ခင်မင်မှုနဲ့  ချစ်ခြင်းကို
ခဏ ခဏ
ချော်လဲ ရောထိုင်လုပ်တယ်။
ဂဃနဏ မသိပဲနဲ့ 
ဂျောင်ထဲ သွားပြီး
ဂျင်ပေါက်တယ်။
ငါးပွက်ရာ ငါကိုယ်တိုင်
ငါးစာချ ခံ ရလို့ 
ငိုကြွေးရတယ်။
စာမေးပွဲခန်းထဲ
စိမ်ပြေနပြေ
စာခိုးချတယ်။
ဆုံးမတာကို နားမထောင်
ဆင်သေကို
ဆိတ်သားရေနဲ့ ဖုံးတယ်။
ဇိမ်ခံချင်လို့ 
ဇီးပင်အောက်မှာ
ဇယ်တောက်တယ်။
ဈေးသည်တစ်ယောက်ရဲ့ 
ဈာပန ကို
ဈေးဝယ်မိလို့  လိုက်ပို့ ရတယ်။
ညအခါ
ညောင်းလွန်းလို့ 
ညောင်ပင်အောက်မှာသွားထိုင်တယ်။
တနင်္ဂနွေ နေ့ မှာ
တိမ်တောက်တာကိုကြည့်ပြီး
တောင်တောင်အီအီ စဉ်းစားတယ်။
ထင်ပေါ်ချင်လို့ 
ထမင်းစားခါနီး
ထိုင် ထ လုပ်တယ်။
ဒုက္ခနဲ့ စာရင်းရှင်းဖို့ 
ဒီတစ်နေ့ လုံး
ဒါးသွေးတယ်။
ဓနိမိုး ထရံကာအိမ်ထဲ
ဓနိရည်သောက်ပြီး
ဓမ္မဒိဋ္ဌာန် ဖြေတယ်။
နေ့ ခင်းကြောင်တောင်
နံဘေးကကောင်ကို
နားရင်းအုပ်တယ်။
ပက်လက်လှန်ပြီး
ပိတ်ထားသမျှဖွင့်ထုတ်
ပေါက်တက်ကရတွေးတယ်။
ဖာတောင်းထဲ
ဖားတစ်ကောင်ထည့်
ဖင်ခုထိုင်တယ်။
ဗလကြီးအောင်
ဗမာ့နည်း ဗမာ့ဟန်နဲ့ 
ဗာဒံသီးထုစားတယ်။
ဘယ်သူ့ မှမခေါ်ပဲ
ဘုရားခန်းထဲ
ဘူကြီးပွတ်တယ်။
မျှော်လင့်ချက်များစွာနဲ့ 
မင်းအကြောင်းကို
မနက်အထိတွေးတယ်။
ယောက်ဖရှေ့ မှာ
ယင်ကောင်ကို
ယောင်းမနဲ့ ရိုက်တယ်။
ရန်ပွဲကို
ရဲမလာခင်ထိ
ရပ်ကြည့်တယ်။
လသာတဲ့ အချိန်
လှံတစ်ချောင်းကို
လှမ်းတွေ့ တယ်။
ဝက်တစ်ကောင်ကို
ဝ လာမလားလို့ 
ဝမ်းနှုတ်ဆေးတိုက်တယ်။
သူတစ်ပါးအကြောင်း
သိပ်မသိဘဲ
သောက်တင်းပြောတယ်။
ဟောင်းနွမ်းနေတဲ့
ဟာသတစ်ပုဒ်ကို
ဟင်းချက်စားတယ်။
အဆုံးထိဖတ်တဲ့ 
အသင့်အား
အားနာမိတယ်။
သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာပါအားလုံးကိုဖတ်စေချင်လို့မျှဝေပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေပျော်ရွှင်ကျပါစေခင်ဗျာ။
9/1/09
5 comments:
ကိုတိုးလေး က က နေ အ အထိ အက္ခရာ ဆုံအောင် ရေးထားတဲ့ ဟာသလေးပဲ လာဖတ်သွားတယ်နော်
ပျော်ရွင်ပါစေ
ရှာရှာဖွေဖွေရေးလည်းရေးတက်ပါတယ်
စဉ်းလဲစဉ်းစားတက်ပါ့ လာဖတ်သွားပါတယ် ပျော်ရွှင်ပါစေနော်
ဟားဟားဟား ရယ်တာနော်
မိုက်တယ်ဟေ့
ကာရန်နဲ့ နဘေနဲ့ ဟုတ်နေတာဘဲ
ကောင်းသာနေ့ များပိုင်ဆိုင်နိုင်ပါစေရှင်
ကြိုက်သွားပြီ မျှတာကျေးဇူးပါ
ဆရာ့သူငယ်ချင်းလဲ ဘယ်ဆိုးလို့တုန်းဗျ
အေးပေါ့ ဆရာနဲပ သူငယ်ချင်းဆိုမှတော့ ဒီအတိုင်းပဲ လာမှာပေါ့ဗျာ
Post a Comment