ကျောင်းက ဓာတ်ပုံလေးတွေပါ

ဒီပုံလေးတွေကတော့ ကျွန်တော်တို့ကျောင်းမှာအားကစားပြိုင်ပွဲရှိပါတယ်ခင်ဗျာ အဲ့အတွက်ပြင်ဆင်နေတာလေးတွေကိုရိုက်လာခဲ့တာပါ။ ကျောင်းမှာအားကစားပြိုင်ပွဲဆိုတာကတော့ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း တက္ကသိုလ် ၈ ခုကနေလာရောက်ပြိုင်တဲ့ပြိုင်ပွဲပါခင်ဗျာ။ နှစ်စဉ်ကျင်းပနေကျပါ ဒါပေမဲ့ တက္ကသိုလ်တစ်ခုကို အိမ်ရှင်အနေနဲ့တစ်နှစ်စီပြောင်းပြီးတော့ လုပ်ရပါတယ်။ ဒီနှစ်တော့ ကျွန်တော်တက်နေတဲ့ကျောင်းက အိမ်ရှင်အနေနဲ့ရှင်းပရပါတယ်။ အားကစားပွဲကတော့ ၂၀ရက်ကနေ ၂၄ ရက်နေ့အထိ ၅ ရက်ပဲကျင်းပသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက တက္ကသိုလ်တွေ တော်တော်များများလာရောက်ကျပါတယ်။ ဘာရယ်တော့မဟုတ်ဘူး ညနေက သွားကြည့်ရင်းနဲ့ ဓာတ်ပုံရိုင်ပြီးတော့တင်ပေလိုက်တာပါ။ တက္ကသိုလ်တွေကတော့ 1. Kamphaeng Phet Rajabhat University 2. Nakon Swam Rajabhat University 3. Chiang Mai Rajabhat University 4. Chiang Rai Rajabhat University 5. Uttraradit Rajabhat University 6. Lampang Rajabhat University 7. Pibulsongkram Rajabhat University 8. Phetchabun Rajabhat University အခုကျွန်တော်ရေးတဲ့တက္ကသိုလ်တွေပါပဲဗျာ။ ဖတ်လို့ရမယ်တော့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ထိုင်းလိုတွေဖြစ်နေလို့ပါနော်။ အားလုံးအဆင်ပြေပါစေဗျာ။

သူနှင့်အတူ

ဆောင်းဦးနံနက်ခင်းမှာ ကိုယ့်အိမ်တံခါးဝကို ဧည့်သည်ရောက်လို့လာခဲ့တယ်။ တေးဆိုပါလော့...............ကိုယ့်နှလုံးသား အရှင့်အား ကြိုဆိုပါကြောင်း တေးသီလော့..........။ နေခြည်နွေးသည့် အပြာရောင်တေးဖြစ်ပါစေ နှင်းဆွတ်လေ၏ အေးမြသောတေးဖြစ်ပါစေ ရိတ်သိမ်းပြီးစ လယ်ကွင်းများ၏ အလျှံပယ်ရွှေရောင်တေး ဖြစ်ပါစေ ကျယ်လောင်သောရေစီးသံ၏ ရယ်မော ပျော်ရွှင်သော တေးဖြစ်ပါစေ သို့မဟုတ်လျှင် သူ့မျက်နှာကို စိုက်ကြည့်ကာ သူ့ရှေ့တွင် တစ်ခဏမျှ ဆွံ့အစွာရပ်နေပါလော့။ ထိုနောက် သင့်အိမ်ကို စွန့်ခွာပြီး သူအရှင်နှင့်အတူ တိတ်ဆိတ်စွာ ထွက်ခွာသွားပါတော့။

သူငယ်ချင်း

သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်ဘဲ ကောက်တွေ့ခဲ့ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ လူချင်းလည်းမမြင်ဘူးပဲနဲ့ အင်တာနက်နဲ့ ဖုန်းနဲ့ဆက်သွယ်ပြီး သူငယ်ချင်းတွေလည်းရှိတယ်။ လူချင်းမြင်ဖူးပြီး အရမ်းကောင်းတဲ့သူငယ်ချင်းတွေဖြစ်ခဲ့တာလည်းရှိတယ်။ မတော်တဆတိုက်မိပြီး ခင်သွားတဲ့သူငယ်ချင်းတွေလည်းရှိတယ်။ ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ အတူနေခဲ့တဲ့သူငယ်ချင်းတွေက ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကိုရှာကြရင်း တကွဲတပြားစီဖြစ်ပြီး အဆက်အသွယ်က နည်းသထက်နည်းလာခဲ့တယ်။ သူငယ်ချင်းတွေမှာ အသက်အပိုင်းအခြားမရှိဘူး။ ကိုယ်နဲ့ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့သူလည်းရှိတယ်။ ကြီးတဲ့သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့အတွေ့အကြုံတွေယူတယ်။ ငယ်တဲ့သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွှယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ သူငယ်ချင်းတွေဟာ နွေ၊မိုး၊ဆောင်း ပြောင်းနေတဲ့ရာသီတွေနဲ့တူတယ်။ တချို့က ပူပြင်းတဲ့နွေနဲ့တူတယ်။ တချို့က နွေရဲ့အပူဒဏ်ကို လျော့ပေးတဲ့မိုးနဲ့တူတယ်။ တစ်ချို့က အေးမြတဲ့ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့ အလှအပတွေကို ခံစားရင်း ကိုယ့်ဘဝကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လိုစသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ဝမ်းနည်းစရာ၊ဝမ်းသာစရာတွေနဲ့ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကိုမြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။ ကွန်ပျူတာရဲ့ တစ်ဖက်မှာထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို သူတို့ကြည့်ပြီး ပျော်နေသလား................ ကိုယ့်စာကြောင့်စိတ်ပျက်ပျက်နဲ့ ငြီးငြူနေသလား............ ဘာတွေရေးနေလည်းဆိုပြီးမဲ့နေမလား................. သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်မပြောပြတတ်လို့ ဒီကနေတစ်ဆင့် ထောင့်တစ်နေရာမှရှိတဲ့ သူငယ်ချင်းတွေ ပျော်ရွင်နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့ တောင်းဆုပြုလိုက်ပါတယ်။............ အားလုံးသော သူငယ်ချင်းများ ညီအစ်ကိုမောင်နှစ်မများအားလုံးကျန်းမာပျော်ရွှင်စွာနေနိုင်ကျပါစေဗျာ။ ဘာကိုမှာရည်ရွှယ်ပြီးရေးခြင်းမဟုတ်ပါခင်ဗျာ တိုက်ဆိုင်မှုလေးများရှိရင် ခွင့်လွတ်ပေးကျပါခင်ဗျာ။

ပြန်လာခဲ့ပါချစ်သူ

ပြန်လာခဲ့ပါ ချစ်သူ မင်းအတွက် ရည်စူးထားတဲ့ တစ်နေရာ စာလေးအတွက်........ ပြန်လာခဲ့ပါ ချစ်သူ သိမ်းဆည်းထားခဲ့ရတဲ့ ငါ့အချစ်တွေ အတွက်...... ပြန်လာခဲ့ပါ ချစ်သူ အဆုံးသတ်ဖို့ ခက်တဲံ့ မျှော်လင့်ချက်တွေ အတွက်... ပြန်လာခဲ့ပါ ချစ်သူ ပိုင်ရှင်မဲ့သွားတဲ့ ငါ့နှလုံးသား အတွက်..... ပြန်လာခဲ့ပါ ချစ်သူ အလွမ်းဒဏ်တွေကို ခံနိုင်ရည်မရှိတော့တဲ့ အတွက်...... ပြန်လာခဲ့ပါ ချစ်သူ...............။

အချစ်ဆိုတာ

အချစ်ဆိုတာ အနေနီးစပ်ပါမှလား.........ဒါမှာမဟုတ် အနေဝေးသွားမှ ပျောက်ကွယ်သွားတဲ့အရာလား တစ်ချိုန်တုန်းက................. အချစ်ဆိုတာ ငါ့ဘဝအတွက် အလွန်ချိုမြိုန်လှပလွန်းတဲ့ ခမ်းနားနန်းတော်ကြီးတစ်ခုပေါ့နော် အဆုံးသတ်တစ်နေ့မှာ ငါ့ဘဝ................... အရာရာကြေကွဲပျက်သုဉ်းခဲ့ရတယ် အချစ်က လိုက်လေပြေးလေ ဝေးလေပဲနော် ကိုယ့်ဘဝမှာ.......... အချစ်စစ်ရဲ့မုန်တိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ရဘူးပြီ ဒါပေမဲ့လည်း.................... နောက်ထပ်..............

ကိုယ့်ကို လွှတ်ပေးပါကွယ်

အချစ်ရယ်......... မင်းရဲ့ ချစ်ခင်ချိုမြိုန်စရာကောင်းတဲ့ အနှောင်အဖွဲ့တွေက ကိုယ့်ကို လွတ်ပေးပါတော့ကွယ်။ မှုးယစ်ရီဝေစေတဲ့ အနမ်းတွေလည်း ထပ်မတိုက်ကျွေးပါနဲ့တော့။ မင်းရဲ့ ပိန်းပိတ်အောင် ခြယ်သထားတဲ့ နံ့သာအခိုးအငွေ့တွေကလည်း ကိုယ့်နှလုံးသားကို မွန်းကျပ်စေပါပြီ။ တံခါးတွေကိုဖွင့်ပြီး နံနက်ခင်း အလင်းရောင်အတွက် အခန်းကို ပြင်ဆင်ထားပေးပါ။ မင်းဆီမှာပဲ ကိုယ်ဆုံးရှုံးခဲ့ပေါ့။ မင်းရဲ့ယုယပြုစုမှုတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့မိခဲ့ပြီကွယ်။ မင်းရဲ့ မာယာနှောင်ကြိုးတွေကနေ ကိုယ့်ကို လွတ်ပေးပါတော့နော်။ ကိုယ့်ရဲ့ ဖြူစင်လွတ်လပ်တဲ့ နှလုံးသားကို မင်းကို ပြန်ပေးဆပ်နိုင်ဖို့ ယောကျာ်းပီသတဲ့ စိတ်ဓာတ်မျိုး ပြန်ရပါစေကွယ်။

အမျိုးသားမှတ်ပုံတင်

တစ်ခါတုန်းက အလုပ်သမား လျောက်လွှာ မှတ်ပုံတင်တဲ့ ဋ္ဌာနတစ်ခုမှာ မထွေးဆိုတဲ့ အမျိုးသမီးတစ်ယောက် သုံးနှစ်အရွယ် သမီးနှင့်အတူ အလုပ်လုပ်ရန် မှတ်ပုံတင်ဖို့ ရုံးကို ရောက်လာခဲ့တယ်၊ မှတ်ပုံတင်လက်ခံတဲ့ စာရေးလေးက စားပွဲမှာ လူများနေတော့ မထွေးက မလှမ်းမကမ်းမှာရှိတဲ့ ထိုင်ခုံမှာ သမီးနှင့်အတူ ထိုင်စောင့်နေတယ်၊ စာရေးလေးက စားပွဲမှာ လူရှင်းတော့ မထွေးက စာရေးလေးစားပွဲထံ ထလာခဲ့တယ်၊ စာရေးလေးက နာမည်ပြောလို့ မေးတော့ မထွေးက မထွေးပါလို့ ဖြေလိုက်တယ်၊ ပြီးတော့ စာရေးလေးက အမျိုးသားမှတ်ပုံတင် ပါလားလို့ မေးတော့ မထွေးက ဟော့တော့ သူက မနေ့တုန်းကမှ ခရီးထွက်သွားတော့ ယူမထားလိုက်ရဘူးလို့ ဖြေပါတယ်။ ဒါနဲ့ စာရေးလေးက ထပ်မေးတယ်၊ မထွေးရဲ့ အမျိုးသားမှတ်ပုံတင်ကို ပေးပါလို့ ပြောတယ်၊ မထွေးကလည်း ဘာပြန်ပြောလဲဆိုတော့ စောစောက ပြောတဲ့ သူဆိုတာ ကျွန်မယောက်ျားပါ၊ တကယ်ခရီးထွက်သွားလို့ အိမ်စောင့်မရှိလို့ တောင်မှ သူနဲ့ရတဲ့ သမီးလေးကို ခေါ်လာခဲ့ရတယ်၊ ဟိုခုံမှာထိုင်နေတဲ့ကလေးမလေးပဲ၊ ဒီအချိန်မှာ စာရေးလေးက စိတ်ပျက်သော အမူအယာဖြင့် ကုလားထိုင် နောက်မှီကို မှီပြီး ခေါင်းကုတ်နေမိတယ်၊ ခဏနေတော့ ကုလားထိုင် နောက်မှီမှ ခွာပြီး ခါးကို ရှေ့စားပွဲသို့ ကုန်းခါ မထွေးကို ပြောလိုက်ပုံက “ဒီမှာ မထွေး ကျွန်တော် တောင်းနေတာက မထွေးနာမည်ပါတဲ့ မှတ်ပုံတင်ကိုပြောတာ” ဒီတော့မှ မထွေးဖြေလိုက်ပုံက “အော်ဒါလား”ဆိုပြီး သူမ၏ပိုက်ဆံအိတ်ထဲမှ သူမ ၏မှတ်ပုံတင်ကို ထုတ်ပေး လိုက်သတဲ့။ မြန်မာစကားများသေချာနားထောင်မှာနော်မဟုတ်ရင်နားကြားလွဲတတ်တယ်။

ခူးဆွတ်လိုက်ပါ

ဤပန်းပွင့်လေးကို ခူးဆွတ်ယူလိုက်စမ်းပါ။ နှောင့်နှေးမနေပါနဲ့။ ညှိုးကြွေမြေခလို့ ဖုန်မှုန့်တွေထဲကျသွားမှာ အကျွန်စိုးရိမ်မိပါ၏။ သခင်၏ပန်းကုံးတွင် တစ်နေရာရချင်မှာရလိမ့်မည်။ သို့ရာတွင်........... သခင့် လက်နှင့်ထိတွေ့ခူးဆွတ်မှုဖြင့် ဂုဏ်ပြုပေးစေချင်ပါသည်။ အကျွန်သတိမပြုမိခင် နေ့တာကုန်ဆုံးပြီး ပူဇော်ချိန်ပြီးဆုံးသွားမှာ အကျွန်စိုးထိတ်မိပါ၏။ ဤပန်းပွင့်သည် အရောင်မလွင့် ရနံ့မသင်းစေကာမှု အရှင်၏ဝတ်ပြုပူဇော်မှုတွင် အသုံးပြုပေးစေချင်ပါ၏။ ထိုအတွက်............... အချိန်ရှိခိုက် ခူးဆွတ်တော်မှုပါ။

ငြင်းပယ်မယ်ဆိုရင်

အချစ်က........... ကိုယ့်ကိုငြင်းပယ်မယ်ဆိုရင် နံနက်ခင်းက............ ဘာကြောင့်များ..........သူ့နှလုံးသားကို ဖွင့်ထုတ်တေးသီရတာလဲ။ တောင်ပြန်လေက တီးတိုးစကားတွေကို ရွက်နုသစ်တွေကြားထဲမှာ ဘာကြောင့်များ ကြဲဖြန့်နေရတာလဲ။ အချစ်က....... ကိုယ့်ကို ငြင်းပယ်မယ်ဆိုရင် သန်းခေါင်ယံဟာ ကြယ်ပွင့်တွေရဲ့ ဝေဒနာကို ဘာကြောင့်များ.......... လွမ်းဆွတ်တိတ်ဆိတ်မှုနဲ့ သည်းခံနေရတာလဲ။ ရှုးမိုက်တဲ့ ဒီနှလုံးသားကလည်း အဆုံး မသိနိုင်တဲ့ ပင်လယ်ပြင်ထဲမှာ သူ့ရဲ့မျှော်လင့်ခြင်းကို ဘာကြောင့်များ............ အရမ်းကာရော ပစ်လွတ်လိုက်ရတာလဲ။

မနေ့ကညက သွားခဲ့တဲ့ပွဲလေးမှာရိုက်ထားတဲ့ပုံလေးတွေပါ

မနေ့ညက ကျွန်တော်လည်းအားတာနဲ့ ဆရာကခေါ်လို့လိုက်သွားတယ်..........။ အဲပွဲလေးက နှစ်စဉ်နှစ်တိုင်း ကျွန်တော်နေတဲ့မြို့လေးမှာ ဖြစ်နေကျပါ။ ဘာဖြစ်လို့လည်းဆိုရင် အခုကျွန်တော်နေတဲ့မြို့လေးက ထိုင်းနိုင်ငံမှာ ငှက်ပျော်သီးအထွက်ဆုံးမြို့လေးပါ။ နှစ်စဉ်နှစ်တိုင်းရိုးရာပွဲအနေနဲ့ အမြဲလုပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မသွားဖြစ်ဘူးဗျာ ဘာလို့လည်းဆိုရင် အဲပွဲသွားရင်တော်တော်လေးဆိုးတယ် ဘာလို့လည်းဆိုရင်တော့ ပွဲကရိုးရာပွဲ ဆိုတော့ အဆိုတော်တွေဘာတွေပါထည့်တယ်လေ။ နှစ်တိုင်းလုပ်ဖြစ်တယ်ပေါ့နော်..........သူငယ်ချင်းတွေကလည်းပြောတယ် ညဆိုရင်တော့အဲ့ပွဲကိုသွားမလည်ပါနဲ့တဲ့ နေ့ခင်းဘက်ပဲသွားပါပေါ့နော်.......ညဆိုရင်လူကများတယ်လေပြီးတော့ ဒီမှာကပွဲတစ်ပွဲဖြစ်ရင် လူသေတာကများတယ် အထူးသဖြင့်အခုကျွန်တော်ပြောနေတဲ့ပွဲက လူအသေအပျောက်အများဆုံးပွဲပဲ။ ညကတောင်ဆရာပါလို့သွားဖြစ်တာ ကိုယ့်ဟာကို ဆိုရင်ခြေဦးတောင်မလှည့်ရဲ့ဘူး...........ပွဲလေးကို ထိုင်းလိုတော့......งานประเพณี สารทไทยกล้วยไข่ လို့ခေါ်တယ် အခုအဲပွဲမှာပေါ့နော် သူတို့ရာရိုးရာနဲ့ ပြိုင်ပွဲလေးတွေလုပ်ကျတဲ့ ပုံလေးတွေကို အခုတင်ပေးထားပါတယ်။