ရန်ခုန်တိုင်းလည်း မချစ်ခဲ့ပါဘူး
မင်းနဲ့ကျမှ
ကိုယ့်အကြည့်က
ကောင်းကင်တစ်ခု ဖြစ်ပေမယ့်
မင်းအကြည့်တစ်ချက်အောက်မှာ
ကိုယ်ကျရှုံးခဲ့ရပါတယ်
ငလျင်လှုပ်တိုင်း မြေမပြိုသလို
မျက်လုံးချင်းဆုံတွေ့တိုင်းလည်း
ကိုယ့်စိတ်မယိုင်ခဲ့ပါဘူး
မင်းနဲ့မှသာ
ခံစားချက်အပြည့်နဲ့
"ချစ်ပါတယ်" ဆိုတဲ့စကားကို
မင်းနဲ့မျက်နှာချင်းဆိုင်ပီး
ပြောချင်ပါတယ်
ဒါပေမယ့် ငါ့ဘက်က
အရာရာနှိမ့်ကျနေတော့
တကယ်ပဲဆွေးရမှာလား
မင်းတကယ်ကို ငါ့ဘ၀နဲ့ရင်းပီး
စောင့်ရှောက်ချင်ပါတယ်
ဒါပေမယ့် ဘ၀ကအခြေနေတွေ
မတူတော့
တကယ်ပဲ ဝေးရမှာလား
လူတစ်ဦးအတွက်
မတူဘူး မတန်ဘူးဆိုတဲ့
အရာတွေရှိသလား
အဲဒီလိုသာရှိခဲ့ရင်
ငါ့နှလုံးသားတွေ
တကယ်ပဲကြေကွဲရမှလား
11 comments:
မျက်နှာချင်းဆိုင်ပီး အမြန်ပြောနိုင်ပစေ၊ကြေကွဲမှုတွေနဲ့လဲ မကြုံပါစေနဲ့လို့....
ကျနော်နဲ့ ခံစားချက်တွေတူနေတယ်း)
ဒါနဲ့ အပေါ်ကတစ်ယောက်က ကိုတိုးပို့စ်တင်နဲ့ ဦးနေတယ် ထူးဆန်းပါ့ ဟိဟိ စခဲ့ပြီး ကိုယ့်ပါသာရှင်းတော့ :P
မျက်နှာချင်ဆိုင်ပြီး မျက်လုံးချင်းစကားပြောမလို့လား ဟဟ
ငါ့မောင်လေးက ကဗျာစပ်လဲ တော်တာပဲ။
ကောင်း၏။
ညခင်း
ငလျင်လှုပ်တိုင်း မြေမပြိုသလို
မျက်လုံးချင်းဆုံတွေ့တိုင်းလည်း
ကိုယ့်စိတ်မယိုင်ခဲ့ပါဘူး...
အရေးအသားတွေကအရမ်းလှပါတယ်...
ငါ့အကို ဒီလောက်ကြွေနေမှန်းမသိဘူး
မကြေကွဲရပါဘူး
သူက ခဏလေး ပဲများနေတာပါ
မကြာခင် ကွဲနေတဲ့အသည်းကို အပ်(၃)ချောင်းနဲ့ လာချိတ်ပေးလိမ့်မယ်
ကဗျာနဲ့ ရင်တွေဖွင့်နေတာ တော်ကြာ အအေးပါပတ်သွားဦးမယ်နော်
ကိုတိုးလေး ဒီလောက်တောင် ကြွေခဲ့တာကို မမက ထားသွားတယ်ပေါ့ ဟုတ်လား :P
ကိုတိုးလေး ခံစားချက်တွေပြင်း နေပြီ
အချစ်ကြောင့်
ကဗျာလေးတွေ
ပိုပြီးခံစားလို့ကောင်းလာတယ်
(ရင်ကွဲနာကျရင်တော့ ကိုယ်မပါဘူးနော်)
အသည်းတွေကွဲနေတယ်လား......
နေ့အိပ်မက်သေချာဖတ်သွားတယ်.. ကဗျာလေးကို..... သတ်ပုံနှစ်နေရာမှားနေတယ်.... :P
မတူမတန် ဆိုတာထက် အခြေအနေဆိုတာပဲ ရှိလေမလား ...
မေးခွန်းတွေများနေရယ်နော့်
အားပေးသွားပါတယ် ကိုတိုလေး :)
ပခုံးနှစ်ဖက်ကခေါင်းပေါက်တာခြင်းအတူတူ
မတူတာမတန်တာ မရှိဘူး။ ပြီးတော့ လောကမှာ မဖြစ်နိုင်တာမရှိဘူး။ (ဥပမာပေါ့ဗျာ
ဘုရင့်သမီးနဲ့ သူဖုန်းစား၊ သူဌေးသမီးနဲ့ မာလီ၊
အလုပ်ရှင်နဲ့ သန့်ရှင်းေ၇း အလုပ်သမား၊
ဟီးဟီး ကျနော်ရေးလိုက်မှပဲ ကိုယ့်ဆရာလဲ
လူမွဲစာရင်းကကို မတက်တော့ဘူး)
Post a Comment