟာလည်း
တခါးတွေပွင့်နေပြီး
ကိုယ့်ရဲ့စိတ်တွေက (အဲဒီမှာ) မရှိ။
ဘာကြောင့်လည်းဆိုတော့
ကိုယ်သီချင်းတွေဆိုနေလို့ပေါ့။
မင်းနှလုံးသားကို ကိုယ့်ကိုပေးမယ်ဆိုရင်တောင်
ကိုယ်ကတော့ ဘယ်သောအခါမှ
အဖြေပြန်ပေးမှာ မဟုတ်ပါဘူး။
အခု..........ကိုယ် (နှလုံးသားထဲက) စာသားတွေကို
သံစဉ်လေးတွေအဖြစ် ဂတိသစ္စာဆိုပြီး
ဒါကို ထိန်သိမ်းဖို့ အလေးအနက်ထားခဲ့မယ်ဆိုရင်
တေးသံတိတ်ဆိတ်သွားတဲ့အခါမှာ
ကိုယ့်ကို ခွင့်လွတ်ရမယ်နော်။
ဘာကြောင့်လည်းဆိုတော့............
မေလမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဆိုတာ
ဒီဇင်ဘာမှာ ကျိုးပေါက်သွားတတ်စမြဲမို့ပါ။

သူငယ်ချင်းမလေးတစ်ယောက်ရဲ့တစ်ကယ့်ခံစားချက်လေးပါ

"ကောင်းဖို့ဖြစ်လာတာပါ" သိလို့တတ်လို့တော့မဟုတ်ပါဘူး ဒီစကားလေးကဖြေသိမ့်လို့ကောင်းတဲ့စာသားလေးပါ အရှည်တော့မပြော တတ်လို့ တိုတိုလေးပြောမယ်နော် ဘာတွေပဲဖြစ်ဖြစ် ဘယ်လောက်ပဲစိတ်ညစ်ညစ် အခက်အခဲတွေရှိလာပါစေ ဒီစကားလေးကိုပြောကြည့်ပါနော်။ ကောင်းဖို့ဖြစ်လာတာပါ လို့စိတ်ညစ်စရာတွေ လုံးဝပျောက်မသွားရင် တောင် အပူအပင်တွေ တစ်ဝက်လောက်တော့လျှော့သွားလိမ့်မယ်။ သူမကတော့ ဒီစာသားလေးကို နှစ်သက်မိ တယ် သူ့ကြောင့်ဖြေသိမ့်လို့ရခဲ့ပါတယ်။ သူမကို သူမရဲ့ချစ်သူက ထားခဲ့တာလေ။ ဒါကဖြစ်ရိုးဖြစ်စဉ်လေးပါ သူ မ ချစ်လို့ မနှစ်သက်တော့လို့ ထားသွားတာလေ ဒါကိုသိပေမဲ့ မဖြေနိုင်ခဲ့ဘူး ဘယ်လိုမှာမယုံနိုင်ခဲ့ဘူး တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်ဆီက ဒီစကားလေးကို ကြားလိုက်ပြီးနောက်ပိုင်းကတည်းက သူမဒီစာသားလေးကို အမြဲရွတ်နေမိပါတယ် စိတ်နဲ့လူနဲ့မကပ်တဲ့ သူမနေလို့ထိုင်လို့ရလာတယ် နားလည်လာတယ် သူထားသွားတာက သူ့အတွက်လဲကောင်းပါတယ် သူမအတွက်လည်းဒီထက်ပိုကောင်းဖို့ ဖြစ်လာတာပါလို့ဖြေသိမ့်ခဲ့ပါယ် သူ့အပေါ်အမှန်းဆိုတာလည်းမရှိတေ့ဘူး နေထိုင်ပြောဆိုဆက်ဆံရတာလည်း ကောင်းလာပါတယ် ခုဆိုရင် အရင်ထက်ပိုပြီးဖြေသိမ့်တက်နေပြီလေ ဒီစကားလေးကကောင်းလို့ အကြံပေးတာပါ စိတ်ဝင်စားရင်တော့ ရွတ်ကြည့်လိုက်ပါလားနော်။ "ကောင်းဖို့ဖြစ်လာတာပါ" အခုကျွန်တော်ပြောတဲ့သူငယ်ချင်းကလည်း သူငယ်ချင်းအရင်းတစ်ယောက်ပါပဲ။ ဒီစာသားတွေကို သူကိုယ်တိုင်းရေးပြီးတော့ ကျွန်တော်ကိုပေးတာပါ။ သူကအချစ်ကိုအရမ်းယုံကြည်ခဲ့တဲ့လူတစ်ယောက်လေ ဖြစ်ခါစ သူ့ရည်းစားက သူ့ကိုဖြတ်သွားတဲ့နေ့ကဆိုရင် နေလို့ထိုင်လို့မရဖြစ်နေတာ အရင်ကဆိုရင် ချစ်သူအတွက်နဲ့ သူငယ်ချင်းတွေနဲ့ရန်ဖြစ်ရတယ်။ အားလုံးက သူ့ကိုဝိုင်းပယ်ထားကျတယ်လေ။ နောက်ပြီး တော့သူ့ရည်းစားပစ်သွားခါစကဆိုရင် ဘာမှာကိုမလုပ်တာပါ အခုမှာတော်သေးတာပေါ့ အစစအရာရာ ဆင်ခြင်သွားလို့ပေါ့နော်။ အချစ်ကြီးရင် ဘာဖြစ်လည်းတော့ကျွန်တော်လည်းမသိဘူးပေါ့နော်။ သိတဲ့သူများ ရှိရင်ဖြေပေးခဲ့ကျပါဗျာ။ ဘလောင့်ဂါညီအစ်ကို မောင်နှစ်မများအားလုံး ကျန်းမာချမ်းသာကျပါစေဗျာ။

ကျောင်းက Fresher Welcome တုန်းကရိုက်ထားတဲ့ ကျွန်တော်တို့ပုံတွေပါ

ဒီပုံကတော့ ကျွန်တော်တို့ကျောင်းမှာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နေ့ရောညပါ ကျင်းပတဲ့ Fresher Welcome တုန်းကပုံပါ။ ကျွန်တော်တို့ကိုဗျာ တစ်ခါမှာ မဝတ်ဘူးတဲ့ ထိုင်းနိုင်ငံရဲ့မြောက်ပိုင်း ဝတ်စုံကို ဝတ်ပြီး တော့စင်ပေါ်တက်ခိုင်းတယ်လေ။ အမှန်တစ်ကယ်တော့ ကျွန်တော်လည်း မဝတ်ချင်ပါဘူးဒါပေမဲ့လည်း အခြေအနေအရတော့ဝတ်လိုက်ရပါတယ်။ အဲဒီထဲမှာ ကျွန်တော် ကိုတိုးလေးရယ် မောင်ဖြိုးလေးရယ်ပါတယ်ဗျာ နောက်ပြီးကျန်တာတွေက မြန်မာလည်းပါတယ် ထိုင်းလူမျိုးတွေလည်းပါတယ်။ အားလုံးက တစ်ခါမှာမဝတ်ဘူးတဲ့ ထိုင်းနိုင်ငံရဲ့မြောက်ပိုင်းဝတ်စုံကိုဝတ်ရမယ်ဆိုတော့ စိတ်ထဲမှာတော့ဝတ်ချင်ဘူး ဒါပေမဲ့ ကိုယ်ကလည်း ကျောင်းသားရေးရာမှာပါနေတော့လည်း မဝတ်လို့မရတော့ဝတ်လိုက်ရတာပေါ့နော်။ အဲဒီရက်တွေက တော်တော်လေးကို ပင်ပန်းတယ်ဗျာ။ မိုးလင်းရင် 7:30 am အိပ်ရာကထရတယ်။ ညဆိုရင်လည်း 10:00pm လောက်မှာပြီးတယ်။ အဲဒီလေးရက်ကတော့လူကို တော်တော်လေးကို ပင်ပန်းသွားတယ်ဗျာ။









ဒီပုံကတော့ အခုလာတက်တဲ့ ကျောင်းသူ/ သား တွေကို Freshy Boy နဲ့ Freshy Girl ရွေးတာပေါ့နော်။ ကျောင်းမှာက နှစ်စဉ်နှစ်တိုင်းလုပ်လေ့ရှိတယ်။ ကျွန်တော်တို့နှစ်တွေတုန်းကလည်း လုပ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ Freshy Boy နဲ့ Freshy Girl ရသွားတာကတော့ ပထမ မိန်းခလေးမှာဆိုရင် ယောက်ကျာင်္းလေး ဘက်ကစရေရင် ဒုတိယမြောက်တစ်ယောက်ပေါ့။ နောက်ပြီးယောက်ကျာင်္းလေးထဲမှာဆိုရင်တော့ ခြောက်ယောက်မြောက်က ကောင်လေးရသွားတယ်။ အားလုံး ကို အမှတ်တရအနေနဲ့ တင်ပေးတာပါ။ ပြီးတော့လည်း အပေါ်မှာတင်ပေးထားတဲ့ပုံမှာက ကျွန်တော်က ဘယ်လိုပုံလည်းတော့ မသိဘူးနော်။ ကျွန်တော်ရယ် မောင်ဖြိုးလေးရယ်ပါတာကတော့ သေချာတယ်နော်။ ဘလောင့်ဂါ ညီအစ်ကို မောင်နှစ်မများ အားလုံးပျော်ရွှင်ပါစေဗျာ။ ကျွန်တော်တို့ကျောင်းက အမှတ်တရပုံလေးတွေတင်ပေးလိုက်တာပါခင်ဗျာ။

အချစ်အကြောင်းလေးဆက်ရေးချင်လို့ပါ

အရင်က ကျွန်တော်ရေးခဲ့တဲ့အချစ်အကြောင်းလေးကို ပြန်ရေးချင်လို့ပါ။ အရင်က အချစ်အကြောင်းလေးမှာ ကိုမောင်မျိုး၊ ကိုကြီးစိုးထက်၊ မလားရှိုးသူ၊ဖူးဖူးနဲ့ သီဟညိမ်းတို့ ဝေဖန်ပေးခဲ့ကျပါတယ်။ အမှန်တစ်ကယ် တော့ကျွန်တော်ရေးတဲ့အချစ်အကြောင်းလေးမှာ ကျွန်တော်ရဲ့သူငယ်ချင်းကို အရမ်းကို သနားမိပါတယ်။ ဘာလို့လည်းဆိုရင် သူအရမ်းချစ်တဲ့ချစ်သူကို သူလက်လွတ်ဆုံးရှုံးခံလိုက်ရတယ်။ အဓိက အကြောင်းအရင်း တစ်ခုက မိဘတွေက သဘောမတူဘူးလို့ပြောတာကို။ အမှန်တစ်ကယ်မှာလည်း မိဘတွေက သဘောမတူဘူး ကောင်လေးက သားလိမ္မာဖြစ်ချင်တယ်။ တစ်ကယ်တမ်း တော့ ကောင်လေးက ပေါင်းမှာလေ မိဘကပေါင်းမှာ မှမဟုတ်တာကို ဆိုတဲ့စကားကိုလည်းလက်ခံပါတယ်။ အမှန်တစ်ကယ်တမ်း ကောင်လေးရဲ့မိဘတွေဘက် ကသဘောမတူရတဲ့အချက်ကတော့ ကောင်မလေးမှာ မိဘတွေလက်မခံနိုင်လောက်တဲ့ အကျင့်လေး တစ်ခုရှိ နေပါတယ်။ အဲဒါကတော့ ကောင်လေးဘက်က မျိုးရိုးဗီဇ ကောင်းမှာလို့ပြောတာကို ကျက်မှာအရိုး လူမှာအမျိုး ဆိုတဲ့ မြန်မာစကားပုံတောင် ရှိသေးတာကို အဲဒါကို အားလုံးနည်းပါးလက်ခံထားကျတယ်လေ။ ကောင်မလေးရဲ့ မိဘတွေက မျိုးရိုးမကောင်းဘူးဗျာ။ မကောင်းဘူးဆိုမှာတော်တော်လေးကို မကောင်းတာဗျာ။ ကျွန်တော်ခပ်ခပ်ရိုင်းရိုင်းပဲပြောလိုက်တော့မယ်နော်။ ဒီလိုမျိုးတွေကို ကျွန်တော်လည်းမပြောတတ်လို့ပါ ကောင်မလေး အမေက ၁၂ကြိုးအောင်ထားသည်အထိတတ်တယ်ဗျာ။ ပြီးတော့ကောင်လေးရဲ့အမေကိုလည်း ကောင်မလေး ရဲ့အမေက တစ်ခါဖမ်းစားဖူးတယ်။ အဲဒီအချက်တွေနဲ့တင်မိဘတွေက ကောင်မလေးကို သဘောမတူတာပါ။ ကျွန်တော်စာရေးတာ အမှားပါရင် ပြင်ဆင်ပြီး ဖတ်ပေးစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ကျွန်တော် ကလည်းစာသိပ်မရေးတတ်သေးလို့ပါဗျာ။ ကဲအားလုံးပဲဗျာ ကျွန်တော်ရေးတာကို ဝေဖန်ပေးခဲ့ကျပါအုံး အခုလိုကောင်လေးရဲ့အမေကို ဒီလိုပြုစားခံလိုက်ရတာကို ကောင်လေးက ဒီကောင်မလေးကို ယူမယ်ဆိုရင် သူ့အမေရဲ့စိတ်ထဲမှာ ဘယ်လိုနေမလည်း။ ပြီးတော့ ကောင်မလေးဆီမှာရော ဒီအကျင့်တွေပါမလာဘူးလို့ ဘယ်သူပြောနိုင်မလည်း။ ကောင်လေးက အခုလိုလမ်းခွဲလိုက်တာ မှန်လားမမှန်ဘူးလားဆိုတာတော့ စာဖတ်ရင်းနဲ့ကို အဖြေကပေါ်နေပါပြီဗျာ။ ဝေဖန်အကြုံပြုခဲ့ကျပါအုံးလို့ ပြောကြားချင်ပါတယ်ဗျာ။ ဘလောင့်ဂါ ညီအစ်ကို မောင်နှစ်မအားလုံးပျော်ရွှင်ပါစေဗျာ။

ချန်ပီယံမန်ယူ




ဖလားနှစ်လုံးဆုရုင် ချန်ပီယံမန်ယူ

မန်ယူကွာ မန်ယူ

ဆုတောင်းပေးပါတယ်

မြန်မာပြည်အတွက် ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပါစေလို့ ဆုတောင်းပေးပါတယ်။ လူသားချင်းကိုယ် ချင်းစာနာတဲ့ အတွက် မြန်မာနိုင်ငံမှာ အိုးအိမ်မဲ့ ဖြစ်နေတဲ့ မြန်မာပြည်သူများနှင့် အတူထပ်တူ ထပ်မျှခံစားရပါသည်။ မြန်မာနိုင်ငံကို ဝင်ရောက်မွှေနှောက်သွားတဲ့ နာဂစ်အမည်ရှိတဲ့ မုန်တိုင်းသတင်းကို အင်တာနက်မှာ တဆင့်သော်လည်းကောင်း blog များမှာ တဆင့်သော်လည်းကောင်းသိရှိရပြီး အမှန်တကယ် ဝမ်းနည်းမိပါသည်။ ကျွန်တော်လည်း အလုပ်တွေမအားလို့ ဘလောင့်မှာ ပိုစ့်အသစ် မတင်နိုင်လို့ပါ။ သူငယ်ချင်းတွေ အားလုံးကိုလည်းတောင်းပန်ပါတယ်။ ကျောင်းမှာကလည်း ကျောင်းကပြန်ဖွင့်တော့မှာဆိုတော့ ကျောင်းရဲ့ အလုပ်တွေနဲ့အလုပ်ရှုပ်နေလို့ပါခင်ဗျာ။ အားလုံးပဲပျော်ရွှင်နိုင်ပါစေ။ ဌာနေပြည်ကြီးလည်း အမြန်ဆုံးပြန်ကောင်းပါစေဗျာလို့ ဆုတောင်းပေးလိုက်ပါတယ်။ နိုင်ငံတကာမှာ အလှူငွေများ စားသောက်ကုန်များလှူဒါန်းသည်များကိုလည်းတွေ့ရပြီး စိတ်ထဲတွင် အလွန်ဝမ်းသာမိပါသည်။မိမိတတ်နိုင်တဲ့ဘက်မှ အများသူငါတွေတက်တက်ကြွကြွနှင့် အားတက်သရော ကူညီ နေကြချိန်မှာ ကျွန်တော်တို့အဖွဲ့တွေလည်း ပါဝင်ကူညီနိုင်အောင် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်ကို အလှူခံထွက်ကြဖို့ အစည်းအဝေးလုပ်ပြီး၊ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုဆို ကျွန်တော်တို့ အလှူငွေတွေကို စတင် ကောက်ခံနေပါပြီ။

ဒီလိုစိတ်မျိုးလေးထားနိုင်ရင်ကောင်းမယ်နော်

စေတနာသည် လူတိုင်းနှင့် မထိုက်တန်ခြင်းမဟုတ်ပါ လူတိုင်းနှင့် ထိုက်တန်သော စေတနာထားနိုင်ဖို့သာလိုပါသည်။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုသည့်စကားကို လက်ကိုင်မထားပါ ကျွန်ုပ်အရင်ကောင်ပါမည် သင်ကျွန်ုပ်အပေါ်မဆိုးပါနှင့် အဲလိုစိတ်ထားလေးထားနိုင်ရင် သောကတွေ အပူတွေ ရှိမှာမဟုတ်တော့ဘူးနော် အဓိက ကတော့ကိုယ်စိတ်ကိုယ်ထိန်းနိုင်ဖို့သာအဓိကပါပဲ။

အချစ်အကြောင်းလေးပါ

ကျွန်တော့်ကိုယ်တွေ့တော့မဟုတ်ဘူးနော် ကျွန်တော်အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်ရဲ့အချစ်အကြောင်း လေးကို နည်းနည်းလောက်ရေးချင်လို့ပါ။ သူငယ်ချင်းကရည်းစားထားတယ် ဟိုအရင်ဆယ်တန်းကျောင်းသား ဘဝ လောက်ကတည်းက စချစ်ခဲ့ကျတာ အဝေးသင်တက်တဲ့ တတိယနှစ်ရောက်တဲ့အထိဆိုပါတော့။ အဲလိုသူတို့ နှစ်ယောက်ချစ်နေကျတာကိုမိဘတွေက မသိကျသေးဘူး။ ကောင်လေးကလည်း ကောင်မလေးကိုအရမ်းချစ်တယ် အရမ်းလည်းအလိုလိုက်တယ်။ သူတို့နှစ်ယောက် သုံးနှစ် သုံးမိုး ချစ်ခဲ့ကျတဲ့အတိုင်းအတာနဲ့ တစ်ယောက်ကို တစ်ယောက်အရမ်းကို သံယောဇဉ်ဖြစ်နေကျတဲ့ အချိန်မှာ မိဘတွေက သိသွားကျတယ်။ အထူးသဖြင့်ကောင်လေး ရဲ့မိဘတွေက အရင်သိသွားတယ် အဲအချိန်မှာပဲ ကောင်လေးအမေက ကောင်လေးကို ကောင်မလေးနဲ့သဘော မတူဘူးလို့ပြောလိုက်တဲ့အချိန်မှာ ကောင်လေးက ကောင်မလေးကို အဆက်အသွယ်ဖြတ်ပစ်လိုက်တယ်။ အဲဒီအချိန်မှာကောင်မလေးက အရမ်းကိုပေါက်ကွဲသွားတယ်။ သူ့ကို ချစ်ဟန်ဆောင်ခဲ့တယ်ဆိုပြီး ကောင်လေးကို အရမ်းကိုမုန်းတီးသွားတယ်။ အမှန်တော့ ကောင်လေးလည်းကောင်မလေးကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အမေ စိတ်ထိခိုက်မှာ စိုးရိမ်တဲ့ စိတ်တစ်ခုတည်းနဲ့ကောင်မလေးကို ဖြတ်ပစ်လိုက်တယ်။ အဲလို အချစ်မျိုးကို သူငယ်ချင်းများအားလုံး ဘယ်လိုထင်မြင်ပါသလဲ အကြံညဏ်လေးများပေးနိုင်ရင်ပေးကျပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းကို ကူညီချင်လို့ပါ အရမ်းချစ်ပြီးခွဲနေရတဲ့ဘဝတွေကို မမြင်ချင်လို့ပါ။ အားလုံးနည်းလမ်းတွေပေးနိုင်ရင်ပေးကျပါ။ ကျွန်တော်က အချစ်အကြောင်းကို မသိတော့သိပ်မခံစားတတ်သေးဘူးဗျာ။ ကိုယ်လည်းခံစားတတ်တဲ့တစ်နေ့ သူလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ လိမ်မာရင် ကိုးရီးယား ရုပ်ရှင်ထဲကလို ကျိုက်ထီးရိုးကို ကုန်းပိုးပြီးလိုက်ပို့မယ် မလိမ်မာရင်တော့ နည်းနည်းလေးပဲချစ်တော့မယ်။ အားလုံးရဲ့ထင်မြင်ချက်လေးများကို ပြောခဲ့စေချင်ပါတယ်ခင်ဗျာ။

ဘဝ

ဘဝဆိုတာ DVD တစ်ချပ်မဟုတ်တော့ ကိုယ်မကြိုက်တဲ့အခန်းတွေကို ကျော်သွားလို့မရဘူး။ အားလုံးကို ခံနိုင်ရည်ရှိအောင်ကြိုးစားရမယ်။ DVD တစ်ချုပ်သာဖြစ်ရင်တော့ ကောင်းတဲ့အခန်းတွေပဲယူမှာပေါ့ မကောင်းတဲ့အခန်းတွေကိုကျော်သွားရမှာပေါ့လေ ဒီလိုသာလုပ်လို့ရရင်လောကကြီးမှာစိတ်ညစ်စရာဆိုတာဘယ်ရှိတော့မလဲ။ အားလုံးစိတ်ချမ်းသာနေကျမှာပေါ့လေ။