စိတ်ကူးယဉ်ခြင်း
စိတ်ကူးယဉ်ခြင်းတဲ့နော်။ လူတိုင်းတော့ စိတ်ကူးယဉ်ဖူးမှာပဲနော်။ ဒါပေမဲ့တော့လူအမျိုးမျိုးဆိုတော့ စိတ်ကူးယဉ်ပုံခြင်းမတူကျဘူးပေါ့နော်။ စိတ်ကူးယဉ်ခြင်းလေးကို နေ့အိပ်မက် ကTag ထားတော့လည်းစိတ်ကူးယဉ်လေးကို ထုတ်ပြရတော့မှာပေါ့နော်။ ကျွန်တော်ငယ်ငယ်ကတော့ သိပ်ပြီးတော့စိတ်ကူးယဉ်တာသိပ်မရှိခဲ့ဘူးဗျာ။ ဘာလို့လည်းဆိုတော့ ခလေးဘဝလေ ဘာမှာမသိသေးတာကိုနော်.....း) ဒီလိုနဲ့ဆယ်တန်းကျောင်းတက်တော့ စိတ်ကူးကယဉ်လာပြီ စိတ်ကူးယဉ်တယ်ဆိုတာက ငါဆယ်တန်းအောင်လို့ရှိရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ဘယ်လိုကြိုးစားရမလည်းဆိုတာကိုစပြီးတော့ စိတ်ကူးယဉ်ပြီ။ ဘာလို့လည်းဆိုရင် ကိုယ့်မိဘက ငယ်ငယ်ကလေးတည်းကနေ ဆယ်တန်းအောင်တဲ့အထိထားခဲ့ပြီးပြီလေ အဲ့နောက်ကိုယ်ကျောင်းဆက်တက်မယ်ဆိုရင်တောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရှာပြီးတက်နိုင်မှာဖြစ်မယ်လေဆိုပြီးအလုပ်တစ်ခုရှာလုပ်တယ်လေပြီးတော့ကျောင်းပြီးအောင်တက်လာရတာပေါ့။ ဘာလို့လည်းဆိုရင်မိဘက ငယ်ငယ်ကလေးတည်းကနေကျောင်းထားလာတာလေ ကိုယ်အရွယ်ရောက်တဲ့အထိမိဘဆီက လက်ဝါးဖြန့်ပြီးတောင်းသုံးနေအုံးမယ်ဆိုရင်တော့ကိုယ်ဘက်ကလွန်ရာကျမယ်လေ။ အဲ့တော့လည်းကိုယ်အားကိုယ်ကိုးပြီးကြိုးစားတာပေါ့နော်။
စပြီးတော့စိတ်ကူးယဉ်တော့မယ်နော်။ ကျွန်တော်က သနားတတ်တယ်ဗျာ။ ပေးကမ်းစွန့်ကြဲခြင်းကိုပြုတတ်တယ်။ အထူးသဖြင့်မရှိတဲ့သူလေးတွေကိုဆိုရင် အရမ်းကိုပေးချင်ကမ်းချင်တဲ့စိတ်ရှိတယ်။ ဒါပေမဲ့ကိုကလည်းချမ်းသာသလားလို့မေးရင်တော့ ကိုယ့်ဟာကိုတောင်အနိုင်နိုင်ရယ်။ ဝေသန္တာရာမင်းလိုတော့ ကိုယ်လက်အင်္ဂါတွေပါစွန့်ပြီးတော့ မလှူနိုင်တာတော့တကယ်ပါနော်။ အလှူလေးတော့လုပ်ချင်တယ်ဗျာသိလား။ ကျွန်တော့်စိတ်ကူးကတော့ အရမ်းကိုရှားပါးတဲ့တောတွေရွာတွေမှာပေါ့နော်။ ဆေးပေးခန်းလေးတစ်ခုဆောက်လုပ်ပြီးတော့လှူချင်တယ်။ ကျွန်တော့်စိတ်ကူးလေးတွေအကောင်အထည်ဖော်ချင်တယ်။ ဘာလို့လည်းဆိုရင် ကျေးလက်ဒေသတွေပေါ့နော် အထူးသဖြင့် မြစ်ကူးချောင်းခြားသွားရတဲ့ကျေးလက်ဒေသတွေမှာဆိုရင် မိုးတွင်းအခါဆိုရင် အရမ်းဒုက္ခရောက်ကျပါတယ် မိုးတွင်းဆိုတော့ မြစ်ကလည်းရေလျံ ညကလည်းမှောင်ဆိုတော့သွားရတာလည်းခက်ခဲတယ်လေ။ အဲ့လိုအခြေအနေမျိုးဆိုရင်သွားဖို့ရာအရမ်းခက်ခဲပါတယ် ညဆိုတော့ လည်းတော်ရုံလူတွေကမလိုက်ကျဘူးလေ မြို့ဆေးရုံကိုရောက်အောင်သွားဖို့ရာကလည်းမြင်းလှည်းတို့ ဆိုက်ကားတို့ငှားရသေးတယ်တယ်။ ည ၁၂ နာရီကျော်ရင်သိတဲ့အတိုင်းပဲလေ တောမှာကလေဘယ်မှာမသွားတော့ဘူးလေ။ အဲ့လိုအခြေအနေမျိုးမှာပဲ မြို့က ဆေးရုံမရောက်ပဲနဲ့သေဆုံးသွားခဲ့ရတဲ့သူတွေအများကြီးပါပဲ။ တစ်ချို့တွေကျတော့လည်း ကံကောင်းစွာနဲ့ပဲအသက်ရှင်တာလေးတွေလည်းရှိပါတယ်။ အသက်အန္တရာယ်တွေနဲ့ တော်တော်လေးကိုကြုံရပါတယ်။ အဲ့လိုကျေးလက်ဒေသလေးတွေမှာ သွားရောက်ပြီးတော့ ဆေးပေးခန်းလေးနဲ့ပေါ့နော် ပြည့်ပြည့်စုံစုံလေးလှူချင်ပါတယ်။ ဝေသန္တရာမင်းတော့မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့စိတ်ကူးယဉ်ကြည့်တာပါနော်။ ကျွန်တော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေးကို တစ်နေ့တော့အကောင်အထည်ဖော်ချင်တယ်ဗျာ။ ဖြစ်နိုင်မယ်လို့လည်းယုံကြည်ထားပါတယ်။
ကဲစိတ်ကူးယဉ်လေးကိုတော့ရေးပြီးပြီနော် ဘာလို့လည်းဆိုရင် မရေးတတ်ရေးတတ်နဲ့ရေးပေးထားတာပါနော်။ နေ့အိပ်မက်လည်းကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ဗျာ နောက်ကျရင်တော့ ဒီထက်ပိုပြီးတော့ကောင်းအောင်ရေးပေးပါ့မယ်ဗျာ။ ကျွန်တော့်ရဲ့စိတ်ကူးယဉ်လေးကတော့ ဒါပါပဲဗျာ။ အားလုံးပဲအဆင်ပြေပျော်ရွှင်ကျပါစေဗျာ။ ဟဲဟဲ စိတ်ကူးယဉ်တာမကောင်းရင်တော့ မရယ်ကျနဲ့အုံးနော်။
“သဘောထားကွဲလွဲခြင်း”
“သဘောထားကွဲလွဲခြင်း“ တဲ့
ဝေးကွာခြင်းဆိုတဲ့ သီအိုရီမှာ
ငါသွားတဲ့ ခရီးတိုင်း
မင်းဆီမရောက်နိုင်ဘူး . . ။
ပြန်လာပါလို့ပြောမထွက်တော့လဲ
ဒဏ်ရာနဲနဲပါးပါးသွားလေးရရုံပေါ့ . .
တချော့ချော့နဲ့ ဆိုခဲ့တဲ့သီချင်း
ငိုချင်းရှည်အသံပေါက်နေပြီ. . ။
ဟန်လောက်သာ ဆွေးပြလို့ရမယ်ဆိုရင်တောင်
ဒီလမ်းကိုတော့ ပြန်မလျှောက်ချင်ဘူး . .
ခံစားလို့ရန်များရတဲ့အထဲမှာ
မင်းအကြောင်းလဲ ပါတယ် . .။
တန်သလားမေးရင်တော့
အဖြေအတွက် ခနစောင့်ပါ . .
ဦးနှောက်နဲ့ နှလုံးသား
အချင်းများရင်း . . .
ခုထိသဘောထားကွဲလွဲတုန်း . . . ။ ။
သူငယ်ချင်းတစ်ယောက်ရေးပေးတာပါ
သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာလေးကို အားလုံးကိုဖတ်စေချင်လို့မျှဝေပေးလိုက်တာပါ.......... အားလုံးအတွက် အသုံးဝင်မယ်လို့လည်းထင်ပါတယ်ဗျာ။ အဆင်မပြေလည်းသည်းခံပြီးဖတ်ပေးကျပါဗျာ။
လူဆိုတာ မနေ့ကထက်ဒီနေ့ ပညာပိုရှိလာရမယ်။အသက်ကြီးလာတာနှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမယ်။ဒါအတွက် ဘာလုပ်ရမလဲ။
စာဖတ်ပါ...နေ့စဉ်ဖတ်ပါ...စာကောင်းပေကောင်းတွေကိုရွေးဖတ်ပါ။ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့်အရာကို ဦးစားပေးဖတ်ပါ။
အလုပ်တွေများလွန်းလို့ စာအုပ်ဆိုတာ ကောက်တောင်မကိုင်နိုင်ဘူး။ အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေမျိုးမပေးပါနဲ့။ အနည်းဆုံး ညအိပ်ရာဝင်တော့မယ်ဆိုရင် အချိန်၁၅မိနစ်လောက် စာဖတ်တဲ့ အလေ့အကျင့် တစ်ခုကိုလုပ်ပါ၊ တစ်နေ့၁၅မိနစ်ဆိုလျှင် တစ်နှစ်မှာနာရီပေါင်း၉၀ ဖတ်ဖြစ်မယ်။ အိပ်ရာဝင်အဆင်မပြေလျှင် အိပ်ရာထ ဒါမှမဟုတ် နေ့လည်အဆင်ပြေတဲ့အချိန်မှာဖတ်ပါ။
ဖတ်မည့်စာအုပ်တွေကိုရွေးထားပါ။ လက်လှမ်းမီရာမှာထားပါ။ အိပ်ထဲဆောင်ထားလို့ရ လျှင်ဆောင်ထားပါ။ အဲဒီလိုလုပ်လျှင် တစ်နေ့ ၁၅မိနစ်ထက်ပိုရမှာသေခြာတယ်။တစ်ခု သတိထားဖို့က စာအုပ်ကောင်းတွေ ရွေးဖတ်ဖို့ဖြစ်တယ်။ နောက်ပြီး အလိမ္မာ စာမှာရှိတယ်ဆိုပေမယ့် အထဲကအလိမ္မာ လူဆီရောက်ဖို့ပိုအရေးကြီးတယ်ဆိုတဲ့ ဆရာတော် သျှင်သေဌိလ ဆုံးမစကားကိုမမေ့ပါနဲ။
ငါဘွဲ့လည်းရပြီးပြီ၊ နေရာကောင်း တစ်ခုလည်းရပြီ၊ ဆက်လေ့လာစရာ ဖတ်စရာမလိုပါဘူး ဆိုတဲ့ အယူအဆပြပြီး ပေါ့ပေါ့မနေပါနဲ့။ လွယ်တာကို လုပ်ချင်တဲ့သဘောတွေကို ဖျောက်ပါ။ဒါတွေဟာလေ့လာဖတ်ရှုမှုနှင့်ဘ၀တိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေတယ်။
ဘာကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့၊ လူကိုပဲဖြစ်ဖြစ်၊ ပစ္စည်းကိုပဲဖြစ်ဖြစ် ၊ ဖျော်ဖြေမှု တစ်ခုကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့။ ဒါဆိုဘ၀သေသူတစ်ယောက် ဖြစ်သွားနိုင်တယ်။ဘ၀ရှင်တက်ကြွနေဖို့အတွက် ဝေဖန်ပိုင်းခြားတွေးတောမှု (Critical thinking)၊ဖြန့်ကျက်တွေးတောနိုင်မှု (Lateral thinking) တွေရှိဖို့လိုတယ်။
အရာရာကို ခံစားမှုဖြင့် မဖြေရှင်းပါနဲ့။ဆင်ခြင်မှုဖြင့် ဖြေရှင်းပါ။ဂုဏ်သိက္ခာဖြင့် မိမိရဲ့မျှော်မှန်းချက်ပန်းတိုင်ရောက်အောင် ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားစေမည့် စည်းကမ်းထားရှိပြီး လုပ်ကိုင်ပါ။ ပျော်ရွှင်ချမ်းမြေ့ ငြိမ်းချမ်းတဲ့ ဘ၀ကို ထူထောင်နိုင်ဘို့ ကိုယ်ကျင့်သိက္ခာကို မြင့်မားအောင်ထိန်းသိမ်းစောင့်ရှောက်ပြီး၊စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားဖို့လိုပါတယ်။
ကိုယ့်အတွက် အကျိုးရှိတာလည်းလုပ်ရတယ်။အများနှင့်နိုင်ငံ အကျိုးရှိမည့် အလုပ်လည်းလုပ်ရမည်။ကိုယ်အဆင်ပြေနေပေမယ့် ကိုယ့်ဝန်းကျင်က လူတွေ အဆင်မပြေတာတွေများရင်၊ကိုယ်လည်းအဆင်မပြေဖြစ်လာမှာပဲ။
အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ အဖိုးတန် ပစ္စည်းကောင်းကောင်းတွေနဲ့ နေနိုင်ဖို့ အထိုက်အလျောက် လိုအပ်ပေမယ့်၊ အဲဒါတွေ
ရှိရုံဖြင့် ဘ၀အဆင့်အတန်းမြင့်တယ်လို့မဆိုနိုင်ဘူး။
အဆင့်မြင့်တဲ့ ဘ၀ဆိုတာ အဆင့်အတန်းမြင့်တဲ့ ကောင်းမွန်တဲ့ စိတ်အရည်အသွေးကို ပြောတာဖြစ်တယ်။ စိတ်အရည်အသွေး တိုးတက်
ကောင်းမွန်ဖို့ အတွက် ၊ဒါနသီလနဲ့ ဘာဝနာလိုတယ်။ဒါနထက် သီလက ပိုမြင့်မြတ်တယ်။သမာဓိကောင်းပြီး စိတ်ကိုကြည်လင်သန့်ရှင်းစေတဲ့ အသိဥာဏ်ဖြစ်စေတဲ့ ဘာဝနာက ပိုမိုမြင့်မားတယ်လို့ဆိုတယ်။
သမာဓိထူထောင်ပြီး စိတ်ကိုတည်ငြိမ်အေးချမ်းအောင် လုပ်တာဟာ ပညာရေးပိုင်းမှာအလွန်အထောက်အကူရတယ်။ စိတ်တည်ငြိမ်အေးချမ်းနေလျှင် ဘာပဲလုပ်လုပ်အချိန်ကုန် သက်သာတယ်။ မြန်မြန်ဆန်ဆန် အေးအေးဆေးဆေးနဲ့ ပြီးတယ်။အမှားအယွင်းနည်းတယ်။
ကိုယ့်ဘ၀ကိုယ် တကယ် အသက်ရှည်စေချင်တယ်ဆိုရင် မလုပ်မဖြစ်လုပ်ရမှာက သတိဖြင့်နေတာဖြစ်တယ်။ ဒါကြောင့်နေ့စဉ်တရားထိုင်ပါ။
အချိန် အနည်းငယ်ပဲ ဖြစ်ဖြစ်ထိုင်ဖြစ်အောင်ထိုင်ပါ။ ကုသိုလ်စိတ် ဖြစ်နေအောင်လုပ်ပြီး ၊ကုသိုလ်စိတ်ဖြစ်နေရင်လည်း သိရမယ်၊ကိုယ့်စိတ်မှ
ကိုယ်မသိလျှင် တခြားဟိုအကြောင်း၊ဒီအကြောင်းတွေ သိနေရုံနဲ့ ပညာတတ်လို့ မဆိုနိုင်ဘူး၊ဒါကြောင့်ပညာတတ်ဖြစ်ချင်လျှင် တရားကိုလေ့
လာအားထုတ်ပါ။
အခုလုပ်နိုင်သလောက် လုပ်ပါ။သိပ်ကောင်းလွန်းအားကြီးပြီး သိပ်မြင့်လွန်းနေလို့ လိုက် မမီတာတွေကို ခုမလုပ်နိုင်သေးပေမယ့်၊ တစ်နေ့နေ့
လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ။တစ်ကြိမ်တည်းနဲ့ ထိပ်ဆုံးရောက်အောင် မကြိုးစားပါနဲ့။ တစ်ကြိမ်ထက်တစ်ကြိမ်ပိုကောင်းအောင်သာ ကြိုးစားပါ။ကောင်းတာတွေကို ယခုလုပ်နိုင်သလောက် လုပ်ဖို့ အရေးကြီးတယ်။လုပ်လို့ဖြစ်တာကိုမလုပ်ပါ။
လုပ်နိုင်တာကိုမလုပ်ပဲ အကြီးအကျယ်လုပ်မည် လို့စဉ်းစားနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။လောလောဆယ် တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပါ။ နိုင်ငံအကျိုး၊ လူသားအကျိုးဆောင်ရွက်နိုင်တဲ့ အမျိုးကောင်းသား၊ သမီးများဖြစ်ကြပါစေ။
သူ့ကိုသာ........ ပိုင်ဆိုင်ရမယ်ဆိုရင်
ကြယ်ပွင့်တွေနဲ့တကွ မိုးကောင်ကင်ကြီးကို
အပိုင်စားရစေဦးတော့
တန်ဖိုးမဖြတ်နိုင်တဲ့
စည်းစိမ်ချမ်းသာနဲ့တကွ
ကမ္ဘာကြီးကို အပိုင်စားရစေဦးတော့...........
အလိုဆန္ဒမပြည့်ဝနိုင်သေးဘဲ
ကိုယ်..........ထပ်တလဲလဲတောင်းနေမိဦးမှာပဲ။
ဒါပေမဲ့....... သူမကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင်တော့
ကမ္ဘာမြေပေါ်က အသေးငယ်ဆုံး
ထောင့်လေးတစ်ထောင့်ထဲမှာ နေရမယ်ဆိုရင်တောင်
ကိုယ်ကျေနပ် ပျော်ရွှင်နေမယ်ထင်ပါရဲ့
Merry Christmas
အားလုံးသောညီအကိုမောင် နှစ်မများအားလုံး ပျော်ရွှင်ဖွယ်ရာ Christmas နေ့လေးဖြစ်ပါစေဗျာ။ အားလုံးပဲနှစ်သစ်မှာပျော်ရွှင်ကြပါစေဗျာ။
အမေ့အလွမ်းပြေ............
အမေ့အလွမ်းပြေ
ရေခြားမြေခြား တစ်ပါးတိုင်းတွင်
သင်ယူပညာ စေရာတာဝန်
ကျေပွန်စေရာ ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ ချမ်းအေးလှသည့်
ညအမှောင်ထဲ မျက်ရည်ဝဲလျှက်
အိပ်ပျက်ညဝယ် ငယ်စဉ်ဘဝ
အညာဒေသ ဆောင်းကာလတွင်
အမေ့ရင်ခွင် ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ ပြန်လည်တမ်းတ
လွမ်းနေရတယ် အမေရယ်.....
ရေခြားမြေခြား တစ်ပါးတိုင်းတွင်
သင်ယူပညာ စေရာတာဝန်
ကျေပွန်စေရာ ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ ချမ်းအေးလှသည့်
ညအမှောင်ထဲ မျက်ရည်ဝဲလျှက်
အိပ်ပျက်ညဝယ် ငယ်စဉ်ဘဝ
အညာဒေသ ဆောင်းကာလတွင်
အမေ့ရင်ခွင် ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ ပြန်လည်တမ်းတ
လွမ်းနေရတယ် အမေရယ်.....
အဝေးလူ
ကွဲအက်ဆို့သီး ခရီးတစ်ထောက်
နာနာကျင်ကျင် ရောက်ခဲ့ပြီကွယ်။
စီရီပြွတ်သိပ် မြို့ ပြရိပ်ထဲ
ညလဲလင်းလင်း နေ့ခင်းပမာ
ဆန်ရင်းစုန်ကြ
ငါတော့ မပျော်လှပါဘူးကွယ်။
ခုနေမှာတော့...
လရောင်ခိုးဝှက် အိပ်ပျက်ညတို့
လမ်းစတစ်ဆုံး အမှောင်ဖုံးလဲ
မိုးရဲလို့ဆောင်းရဲ
ပြုံးနေရဦးမှာပဲကွယ်။
သူငယ်ချင်းတို့ရယ်
(ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော)
ချစ်ခင်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ
ရင်ထဲမကောင်းလှပါဘူးကွယ်။
နာနာကျင်ကျင် ရောက်ခဲ့ပြီကွယ်။
စီရီပြွတ်သိပ် မြို့ ပြရိပ်ထဲ
ညလဲလင်းလင်း နေ့ခင်းပမာ
ဆန်ရင်းစုန်ကြ
ငါတော့ မပျော်လှပါဘူးကွယ်။
ခုနေမှာတော့...
လရောင်ခိုးဝှက် အိပ်ပျက်ညတို့
လမ်းစတစ်ဆုံး အမှောင်ဖုံးလဲ
မိုးရဲလို့ဆောင်းရဲ
ပြုံးနေရဦးမှာပဲကွယ်။
သူငယ်ချင်းတို့ရယ်
(ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော)
ချစ်ခင်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ
ရင်ထဲမကောင်းလှပါဘူးကွယ်။
အမေသို့...............
အမေ...
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိခဲ့တဲ့သူက
ကျွန်တော်ပေါ့......
တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်ငေး
ကျွန်တော်မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။
အမေ့ ရင်ခွင်ရဲ့အဝေး..
ခြေစုံကန် ထွက်ပြေးခဲ့မိတာ ၃ နှစ်...
အဲဒီ့ အတောအတွင်းမှာ...
ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ.....။
အမေရေ....
မာယာစုံတဲ့လောကကြီးရဲ့....
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်...
သူတစ်ပါးကို နင်းတက်လိုက်ရမှာ...
ကျွန်တော်..ရှက်တယ်.......။
လိုအင်တစ်ခုအတွက်....
အမှန်တရားကို မြိုချ...
လိုအပ်ချက် တစ်ခုအတွက်...
သူများ ခြေထောက်တွေကို လိုက်လိုက်လျက်ရမှာလဲ....
ကျွန်တော် ရှက်တယ်......။
အများနဲ့ တစ်ယောက်....
လူတွေက ကျွန်တော့်ကို..
မျက်မှန် အနောက်နဲ့ ကြည့်ကြတယ်.....
တကယ်တော့ အမေရယ်...
မိုးရွာတုန်း ရေခံဆိုပြီး...
သူတို့ သောက်နေတဲ့ မိုးခါး.....
ကျွန်တော် မမက်မောတတ်တာ အပြစ်လား အမေ.......
မိုးခါး တစ်စက်ကြောင့် ....
ကျွန်တော့်လမ်းလေး ပျောက်သွားမှာ ကြောက်တယ်....။
အဲဒီတော့...
ကျွန်တော့်ကို လူတွေက မေးငေါ့တယ်......
ဂျစ်ကန်ကန် ညစ်ကပ်ကပ်
ဆင်းရဲတွင်း.. နက်မဲ့ ကောင်တဲ့....။
သူတို့ ဘယ်လို ပြောပြော
တစ်လောကလုံးပဲ မှောင်နေပါစေ....
အမှန်တရားကို ဆုပ်ကိုင်လို့...
ကိုယ့်သိက္ခာနဲ့ ကိုယ်..လင်း.....
ကျွန်တော့ မနက်ခင်းတိုင်း.....
ကြောင့်ကြခြင်း ကင်းပါတယ်..အမေ.......။
အဝေးရောက်နေတဲ့....
သားတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့....အမေ
ကိုယ့်လမ်း....ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်....
သား လျှောက်နိုင်ပါတယ်.....။
ကျွန်တော့်အတွက်...
တစ်ခါမှ..ဂုဏ်မတက်ခဲ့ရတဲ့အမေ....
မျက်ရည်လဲ.. မဝေစေရပါဘူး......
သားမိုက် မဟုတ်ပေမယ့်....
သားလိမ္မာလဲ မဟုတ်တဲ့ ..အမေ့သား......
သစ္စာစကား ဆိုပါတယ်..အမေ........။
အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
ကျွန်တော်.....
တစ်ရေးလောက်...မှေးစက်ချင်တယ် အမေ......။
အမရပူရ
မန္တလေးက သူငယ်ချင်းတစ်ယောက်ပို့ပေးလိုက်တဲ့ကဗျာလေးပါ.......... ကဗျာလေးကောင်းလို့ တင်ပေးလိုက်တာပါဗျာ။
လက်ညိုးထိုးမလွဲ စေတီပုထိုးတွေနဲ့
ဦးပိန်ဆောက်ခဲ့တဲ့တံတား
မင်းတွေ့များတွေ့ရင် ဖျားသွားလိမ့်မယ်သူငယ်ချင်း။
ဘယ်အချိန်မဆိုဆည်းလည်း သံချိုအရိပ်ကောင်းတွေနဲ့
အတိတ်သမိုင်းဟောင်း စာဖတ်သံတွေကို
အင်တာနက်အကူအညီမလိုဘဲနဲ့
နှလုံးသားနဲကဆက်ဆက်မင်းဖတ်နိုင်တယ်သူငယ်ချင်း။
လာခဲ့စမ်းပါတစ်ခေါက်
ပိတောက်တွေပွင့်တဲ့ နွေမှာဖြစ်ဖြစ်။
ခတ္တာတွေပျော်တဲ့ ဝသာန်မှာပဲဖြစ်ဖြစ်။
သဇင်တွေပွင့်တဲ့ဆောင်းမှာပဲဖြစ်ဖြစ်။
အိုသူငယ်ချင်း မင်းဘာဆိုဘာပဲဖြစ်ဖြစ်။
ဧရာဝတီရဲ့ ဂီတသံစစ်စစ်ကို
ဘာစွမ်းအင်မှာ မလိုဘဲနဲ့
နှလုံးသားနဲ့ ဆက်ဆက်
မင်းတီးခတ်နိုင်တယ် သူငယ်ချင်း။
လက်ညိုးထိုးမလွဲ စေတီပုထိုးတွေနဲ့
ဦးပိန်ဆောက်ခဲ့တဲ့တံတား
မင်းတွေ့များတွေ့ရင် ဖျားသွားလိမ့်မယ်သူငယ်ချင်း။
ဘယ်အချိန်မဆိုဆည်းလည်း သံချိုအရိပ်ကောင်းတွေနဲ့
အတိတ်သမိုင်းဟောင်း စာဖတ်သံတွေကို
အင်တာနက်အကူအညီမလိုဘဲနဲ့
နှလုံးသားနဲကဆက်ဆက်မင်းဖတ်နိုင်တယ်သူငယ်ချင်း။
လာခဲ့စမ်းပါတစ်ခေါက်
ပိတောက်တွေပွင့်တဲ့ နွေမှာဖြစ်ဖြစ်။
ခတ္တာတွေပျော်တဲ့ ဝသာန်မှာပဲဖြစ်ဖြစ်။
သဇင်တွေပွင့်တဲ့ဆောင်းမှာပဲဖြစ်ဖြစ်။
အိုသူငယ်ချင်း မင်းဘာဆိုဘာပဲဖြစ်ဖြစ်။
ဧရာဝတီရဲ့ ဂီတသံစစ်စစ်ကို
ဘာစွမ်းအင်မှာ မလိုဘဲနဲ့
နှလုံးသားနဲ့ ဆက်ဆက်
မင်းတီးခတ်နိုင်တယ် သူငယ်ချင်း။
တစ်နေ့ကျရင်
အချစ်ရယ်.......
တစ်နေ့ကျရင် ကိုယ်အသည်းနှလုံးကို
မင်း.... အနိုင်ယူ (လွမ်းမိုး) သွားမယ်ဆိုတာ
ကိုယ်သိနေပါတယ်။
မင်းရဲ့ကြယ်ပွင့်လေးတွေထဲကနေ
ကိုယ့်ရဲ့အိမ်မက်တွေကို
မင်းထွင်းဖောက်ကြည့်နေတယ်လေ။
မင်းရဲ့ လရောက်ပြောက်တွေထဲမှာ
မင်းရဲ့ လျှို့ဝှက်ချက်တွေကို
ကိုယ်ဆီ ပို့လွတ်လိုက်လို့လေ။
ကိုယ်........... တွေးတောမိတိုင်း
ကိုယ့်မျက်လုံးအိမ်မှာ
မျက်ရည်ပွင့်တွေနဲ့ မှိုင်းဝေခဲ့ရတယ်။
တုန်လှုပ်နေတဲ့ သစ်ရွက်တွေကြား
ရင်ဖိုနေတဲ့ နေသာ ကောင်းကင်မှာ
သိုးကျောင်းသားရဲ့
ပလွေမှုတ်သံ လျှံဝေနေတဲ့
ပျင်းရိငြီးငွေ့ဖွယ် အချိန်တွေမှာ
နှလုံးသားက အထီးကျန်ခံစားနေရတဲ့
မိုးစက်မှုန်တွေရဲ့ နေဝင်ဆည်းဆာမှာ
မင်းရဲ့ ပိုးပန်းမှုတေါ တကယ်ပဲ
ရှိနေပါတယ်လေ။
တစ်နေ့ကျရင် ကိုယ်အသည်းနှလုံးကို
မင်း.... အနိုင်ယူ (လွမ်းမိုး) သွားမယ်ဆိုတာ
ကိုယ်သိနေပါတယ်။
မင်းရဲ့ကြယ်ပွင့်လေးတွေထဲကနေ
ကိုယ့်ရဲ့အိမ်မက်တွေကို
မင်းထွင်းဖောက်ကြည့်နေတယ်လေ။
မင်းရဲ့ လရောက်ပြောက်တွေထဲမှာ
မင်းရဲ့ လျှို့ဝှက်ချက်တွေကို
ကိုယ်ဆီ ပို့လွတ်လိုက်လို့လေ။
ကိုယ်........... တွေးတောမိတိုင်း
ကိုယ့်မျက်လုံးအိမ်မှာ
မျက်ရည်ပွင့်တွေနဲ့ မှိုင်းဝေခဲ့ရတယ်။
တုန်လှုပ်နေတဲ့ သစ်ရွက်တွေကြား
ရင်ဖိုနေတဲ့ နေသာ ကောင်းကင်မှာ
သိုးကျောင်းသားရဲ့
ပလွေမှုတ်သံ လျှံဝေနေတဲ့
ပျင်းရိငြီးငွေ့ဖွယ် အချိန်တွေမှာ
နှလုံးသားက အထီးကျန်ခံစားနေရတဲ့
မိုးစက်မှုန်တွေရဲ့ နေဝင်ဆည်းဆာမှာ
မင်းရဲ့ ပိုးပန်းမှုတေါ တကယ်ပဲ
ရှိနေပါတယ်လေ။
ထားမသွားပါနဲ့
ညမိုးချုပ်နေပြီ။
ကိုယ့်ကို ထားမသွားပါနဲ့နော်။
ရိုင်းစိုင်းကြမ်းတမ်းမှုတွေကို
ဖြတ်သန်းသွားရမယ့် လမ်းကလေးဟာ
အထီးကျန်မှောင်မဲပြီး
ရှုပ်ထွေးပျောက်ဆုံးနေခဲ့ပေါ့။
မောပန်းနွမ်းနယ်နေတဲ့ ကမ္ဘာမြေကြီးဟာ
တောင်ဝှေးမပါတဲ့ မျက်မမြင်တစ်ယောက်လို
ငြိမ်သက်စွာ လဲလျောင်းနေလေရဲ့။
ကိုယ့်မီးအိမ်ကို ထွန်းညှိဖို့နဲ့
ကိုယ့်ပန်းကလေးတွေ ရွေးသီဖို့
အဲ့ဒီအခိုက်အတန့်လေးကို
နှစ်ကာလာကြာမြင့်စွာ
စောင့်စားခဲ့ရတယ်လို့ ကိုယ်ထင်တယ်။
အခုတော့
ကမ်းခြေမဲ့တဲ့
ပင်လယ်ချောက် နှုတ်ခမ်းဝကို
ခုန်ဆင်းဖို့ ကိုယ်ရောက်နေခဲ့ပြီလေ။
ကိုယ့်ဘာသာ ထာဝရ
အဆုံးရှုံးခံစေပါတော့မယ်။
ကိုယ့်ကို ထားမသွားပါနဲ့နော်။
ရိုင်းစိုင်းကြမ်းတမ်းမှုတွေကို
ဖြတ်သန်းသွားရမယ့် လမ်းကလေးဟာ
အထီးကျန်မှောင်မဲပြီး
ရှုပ်ထွေးပျောက်ဆုံးနေခဲ့ပေါ့။
မောပန်းနွမ်းနယ်နေတဲ့ ကမ္ဘာမြေကြီးဟာ
တောင်ဝှေးမပါတဲ့ မျက်မမြင်တစ်ယောက်လို
ငြိမ်သက်စွာ လဲလျောင်းနေလေရဲ့။
ကိုယ့်မီးအိမ်ကို ထွန်းညှိဖို့နဲ့
ကိုယ့်ပန်းကလေးတွေ ရွေးသီဖို့
အဲ့ဒီအခိုက်အတန့်လေးကို
နှစ်ကာလာကြာမြင့်စွာ
စောင့်စားခဲ့ရတယ်လို့ ကိုယ်ထင်တယ်။
အခုတော့
ကမ်းခြေမဲ့တဲ့
ပင်လယ်ချောက် နှုတ်ခမ်းဝကို
ခုန်ဆင်းဖို့ ကိုယ်ရောက်နေခဲ့ပြီလေ။
ကိုယ့်ဘာသာ ထာဝရ
အဆုံးရှုံးခံစေပါတော့မယ်။
မိုင်တိုင် ၁၀၀
ကျွန်တော်က တစ်ခါတစ်လေကျရင်လေ ပေါက်ကရတွေ စိတ်ထဲရှိတာတွေ လျောက်လုပ်တတ်တယ်ဗျာ။ တစ်ခါ တစ်ခါကျရင်လည်း အကောင်းကိုယ့်ကိုကိုယ်တောင် ဘယ်လိုလူစားမျိုးဆိုတာကိုတောင်မသိတော့ဘူး........ တစ်ခုတော့ရှိတယ် စိတ်တိုလာရင်တော့ ကိုက်စားမတတ်ကို ဖြစ်တယ်ဗျာ..... အသားတွေတုန်ပြီးတော့ ဖြစ်လာတယ်......ငယ်ငယ်ကတည်းကအကျင့်ပေါ့နော်........ စာကျက်ရင်တော့ ကိုတိုးတို့များ ပြင်းလိုက်တာလွန်လို့........ စာအုပ်နဲ့မျက်နှာနဲ့တွေ့လိုက်တာနဲ့ အိပ်ငိုင်ပြီလော......... ကောင်းလိုက်တဲ့အကျင့်လေးနော်...........အိပ်ရေးဝတာပေါ့နော် မနက်ပိုင်းကျောင်းဖွင့်လို့ဆရာနဲ့စာသွားသင်ရင် ဆရာက ဘာပြောမှန်းမသိဘူး အိပ်ငိုက်တာလေ......သင်ရတာကလည်း ထိုင်းလိုဆိုတော့ ကိုတိုးလေးတို့ တစ်လုံးမှာကို နားမလည်ဘူးဗျာ။ ခင်မင်မှုအပြည့်နဲ့ နားလည်ပေးတတ်တဲ့ဘလော့မှာ ညီအကိုမောင်နှစ်များအားလုံးနဲ့............. ကျွန်တော့်ရဲ့ ပေါက်တတ်ကရရေးတဲ့ကဗျာလေးတွေကို ဖတ်ပေး ဝေဖန်ပေးတဲ့ ညီအကိုမောင်နှစ်မ များအားလုံးကို ကျွန်တော့်ရဲ့ မိုင်တိုင်၁၀၀ မြောက်ပိုစ့်လေးနဲ့ ကျေးဇူးတင်ကြောင်းပြောပါရစေဗျာ.......
အစ်မသက်ဇင်
အစ်မဝါဝါခိုင်မင်း
အစ်မရွှေပြည်သူ
မမေမိုး
အစ်မကဗျာမလေး
မမေ( မြန်မာပြည်ကိုလွမ်းသူ)
အစ်မသက်တန့်
မ Dream
မပန်းခရေ
မဖူးပွင့်အောင်
ညီမ ဝေလေး
အစ်ကိုကြီးကိုရင်ညိမ်း
အကိုဝင်းဇော်
ကိုစေတနာ
ကိုမော်စီ
ကိုတောင်ငူသား
ကိုမင်းကျန်စစ်
ကို အညတရ
ကိုသုခရိပ်
ကိုမောင်မျိုး
ကိုသီဟညိမ်း
ကိုတီး
ကိုအနက်ရောင်မျက်လုံး
ကိုညီနေမင်း
စီဗောက်နဲ့ဘလော့မှာကျန်ရှိခဲ့တဲ့ သူငယ်ချင်းများရှိပါက နားလည်ပေးဖို့တောင်းခံအပ်ပါတယ်........ အားလုံးသောသူတွေကိုတော့ နာမည် မမှတ်မိတော့လို့ပါ... အခုလိုလာရောက်အားပေးကျတဲ့ သူငယ်ချင်းများနဲ့ ညီအကိုမောင်နှစ်မများအားလုံးပျော်ရွှင်ကျပါစေ...... ကျွန်တော်အားငယ်နေတဲ့အချိန် ဖုန်းဆက်ပြီးအားပေးတတ်တဲ့ တစ်နိုင်ငံတည်းနေတဲ့သူငယ်ချင်းများဖြစ်တဲ့ ကိုမောင်မျိုး နဲ့ ကိုညီနေမင်း ကျွန်တော့်ရဲ့ ဘလော့လေးကို လာရောက်အားပေးကျတဲ့ သူငယ်ချင်းအပေါင်းကျန်းမာ ချမ်းသာ သုခအပေါင်းနဲ့ပြည့်စုံကျပါစေလို့...... ကျွန်တော်ကိုတိုးလေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
လွယ်ကူခြင်း Vs ခက်ခဲခြင်း
လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။
သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။
မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။
မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။
တပါးသူကို မိမိက ခွင့်လွတ်ဖို့လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင့်လွတ်ဖို့ တောင်းဆိုရတာ ခက်ခဲပါတယ်။
စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။
အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။
ကျောက်တုံး နှင့် ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။
နေ့တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို. ခက်ခဲပါတယ်။
ဂတိ တခု လွတ်ခနဲ ပေးဖို. လွယ်ကူပါတယ်။
ဂတိ အတိုင်းလိုက်လုပ် ဖို. ခက်ခဲပါတယ်။
ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို. ခက်ခဲပါတယ်။
သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။
အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူကို ခက်ခဲပါတယ်။
ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို.က ခက်ခဲပါတယ်။
တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။
ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။
မေ့ပြီကွယ်
ကိုယ့်နှလုံးသားရဲ့ အလယ်ဗဟိုမှာ
မင်းရှိနေခဲ့တယ်။
ဒါကြောင့်..........
ကိုယ့်နှလုံးသားက
လှည့်လည်နေစဉ်မှာ
ဘယ်တော့မှာ မင်းကိုမတွေ့တာပေါ့။
ု
မင်းက
ကိုယ့်အချစ်တွေ
ကိုယ့်ရဲ့မျှော်လင့်ခြင်းတွေထံမှ
လွတ်အောင်.... ကိုယ့်ဘာသာ
နောက်ဆုံးအချိန်ထိ
ရှောင်ပုန်းနေခဲ့တယ်လေ။
ဘာကြောင့်လည်းဆိုတော့
မင်းက သူတို့အထဲမှာ
အမြဲရှိနေခဲ့လို့ပေါ့။
ကိုယ့်ရဲ့ပြိုရွှယ်မှုပြဇာတ်ထဲမှာ
မင်းဟာ မြိုသိပ်ထားရတဲ့ ပျော်ရွှင်မှုပါ။
ပြဇာတ်နဲ့ အလုပ်များတော့
ပျော်ရွှင်မှုဟာ ကိုယ့်ကို ဖြတ်ကျော်သွားခဲ့ပေါ့။
ကိုယ့်ဘဝရဲ့
ကြည်နူးစရာတွေထဲမှာ
မင်းလို တေးဆိုလိုပြခဲ့တယ်။
ကိုယ်ကတော့..........
မင်းကို တေးဆိုပြဖို့
မေ့လျော့ခဲ့ပြီ ဆိုပါစို့။
ယဉ်ယဉ်လေးရူး
ယုံကြည်မှုမရှိတဲ့
ကမ်းလင့်မှုကို
မင်းသံသယတွေနဲ့ဆိုလည်း
ပြောလိုက်ပါ မုန်းတယ်လို့
ဟန်ဆောင်အပြုံးလိုသုံးပြီး
ချစ်တယ် “မပြော”
မုန်းတယ်လည်း “မဆို”
မရေရာမှုစကားစုနဲ့
ဇာတ်သိမ်းလိုက်တဲ့
မင်းနှလုံးသားပဟေဋိကို
အဖြေမသိပါရစေနဲ့
နိဂုံးမှာအလွမ်းတွေနဲ့
အထီးကျန်တဲ့ အချိန်တွေမှာ
မင်းအချစ်ကိုမျှော်လင့်ရင်း
မင်းအချစ်ဝင်္ကပါမှာ
ငါဟာ “ယဉ်ယဉ်လေးရူး” နေသူပါ..............................
အချိန်တိုလေး...........
ပေါ့ပေါ့ပါးပါးပေါ့ . .
သောကအမောတွေကို
ဖြေလျှော့လိုက် . .
ဘ၀ကိုပြုံးပြုံးလေးရင်ဆိုင်မယ် . .
တိုတောင်းလွန်းလှတဲ့ဘ၀မှာ
ရုန်းကန်ရခြင်းတွေနဲ့ ပဲ
အချိန်ဖြုန်းမနေပါနဲ့တော့ . .
ငါတို့စိတ်တွေပေါ့ပါးဖို့
ရုပ်ဝတ်ထုတွေ ဂုဏ်ဒြပ်တွေရဲ့
အရေးပါမှုကို
ခဏလောက် မေ့လိုက်ကြရအောင်လာုး . .
ငါတို့
အတူတူ ပြုံးနေကြရင်
လောကကြီးက တကယ်
ပျော်ဖို့ကောင်းလာအုံးမှာပါ . .
ပာုတ်တယ်ပာုတ် . .
ထိုသို့သောသူငယ်ချင်း
လောကကြီးတွင် လူတစ်မျိုးရှိသည် ...။
တစ်ခြားလူ မသိသော ကိုယ်၏ လျှို့ဝှက်ချက်များကို သူသိသည် ။
ကို ယ် စာမရသော အချိန်များတွင်ရှင်းပြတက်ပြီး ကိုအမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီးဖြေရှင်းပေးတက်သည် ။အားငယ်သောအချိန်တွင်အားပေးတက်ပြီး
ဝမ်းနည်းနေသည့်အချိန်တွင် နှစ်သိမ့်တက်သည်။ ကိုယ် အဆင်ပြေနေလျှင်မေ့နေတက်ပြီး
အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေးတက်သည် ။
ကိုယ်နှင့်အတူရှိသောအချိန်များက ချစ်သူတစ်ယောက်ထက်ပင်ကြာရှည်ခိုင်မြဲတက်သည် ။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည် ။ လောကတွင်သူငယ်ချင်းအမျိုးမျိုးရှိကျပါတယ်........။
အားလုံးသောသူများကိုသူငယ်ချင်းပါပဲ။ ဒါပေမဲ့ကိုယ့်အပေါ်တစ်ကယ်ကောင်းတဲ့သူငယ်ချင်းဆိုတာက ရှားတယ်လေ
သူငယ်ချင်းကောင်းကိုငွေပေးဝယ်လို့မရပါဘူး.....။ သူငယ်ချင်းကောင်းကိုတန်ဖိုးထားပါလေးစားပါ ချစ်ခင်ပါ။
အားလုံးသောသူငယ်ချင်းများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကျပါစေဗျာ..........။
တစ်ခြားလူ မသိသော ကိုယ်၏ လျှို့ဝှက်ချက်များကို သူသိသည် ။
ကို ယ် စာမရသော အချိန်များတွင်ရှင်းပြတက်ပြီး ကိုအမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီးဖြေရှင်းပေးတက်သည် ။အားငယ်သောအချိန်တွင်အားပေးတက်ပြီး
ဝမ်းနည်းနေသည့်အချိန်တွင် နှစ်သိမ့်တက်သည်။ ကိုယ် အဆင်ပြေနေလျှင်မေ့နေတက်ပြီး
အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေးတက်သည် ။
ကိုယ်နှင့်အတူရှိသောအချိန်များက ချစ်သူတစ်ယောက်ထက်ပင်ကြာရှည်ခိုင်မြဲတက်သည် ။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည် ။ လောကတွင်သူငယ်ချင်းအမျိုးမျိုးရှိကျပါတယ်........။
အားလုံးသောသူများကိုသူငယ်ချင်းပါပဲ။ ဒါပေမဲ့ကိုယ့်အပေါ်တစ်ကယ်ကောင်းတဲ့သူငယ်ချင်းဆိုတာက ရှားတယ်လေ
သူငယ်ချင်းကောင်းကိုငွေပေးဝယ်လို့မရပါဘူး.....။ သူငယ်ချင်းကောင်းကိုတန်ဖိုးထားပါလေးစားပါ ချစ်ခင်ပါ။
အားလုံးသောသူငယ်ချင်းများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကျပါစေဗျာ..........။
အချစ်
ရင်ဝယ်အချစ်
အမှန်စစ်လျှင်
ချစ်သူသိအောင်
ပြောပြပေးပါ
သော်တာလမင်း
လမင်းမရှိတဲ့ည
အထီးကျန်မှုနဲ့
လွမ်းဆွေးမှုကို
တစ်ယောက်တည်းကြိတ်ခံစားရင်း
ကြယ်စင်လေးတွေကို သိအောင်သက်သေပြု
နှလုံးသားကိုပင်ရစ်ပတ်နှောင်ဖွဲ့ထားပြီး
ကိုယ်တစ်ခုလုံးကို ငြိတွယ်စေတဲ့
သံယောဇဉ်ဆိုတာ
အချစ်ပါ။.............................
သူသိပါစေ
ငါဟာ လူပါ
ဘာမှ မရှိပေမယ့်...
ကြေကွဲရင်....
လူမမြင်အောင် မျက်ရည်စို့တတ်တဲ့
မျက်ဝန်းတွေနဲ့
ထိုးနှက်ချက်တွေနဲ့ ထိပ်တိုက်တွေ့ပြီး
ခံစားမိတဲ့အခါ
နာကျင်တတ်တဲ့
ရင်ဘတ်တစ်စုံကိုတော့ ပိုင်ဆိုင်ပါတယ်..
ခါးသီးလွန်းတဲ့ မွေးရာပါ သိမ်ငယ်မှုတွေကို
ယုယပိုက်ထွေးလို့..
လောကဓံရဲ့ အံစာခွက်ထဲမှာ
ငါဟာ...
ဘုရင်ဖြစ်ဖို့ဇာတာမပါခဲ့သူပါ
ညှိုးငယ်နွမ်းလျတဲ့ မျက်ဝန်းတွေနဲ့
ချစ်ခြင်း ဆိုတာကို...
အသံမှန်အောင် မထွက်ရဲခဲ့တာ..
မင်းမသိတဲ့ ဆောင်းအိပ်မက်တွေနဲ့
ကျိန်စာသင့်နေတဲ့ ငါ့နှလုံးသားပါ..
ကာရံသီ မညီနိုင်တဲ့ ရင်ခုန်သံနဲ့
အိပ်မက်မြူ တယောသံ
ငါ့ရင်ကို အခါခါ မှန်လွန်းတော့
နှင်းကြွေတဲ့ဆောင်းမှာ
ပုလဲပူပူတွေ ငွေ့ရည်ဖွဲ့လို့ပေါ့....။
အပြုံးတု
ဒီရင်ဘတ်ကြီးတစ်ခုလုံး
စုတ်ပြတ်သတ်သွားတဲ့ဆုံးရှုံးမှုအတွက်
ရလိုက်တာက ဆောရီးနော်တဲ့ ..
ပြီးတော့ပြောပါသေးတယ် "မတော်လို့ဖြစ်သွားတာပါတဲ"
စုတ်ပြတ်သတ်သွားတယ် ဆိုပေမယ့်
နာကျင်နေတဲ့အချိန်လေးမှာ
ပြုံးလိုက်တဲ့ အပြုံးတစ်စုံကတော့
အခုအချိန်အထိ ချိုမြိန်နေတုန်းပါ ....
ဒီလိုနာကျင်မှုနဲ့အဆုံးသတ်လိုက်တဲ့
ခံစားမှုမျိုးတွေ ခံစားရတဲ့အချိန်လေးတွေမှာ
မင်းနှုတ်ခမ်းအစုံမှာ ကို့လိုပဲ လှပတဲ့
အပြုံးတစ်ခု ဖန်တီးကြည့်ပါ ...
အပြုံးဆိုတဲ့ စကားလုံးရဲ့
အနက်အဓိပ္ပါယ်နဲ့ ကိုက်ညီရဲ့လားလို့ ....
ရင်တွင်းက ခံစားချက်လေးပါ
နုံဖျင်းလှတဲ့မရေရာမှုမျိုးနှင့်
သေချာမှုတွေေ၀၀ါးနေတဲ့ဘ၀ကြီးကို ကျော်ဖြတ်နေမိတဲ့ကို့အတွက်
လက်ပြလို့ထားသွားလဲနေခဲ့မိမှာပါ ..
အကြင်နာတွေအပြည့်နဲ့ နာကျင်မှုတွေပြွတ်သိပ်နေပေမယ့်
ရှိစုမဲ့စုခွန်အားလေးတွေကို ဖြစ်ညှစ်ပြီး မင်းအတွက်
ထာဝရခွင့်လွှတ်နေမယ့် သူတစ်ယောက်ပါ .... မိန်းကလေးရယ်
တစ်ကယ်တော့ လွှင့်မျှောနေတဲ့ တိမ်တိုက်တွေကြား
အချစ်ဆိုတာကို လိုက်ဖမ်းရင်းနဲ့ပဲ ခံစားချက်တွေအားလုံး
လေနဲ့အတူတူလွင့်ပါသွားခဲ့ပြီးပါပြီ
အချစ်ဆိုတဲ့ ခံစားချက်လေးတစ်ခုကနေ
ရရှိလိုက်တဲ့ အဓိပ္ပါယ်ပေါင်းများစွာကို
နာကျင်မှုတွေနဲ့ပဲ တိတ်တဆိတ်
ရင်ဘတ်တစ်နေရာမှာ ၀ှက်ထားလိုက်မိတယ် ... မိန်းကလေးရေ
ကို့ရဲ့စကားလုံးတွေဟာ မင်းအတွက်ကြမ်းတမ်းနေပေမယ့်
ထိခိုက်ကွဲလှလွယ်ပြီး နူးညံ့တဲ့နှလုံးသားတစ်စုံအတွက်
မင်းပေးတဲ့ ရက်စက်မှုတွေက ကို့အတွက်တော့ အရမ်းပြင်းထန်နေတယ် မိန်းကလေး
တွေ့ခဲ့ရတာ တစ်ခဏလေးဆိုပေမယ့်
ပျော်စရာစကားလုံးတွေကို ရေတွက်လို့မရအောင်ပြောနေပေမယ့်
တစ်ကယ်တဲ့ ပြုံးနေတဲ့ မျက်နှာဖုံးတုရဲ့အောက်က
နာကျင်မှုတွေကိုတော့ မင်းမြင်တတ်ရင်
တစ်နေ့နားလည်လာမှာပါ ...
ကို့မျက်လုံးတစ်စုံကို မင်းအဓိပ္ပါယ်ဖွင့်တတ်ရင်တော့
ရင်ထဲတစ်နေရာက အမည်ဖော်လို့မရတဲ့
သောကတစ်ချို့ကို မင်းပုံဖော်လာနိုင်မှာပါ .......
အမေတစ်ယောက်ရဲ့ ချစ်ခြင်းအတွက်အမှတ်တရ

မလင်းလက်တဲ့ကို့အချစ်
သတိရလားလို့မေးရင်
သတိမရဘူးလို့ ဖြေရမှာပါပဲ . .
အချစ်က ကိုယ့်အတွက်မလင်းလက်ခဲ့ဘူး . .
ဒီတော့ ကိုယ်က အချစ်ကို မယုံတော့ဘူးပေါ့ . .
စွဲလမ်းခြင်းတွေတောင် မြဲကြတာမဟုတ်ဘူး . .
မနေ့က အဲ့ကောင်မလေးကို အရူးအမူးစွဲလမ်းခဲ့ပေမဲ့
ဒီနေ့ကြ တခြားကောင်မလေးတစ်ယောက်ကို စွဲလမ်းနေတာမျိုး . .
အိမ်မက်ထဲမှာလဲ လူဦးရေများတာပါပဲ . .
ညဥ့်ဦးယံမှာ ကိုယ်နဲ့ကြိုက်ခဲ့တဲ့တစ်ယောက်ကို အိပ်မက် မက်ကောင်းမက်နေလိမ့်မယ် . .
သန်းခေါင်ယံကြတော့ ကိုယ်ကြွေခဲ့တဲ့မိန်းကလေးတစ်ယောက်ကို အိပ်မက်နဲ့ တမ်းတဖြစ်မယ်. .
ဒီလိုပဲလေ . .
သူကိုယ့်ကို ပြန်မချစ်တာမပြောနဲ့
ကိုယ်သူ့ကို တခြားသူတွေထက် ပိုချစ်သလားမချစ်ဘူးလားတောင် မသဲကွဲပါဘူး . .
အနေနီးတာများလို့
သူ့အကြောင်းပိုတွေးနေမိတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် . .
သူလှသလိုရှိတာကလည်း
သူ့ဘက် စိတ်ယိမ်းနေတာဖြစ်မှာပါပဲ . .
မနက်ဖြန်
ဘယ်သူနဲ့တွေ့မယ်ဆိုတာ ဘယ်သူတပ်အပ်သိနိုင်မှာတဲ့လဲ . .
ကဲ . .
ကိုယ်ကကော နောင်
ဘယ်လောက်ချစ်တတ်ဦးမှာလဲ . .
အကြွေလွယ်
အကောက်ခက်
နွမ်းလို့လေလားကွယ်
ကိုယ်ကလည်း တစ်ချိန်က ပန်းဖြစ်ခဲ့တာပါပဲ . .
ကိုယ့်ကိုကိုယ်မုန်းတဲ့အချက် ၁၀ ချက်
ကိုယ်ကိုကိုယ်မုန်းမိတဲ့ အချက် ၁၀ ချက်ကို အမဝါဝါခိုင်မင်း (အမဝါ)က Tag ထားလို့ရေးပေးတာပါ။ ကိုယ့်မှာမကောင်းတဲ့ အချက်တွေကတော့ အကုန်ပေါ်ကုန်တော့မှာပါပဲဗျာ။ အခုမှာတော့လည်းမထူးပါဘူး ကိုယ့်မကောင်းတဲ့ အချက်တွေကို ပြောပြရတော့မှာပေါ့လေ...........
(တစ်)
ကိုယ့်ကို မချစ်ဘူးလို့ထင်ရင် ကိုယ့်ကိုကိုယ်မုန်းတယ်
(နှစ်)
သူများကို ကိုယ်ကဒေါသထွက်မိရင် ကိုယ့်ကိုကိုယ်မုန်းတယ်
(သုံး)
စာကျက်တိုင်း စာလုံးတွေကိုမြင်တိုင်း အိပ်ငိုက်တာကိုလည်းမုန်းတယ်
(လေး)
သူငယ်ချင်းတွေကို စိတ်မကောင်းအောင်လုပ်မိတဲ့ ကိုယ့်ကိုကိုယ်မုန်းတယ်
(ငါး)
ကောင်မလေးမြင်တိုင်း မျက်စိကမခွါချင်တာကိုလည်းမုန်းတယ်
တော်ကြာနေကောင်မလေးတွေဘယ်သူမှာအနားမကပ်ပဲနေအုံးမယ် ချွင်းချက်အားလုံးသောသူကိုမဆိုလိုပါ လူတဲ့သူလေးတွေ တွေ့ရင်တော့ငေးတယ်ဗျာ
(ခြောက်)
အလုပ်လုပ်ရင် မလုပ်ချင်တဲ့စိတ်ကိုမုန်းတယ်
( ခုနှစ်)
သူများအကြောင်းကို အရေမရအဖတ်မရပြောဖြစ်ရင်လည်း မုန်းတယ်
(ရှစ်)
အလိုလိုနေရင်း စိတ်တိုတတ်တဲ့ ကိုယ့်ကိုကိုယ်မုန်းတယ်
(ကိုး)
ဘ၀အတွက် တိုးတက်အောင်လုပ်နေပါရဲ့ လောကဓံတရားကို မရင်ဆိုင်ဘဲ ဖြစ်သလို ရှောင်လွဲနေရင်လည်း ကိုယ့်ကိုကိုယ်မုန်းတယ်
(တစ်ဆယ်)
အမှားတစ်ခုကို လုပ်လို့ တောင်ပန်သင့်ရဲ့သားနဲ့မတောင်းပန်တဲ့ကိုယ့်ကိုကိုယ်မုန်းတယ်
အမဝါ ကျွန်တော်ရေးထားတာလေးကို အမဝါသဘောကျလိမ့်မယ်လို့ထင်ပါတယ်အမဝါ။ ကျွန်တော်လည်းမရေးတတ်ပေမဲ့ အကောင်းဆုံးဖြစ်အောင်ရေးထားပါတယ် အမဝါ ။ ကျွန်တော်လည်း Tag ပိုစ့်တစ်ခါမှာမရေးဘူးတော့ သိပ်မရေးတတ်ဘူးဗျာ။ အစ်မဝါကျေနပ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်အမဝါ။ အဆင်ပြေပျော်ရွှင်ပါစေအစ်မဝါဝါခိုင်မင်း
နောက်ဆုံးနှုတ်ဆက်
ပျားရည်ဆမ်းသောလမ်းကို အခုကျွန်တော်မလျောက်ရသေးပါဘူးဗျာ။ ဆူးတွေခင်းနေတဲ့လမ်းကိုသာလျောက်နေရတာပါဗျာ။
ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာကဘဝ............ ဆန္ဒနဲ့ဘဝက ဘယ်တော့များမှာတစ်ထပ်တည်းကျမယ်ဆိုတာ မသိဘူးဗျာ။
လောလောဆယ်တော့ ဘဝနဲ့ဆန္ဒတစ်ထပ်တည်းမကျတဲ့ကျွန်တော် ဘလော့ကလေးကိုတော့လေ တစ်သက်လုံးဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်.............. တစ်ခဏတာအတွက်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ အားလုံးပဲပေါ့နော် တစ်ချိန်က ဘလော့မှာကဗျာလေးတွေရေးတဲ့ကိုတိုးလေးဆိုတာရှိနေသေးတယ်ဆိုတာကို အားလုံးပဲအမှတ်တရရှိနေကျမယ်ထင်ပါတယ်နော်။ အားလုံးကိုလည်းပျော်ရွှင်စွာနဲ့ပဲ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်ဗျာ. နောက်ဆုံးအနေနဲ့ကျွန်တော်ရေးထားတာလေးပေါ့နော် တင်ပေးမယ်ဗျာ။ ဘယ်လိုလည်းဆိုတာတော့ ကျွန်တော်ကိုတိုင်လည်းမသိဘူးဗျာ။
အိုသူငယ်ချင်း . .
သူမင်းကို ပြန်မချစ်တာဟာ
သူ့ ရဲ့လွတ်လပ်ခွင့်ဖြစ်ပါရဲ့ . .
သူ မချစ်ချင်တာကြီးကို မင်းက အတင်းပြန်ချစ်ခိုင်းနေမယ်ဆိုရင်
ဒါမင်း အကြမ်းဖက်နေတာပဲကွ . .
အိုသူငယ်ချင်း အကြမ်းဖက်သမားတော့ မဖြစ်ပါစေနဲ့ ဟီဟီး . . .
အိုသူငယ်ချင်း . .
သူမဘက်မှာ တခြားတယောက်ကို မျှော်လင့်နေတာ . .
နို့မဟုတ် သူမမှာ ချစ်သူရည်းစားရှိနေငြားကလည်း
မင်းဟာ သူမရဲ့ စည်းကမ်းကို အနှောင့်အယှက်ပေးသူ ဖြစ်အံ့ . . ဟီဟီး . .
အိုသူငယ်ချင်း . .
ပိုပီးမျှော်လင့်ခြင်းဟာ ပိုပီးဆုံးရှုံးခြင်းမည်၏ ။
မမျှော်လင့်နေပါနဲ့တော့ . .
တော်နေကြာ
ချစ်သူတစ်ယောက်မရရှိတာထက်
သူငယ်ချင်းအစစ်တစ်ယောက်ဆုံးရှုံးရတာက ပိုဆိုးနေလိမ့်မယ် . . ဟီဟီး . .
အိုသူငယ်ချင်း . .
ငိုကွာ အကြီးအကျယ်ငိုချပစ်လိုက် . .
ငိုပစ်လိုက်စမ်းကွာ . . ဟီးဟီး . .
ရော့တစ်ရှူး . . ကမူရှူးထိုးတွေတော့ မလုပ်နဲ့ကွာ . .
ငြိမ်ငြိမ်လေးကွဲလည်း အသည်းကွဲတာပဲလေ . . ဟီဟီး . .
နောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့တယ်နော်။ ဘလော့မှာခင်ရတဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေအားလုံးပျော်ရွှင်ပါစေလို့ ကျွန်တော်အမြဲဆုတောင်းပေးနေပါတယ်ဗျာ။ ဒီတင်ထားတဲ့ပိုစ့်လေးက နောက်ဆုံးဖြစ်မှာပါဗျာ။ အားလုံးပဲကျန်းမာပျော်ရွှင်ကျပါစေဗျာ။
ကောင်းကင်နဲ့အပြိုင်
ကောင်းကင်ကြီးက ငိုချလိုက်တော့
ဒဏ်ရာဟောင်းတွေ နလန်ထလာတယ်.........
အလွမ်းတွေ သယ်ဆောင်လာတဲ့မြှားတစ်စင်း
ရင်ကိုလာမှန်တော့
ကိုယ်လည်း ချုံး.......... ပွဲ..........ချ
အိမ်မက်တွေ မှေးမှိန်သွားခဲ့ပေမယ့်
ထင်ရှားနေဆဲ ပုံရိပ်တွေကတော့
သိစိတ်တစ်ခုလုံးကို အပိုင်သိမ်းသွားခဲ့.......
ဆန္ဒနဲ့ တစ်ထပ်တည်းမကျတဲ့ ဘဝမှာ
ဝေဒနာတွေသာ ထွေးပိုက်ထားရင်း...........
မွန်းကျပ်မှုရဲ့ လွတ်မြောက်ရာလမ်းကို
ထုတ်ဖော်ဖို့ သိလိုက်ချိန်မှာ
ကောင်းကင်ကြီးနဲ့ အပြိုင်
ကိုယ်လည်း ချုံး..............ပွဲ.............ချ
အချစ်
ငါ့မျက်လုံးတွေမှေးစက်ချိန်မှာ
နှလုံးသားထဲမှာ
ပြေးဆော့နေတာ
မင်းရဲ့ပုံရိပ်တွေပါ။
*နှလုံးသွေးတစ်ချက်ခုန်လိုက်တိုင်းမှာ
ငါ့တစ်ကိုယ်လုံးမှာစီးမျောနေတာ
မင်းကိုချစ်တဲ့
ငါ့ရဲ့ဝိဥာဉ်တွေပါ ။
*ငါ့ရဲ့အချစ်တွေကို
မင်းလျစ်လျူရှုတဲ့အခါ
ငါ့မျက်ဝန်းမှာခိုတွဲလာတာ
ဝမ်းနည်းခြင်းရဲ့သက်သေ
နှလုံးသားရဲ့မျက်ရည်တစ်စက်ပါ။
*ငါဝန်ခံပါတယ်ချစ်သူ
မင်းကိုစွဲလမ်းလို့တမ်းတ
ငါ့ရဲ့အလွမ်းညတွေလဲ
ကြာရှည်ခဲ့ပါပြီ ။
*ငါ့ရဲ့ဘ၀ဟာမင်း
ငါ့ရဲ့ညဟာမင်း
ငါ့ရဲ့အရာအားလုံးဟာမင်း
မင်းအတွက်ရှင်သန်တဲ့ငါ
တစ်ကယ်တော့ငါဟာငါမဟုတ်ခဲ့ပါဘူး။
*အသိအမှတ်မပြုရင်တောင်
ကျောခိုင်းမသွားပါနဲ့
မယုံကြည်ရင်တောင်
လျစ်လျူရှုမထားပါနဲ့ချစ်သူ။
*မမြင်နိုင်ရင်တောင်
လှည့်ကြည့်ပေးပါ
မကြားနိုင်ရင်တောင်
နားစွင့်ပေးပါချစ်သူ ။
*အတိတ်တွေကိုစွန့်ခွါ
သာယာတဲ့အနာဂါတ်
ပျော်စရာအိမ်မက်တွေထဲက
တမ်းတခဲ့ငါ့ရဲ့ဧဒင်
ထာဝရှင်သန်နေစေဖို့
မင်းလေးရဲ့မေတ္တာ
အကြင်နာတွေဆောင်ကြဉ်း
ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ။
ဥယျာဉ်မှူး
ပန်းဟူသည်မှာ ဖူးရာမှငုံ
ငုံရာမှပွင့် ကြွားကြွားဝင့်သော်
လောကမြေ၀ယ် အလှကြွယ်၏။
သို့သော်ဆင့်ကမ်း ပွင့်ယူလှမ်းရန်
ပန်းသဘာဝ မပြည့်ဝမီ
ဖူးစဉ်ပျက်သုဉ်း ဘ၀ဆုံးတာ
ရှိဖူးပါ၏။
တမူမှာကား ဖူးသာဖူးငြား
ငုံမသွားမီ လေနီမိုးကြမ်း
တိုက်ခတ်ရမ်း၍ ငုံခွင့်မသာ
သေဆုံးတာလည်း ရှိဖူးပါ၏။
အချို့မှာကား ငုံသာငုံရ
မပွင့်ရပဲ အလှလည်းညှိုး
ပန်းလည်းကျိုးတာ
မြင်ဖူးပါ၏။
ဖူးစဉ်ခါဝယ် သိမကြွယ်၌
လမ်းမှန်ထောက်ပြ မမှားရအောင်
ပန်းအလှစုံ ဆံဝတ်မှုန်သို့
ညှာတံဝတ်ဖတ် လန်းဆမ်းလတ်ရန်
ပြုစုစိုက်ထိုး ယုယပျိုးကာ
ပေါင်းသင်းမြေစွ ရေလောင်းကြသည့်
မြင့်မြတ်လူသား ထိုသူများကို
တင်စားခေါ်ဝေါ် ဂုဏ်တင်ဖေါ်သည်
ကြီးစွာကျေးဇူး ဥယျာဉ်မှူး။ ။
သစ်ပင်
အလင်းရောက်ကို လုယက်ရင်း
ငါ့လက်တွေမြောက်
ကွေးကောက်ခဲ့ရ
ဝမ်းစာအတွက် ရုန်းကန်ရင်း
ငါ့ခြေထောက်တွေကောက်
ဒူးထောက်ခဲ့ရ
ဒါပေမဲ့
ငါ့မြေငါထွန်ယက်
ငါ့မြေသြစာငါကျွေး
ငါ့မျိုးဆက်ကို ငါပဲမွေးခဲ့တယ်။
ခေါင်းစဉ်မဲ့
မရေရာတဲ့အခြေအနေတစ်ခုကို ကျော်ဖြတ်ရတာ
အတွေဝေဆုံးပဲ။
မလေးနက်တဲ့ လူတစ်ယောက်ကိုချစ်ရတာ
အပင်ပန်းဆုံးပဲ။
မသေချာတဲ့အဖြေတစ်ခုကို ရလိုက်တာဟာ
စိတ်အရှုပ်ထွေးဆုံးပဲ။
ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ကိုချစ်ရတာ
အပူလောင်ဆုံးပဲ။
မဖြစ်နိုင်တဲ့အရာကို မျှော်မှန်းရတာ
စိတ်အပင်ပန်းဆုံးပဲ။
မင်းအကြောင်းတွေးမိတိုင်း
ရင်အမောဆုံးပဲ။
လိုချင်တဲ့အရာတစ်ခုကို ရခါနီးအချိန်ဟာ
အချိုမြိန်ဆုံးပဲ။
မင်းနဲ့ဆုံတွေ့ချိန်ဟာ
ရင်အခုန်ဆုံးပဲ။ ။
ဘယ်လိုလည်း
မင်းကို ရင်ခုန်နေသင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
မင်းကို သတိရသင့်လားလို့ ကိုယ့်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
မင်းကို ချစ်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
မင်းကို ဂရုစိုက်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
မင်းကို စောင့်စားနေသင့်သလားလို့ ကိုယ်ကိုတိုင် ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
အဲ့ဒီ့အဖြေက ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့တဲ့။ ။
ပေးချင်တဲ့ခေါင်းစဉ်းလေးပေးနော် ခေါင်းစဉ်မတပ်တတ်လို့ပါဗျာ။ အားလုံးသောညီအကိုမောင်နှစ်မတွေပျော်ရွှင် အဆင်ပြေပါစေဗျာ။
မနှုတ်ဆက်ပါနဲ
တိုးတိတ်ညင်သာလွန်းတယ်
ဒါပေမယ့်...
နှလုံးသားရဲ့အနက်းရှိုင်းဆုံးကို ဆူးဆူးနစ်နစ်ပါပဲ
အိပ်မက်ချို ပြင်းရှရှ တစ်ခွက်သောက်လိုက်ရသလိုပဲ
ရင်ဘတ်ထဲမှာ လှိုင်းထသွားတယ်
အခန်းဆက် ၀တ္ထုတွေမဖွဲ့ တက်ပါဘူး
ဟန်ဆောင်မှုတွေနဲ့ လည်း စကားလုံးတွေ မဖွဲ့ သီပါဘူး
ကိုယ်ရေးတဲ့ စာတွေ
မင်းအတွက် တစ်မျက်နှာစာ
အချစ်သက်သေတွေပါပဲ
ထားခဲ့မယ်ဆိုရင်လည်း ......
မနှုတ်ဆက်ပါနဲ့ 
လက်မပြပါနဲ့  ချန်ရစ်လို့  ကျန်ခဲ့ရတဲ့
ဝေဒနာက ခါးသီးလွန်းလို့ ပါ အချစ်ရယ်...........
ရွက်ခတ်သားတို့ ဇွဲနဲ့မာန်
ပင်လယ်လှိုင်းထန်
မုန်တိုင်းဆန်သော်
ရေမျောကမ်းတင်
လမ်းမမြင်လည်း
တစ်ယောက်ထဲမို့
အားစိုက် တွန်းလှန်
လှိုင်းဆန်လှေတက် ပဲ့ထက် ရွက်တိုင်
ဘယ်မယိုင်နဲ့
ရေပျော်ရွက်ခတ် ခရီးဆန့်မည်
လှိုင်းတောင် ဘယ်သို့ကြီးမည်နည်း
ကြယ်ရောင်မလက် ပျိုးပျက်လျှပ်ရောင်
မိုးထဲမှောင်ထဲ
တစ်ယောက်ထဲမို့
ခရီးမသာ မနီးပါလည်း
ရွတ်ခတ်ယောင်္ကျား မခြောက်ခြားဘူး
ဇွဲမာန်မပျက် ရှေ့သို့ဆက်၏
လှိုင်းလူးလွန့်လှိမ့်
လှေဦးသိမ့်ကာ
လှိုင်းသော်လှေအောက်
ရောက်ပါစေငြား သတိထားလည်း
လှေလည်းမဟန် ဦးကွဲလန်ကာ
ရွက်တိုင် ပဲ့ခြားရှိစေငြားလည်း
လက်အားကိုထဲ့ ခရီးဆက်မည်
သေသော်မှသည် လျှော့လိမ့်မည်။
အမှတ်တရ သင်္ခါရများ
စက္ကန့်ကို မိနစ်စား
မိနစ်ကို နာရီပြု
နာရီကို ရက်တွေပြောင်းပါလို့
အချိန်တွေလည်း ဟောင်းခဲ့တယ်.........
နွေရာသီကို မိုးကျော်ဖြတ်
မိုးရာသီကို ဆောင်းခုန်တက်တာမို့
ဥတုတွေလည်း ပြောင်းခဲ့တယ်............
လူငယ်မှာ လူလတ်ထင်
လူလတ်မှ ကြီးကောင်ဝင်တာမို့
သက်တမ်းတွေလည်း ရင့်ခဲ့တယ်..........
သပွတ်အူလို အစရှာ
မရပါ လောကကြီးမှာဖြင့်
တိုင်းတပါးမှာ ပညာကိုကြိုးစားရှာ
သြော်.... အမေ့ဝမ်းထဲက တိုးထွက်ခဲ့တာ
(၂၃) နှစ်တင်းတင်း ပြည့်ခဲ့ပြီ အမေ။
နေဝင်အိပ်မက်
အချစ်မရှိတဲ့
တစ်ယောက်တည်းနေလာခဲ့
အားမနွဲ့ဘူး တစ်ခါမှ..........
သမုဒယ သစ်သီးထက်
ငါ ပိုမက်တဲ့အရာ
လွတ်လပ်ခြင်းဆိုတာပဲလေ............
နွေနေ့တစ်မနက်
ရာသီစက် တစ်ခုရဲ့ရပ်နားချိန်
မှေးမှိန်သွားတဲ့ အလင်း
နုပျိုခြင်းတွေ ပျောက်ရှာ
ထာဝရဆိုတာ ဘယ်မှာလဲ............
ဧရာရဲ့ လှည့်ကွက်
ချစ်ခြင်းမေတ္တာရဲ့ အတိမ်အနက်
ချိန်စက်ဖို့ကြိုးစားရင်း
ပျော်ရွှင်ခြင်းနဲ့ စိတ်ဝမ်းကွဲ
တစ်ယောက်တည်းနေရမှာ ကြောက်လာတယ်...........
တိတ်တခိုး
ဦးနှောက်က ဖြားယောင်းတိုင်း
နှလုံးသားက နဝေတိမ်တောင်
သူငယ်ချင်းလို့ တွင်တွင်ပြောနေရတာ
တမင်တကာဖြူစင်နေရတာပေါ့
အစားပြန်မရတော့တဲ့နေ့တွေဟာ
စိတ်ကို အမြေ့မြေ့ဝါးစေတယ်
ကိုယ်အချစ်ကို ကိုယ်သတ်မိတဲ့အကုသိုလ်
ဒီနေ့လို ငရဲခန်း
အဝါရောင်မီးတောင်တွေနမ်းနမ်းနေရတယ်
ဒါအဖန် ငါးရာ ငါးကမ္ဘာ........။
ထိုင်းစကားပြောလေးပါ
ဆ-ဝမ်(ဒ်)-ဒီး-ခပ်
မင်္ဂလာပါခင်ဗျာ။ ယောကျာင်္းလေးအတွက်တော့ (ခပ်) ဆိုပြီးသုံးတယ်ဗျာ
ဆ-ဝမ်(ဒ်)-ဒီး-ခ
မင်္ဂလာပါရှင်။ ဒါကမိန်းကလေးအတွက်တော့ (ခ)လို့ သုံးပါတယ်
ဆဘိုင်းဒီးမိုင်း ခပ်/ ခ
နေကောင်းပါသလားခင်ဗျာ/ရှင်
ဖုံ(မ်)
ကျွန်တော်
ဒီချန်
ကျွန်မ
ကင်း(န်)-ခေါက်(ဝ်)
ထမင်းစား
ဒင်(မ်)- နမ်း
ရေသောက်
ယင်-ဒီ-ထိဒိုက်-ရှုးကျခပ်/c
တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ၊ ရှင်
ဖော့……………………..မဲ့
အဖေ…………………… အမေ
ဖုချိုင်း
ယောကျာင်္းလေး
ဖုရင်(င်)
မိန်းခလေး
ီ
ထိုင်းစကားပြောလေးရေးတင်ပေးတာပါ အားလုံးကိုမျှဝေပေးချင်တဲ့သဘောနဲ့ပါ။ တစ်ချို့တွေလည်းသိပြီးသားတွေများမှာပါ ထမင်းစားရေသောက်လောက်တော့ လူတိုင်းပြောနိုင်ကျမယ်ထင်ပါတယ်။ ကျွန်တော်လည်း ထိုင်းစာကိုတတ်လို့ ကျွမ်းလို့တင်ပေးတာ မဟုတ်ပါဘူး အားလုံးကိုမျှဝေပေးချင်တဲ့ဆန္ဒလေးနဲ့ရေးလိုက်တာပါ။ ကျွန်တော့်စိတ်ထင်တော့ အရှေ့တောင်အာရှမှာတော့ ထိုင်းစကားက အခက်ဆုံးလို့ထင်တယ်ဗျာ အသံထွက်ရတာလည်း တစ်မျိုးပဲ သူတို့ဆီမှာက စကားလုံးတစ်လုံးကို အဓိပ္ပါယ် အမျိုးမျိုးရှိတယ်ဗျာ။ ဥပမာပေါ့နော် ကျွန်တော်အပေါ်မှာသုံးလိုက်တဲ့ ဖုံ(မ်) ဆိုရင် ကျွန်တော်ဆိုလည်းရတယ် ဆံပင်ဆိုလည်းရတယ် စကားလုံးအသုံးအနှုန်းလေးတွေကွာတယ်ဗျာ။ သုံးတာကတော့ တစ်လုံးတည်းပဲ အဓိပ္ပါယ်ကျတော့မှာကွဲသွားတယ်ဗျာ။ အားလုံးသော ညီအကို မောင်နှစ်မအားလုံး ပျော်ရွှင်ကျန်းမာကျပါစေဗျာ။
အခင်ရဆုံးသူငယ်ချင်းတစ်ယောက်အတွက်ပါ
ခင်မင်ရတဲ့သူငယ်ချင်းပေါ့နော် ဆရာလို့ပြောရမလား အကိုလို့ပြောရမလားမသိဘူး အသက်အရွယ်ချင်းကတော့ အတူတူဆိုတော့လည်း ကြုံသလိုပဲ “ကို“လို့တပ်ပြီးခေါ်လိုက်တာပဲ ဘလော့မှာတော့ သူလိုလူမျိုးကို မတွေ့ဘူးဘူးဗျာ။ ကျွန်တော်ဘလော့စာရေးခါစကပေါ့နော် ဘယ်မှာလည်းသွားမလည်တတ်ဘူး ဒီလိုပဲ ကိုယ်ရေးချင်တာလေးရေးပြီးနေလိုက်တာပေါ့နော်။ မှတ်မှတ်ရရဗျာ ကျွန်တော်တင်ထားတဲ့ ပိုစ့် ၃ ခုမြောက်မှာ ကွန်မန့်လေး တစ်ခုလာရေးသွားတာတွေ့လိုက်ရတယ် အဲ့ဒါနဲ့ ကိုယ်လည်းအရမ်းပျော်သွားတယ်ဗျာ....... ပြီးတော့မှာ သူဘလော့ကို မလည်ခင်မှာပဲ သူက gmail နဲ့ Invite လုပ်သွားတယ်။ အော် ကိုယ့်ဘလော့ကိုပေါ့လေ လာဖတ်မဲ့သူလေး တစ်ယောက်ရှိသေးတယ်ဆြို့ပီးတော့ပျော်သွားတာပါပဲ။ နောက်ပိုင်းမှာတော့ သူပြောတဲ့အတိုင်းပဲလေ ဘလော့တွေ လျောက်လည် လင့်တွေထားခဲ့နဲ့ပဲ သူငယ်ချင်းတွေရခဲ့တာပါ အစက သူများဘလော့ကို ဘယ်လိုလည်ရမယ်ဆိုတာလည်းမသိဘူး ပြီးတော့ ဘယ်လိုတွေ ကွန်မန့်ပေးရမလည်းဆိုတာလည်းမသိခဲ့ဘူးလေ။ သူပြောပြတဲ့အတွက်ကြောင့်ဘလော့မှာလည်း သူငယ်ချင်းတွေရခဲ့တယ် ပျော်လည်းပျော်ရွှင်ခဲ့ပါတယ်....။
နောက်ပိုင်းကျတော့ ဖုန်းနဲ့အဆက်အသွယ်လုပ်ပါတယ် တစ်နိုင်ငံတည်းရောက်နေတဲ့သူဆိုတော့ သူအားရင်လည်း ကျွန်တော့်ဆီကို ဖုန်းဆက်တယ် ကျွန်တော်အားလည်း သူ့ဆီကိုဖုန်းဆက်တယ်။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်းနဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါပဲ..... ဘလော့မှာ သူ့စာလေးတွေ့ကိုမဖတ်ရရင် ခေတ်မမီဘူးလို့ပြောတယ်ဗျာ......။ ဘလော့လောကမှာ သူလောက်နာမည်ကြီးတဲ့သူမရှိဘူး အရမ်းလည်းပျော်တတ်တယ် စိတ်ညစ်ရင်လည်း အရမ်းနဲ့ကိုစိတ်ညစ်တတ်တယ်ဗျာ။ ပြီးတော့လည် သူရေးတဲ့ကဗျာလေးတွေ စာလေးတွေက အရမ်းကောင်းတယ်ဗျာ။ အရမ်းလည်းခင်ဖို့ကောင်းတယ်ဗျာ။ ဘလော့လောကမှာတော့ သူ့ကိုလူတော်တော်များများချစ်ကျ ခင်ကျပါတယ်........ အခုတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြန်တော့မယ်ဆိုတော့လည်း ဝမ်းနည်းမိပါတယ်....။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် တွေ့ဆုံခဲ့ရတဲ့ ခဏတာလေးမှာ သူငယ်ချင်းအဖြစ်နဲ့အကောင်းဆုံးနေသွားပေးတဲ့အတွက်လည်းဝမ်းသာမိပါတယ်။ သူမရှိတော့ အခုကျွန်တော်လည်း စကားပြောမဲ့သူငယ်ချင်းတစ်ယောက်လျော့သွားတာတော့ အမှန်ပါပဲဗျာ........။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် တစ်သက်တာပဲဖြစ်ဖြစ် တစ်ခဏတာပဲ ဖြစ်ဖြစ် ညီအကိုလို သူငယ်ချင်းလိုခင်ခဲ့ရတဲ့သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်ဆိုတာလေးကို သတိရနေပါတယ်ဗျာ....... အဲ့ဒီလူကတော့လေ ကျွန်တော်နဲ့ပေါ့ဗျာ ရင်ဖွင့်ပြီးတော့ ညဉ်းတွားတတ်တဲ့ သူငယ်ချင်းလေးတစ်ယောက်ပေါ့နော်လို့မဆိုလိုပါဘူး။ သူစိတ်ရင် ကျွန်တော့်ကိုရင်ဖွင့်တတ်တယ်ဗျာ အလုပ်ထဲမှာ အဆင်မပြေတာတွေ ရှိရင် ရင်ဖွင့်ပြီးပြောတတ်တယ်ဗျာ.......။ အဲ့လိုခင်မင်တဲ့ တစ်ဦးတည်းသော သူငယ်ချင်းကတော့
ကိုမောင်မျိုးပဲဖြစ်ပါတယ်ဗျာ..........
ခင်မင်ရတဲ့ ကိုမောင်မျိုးရေ မိဘတွေနဲ့ပျော်ရွှင်စွာနေနိုင်ပါစေဗျာ။

“ လမ်းကလေး ရဲ့ ဒုတိယရာသီ”
မိုးကတမြေ့မြေ့ ပါပဲ
နှလုံးသားထဲကိုရေ၀င်ခဲ့တာကလွဲရင်
အဲဒီတစ်နေ့လုံးမှာ အရာရာပြည့်စုံတယ်
ဘယ်အချိန်မှာ နင်ပြန်လာမလဲ
မသိနိုင်ခဲ့တော့
မိုးကျသံ တဖြောက်ဖြောက် ကြားရရင်
ငါဟာ မင်းခြေသံလိုလိုထင်မှားမိတယ်
သတိလက်လွက်နဲ့ အိမ်ရှေ့ လမ်းလေးပေါ် မျှော်ငေးမိတော့
လမ်းကလေးကမေးတယ်
“သူပြန်မလာသေးဘူးလား” တဲ့
နင်သိမှာပါ
နင်ထွက်သွားခဲ့တာ
မိုးရာသီတောင် ငါ့ရင်ထဲကို
ဒုတိယ အကြိမ်အလည်ရောက်လာပြန်ပြီလေ . . . ။ ။
forward mail ကရတဲ့ပုံလေးတွေပါ




















ကျွန်တော်တက်နေတဲ့ကျောင်း
အခုရေးတာကတော့ ကျွန်တော်အခုတက်နေတဲ့ ကျောင်းအကြောင်းပါပဲခင်ဗျာ။ ကျွန်တော်တက်နေတဲ့ကျောင်းကို အင်္ဂလိပ်လို Kamphaeng Phet Rajabhat University(มหาวิทยาลัยราชภัฏกำแพงเพชร) လို့ခေါ်ပါတယ်။ ကျောင်းမှာတော့လေ
1. Faculty of Education
2. Faculty of Industrial Techology
3. Faculty of Science and Technology
4. Faculty of Humanities and Social Sciences
5. Faculty Science Administration
........ရယ်ဆိုပြီး ၅ ခုရှိတယ် တစ်ခုစီမှာတော့ မေဂျာတွေ အများကြီးရှိပါတယ်။ ကျွန်တော်အခုသင်နေတာက ထိုင်းဘာသာနဲ့သင်ကြားနေတာပါ အင်္ဂလိပ်စာနဲ့ သင်ကြားနေတာမဟုတ်ပါဘူး......... ကျွန်တော်သင်နေတဲ့ဌာနကတော့ Faculty of Science and Technology ပါပဲဗျာ။ ပျော်စရာလည်းကောင်းပါတယ် ထိုင်းလူမျိုးတွေနဲ့နေရတော့ ထိုင်းစာနဲ့ ထိုင်းစကားတော့ တတ်တာပေါ့နော်။ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု လူနေမှုတွေကိုလည်း လေ့လာလို့ရတာပေါ့။ အားလုံးကိုသိစေချင်တဲ့ စိတ်လေးနဲ့ ဝေမျှပေးလိုက်တာပါဗျာ အားလုံးသော ညီအကို မောင်နှစ်မများ ပျော်ရွှင် ကျန်းမာကျပါစေဗျာ.





ခွင့်မပန်ဘဲ မသွားပါနဲ့လားအချစ်ရယ်

သူငယ်ချင်းတစ်ယောက်ရေးပေးလိုက်တာပါ
မြန်မာပြည်မာ H5N1 ဖြစ်တုန်းက
ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။
ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ..................
ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း
စိတ်မပျက်ခဲ့ပါဘူး ။ ။
တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး
နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ.............
gtalk banned ခံရလို့ လည်း
နောက်မဆုတ်ခဲ့ပါဘူး ။ ။
ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 
chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................
chatting အမျိုးမျိုးနဲ့ 
နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို
ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 
လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ.......................
နင် online မှာရှိနေမယ်ဆို
power တွေတက်ခါးတွေမျက်နေလည်း
အငတ်ငတ်အပြတ်ပြတ်နဲ့ 
ဆက် chat နေပါ့မယ် ချစ်သူ.....................
မ chat ရင် မနေနိုင်တာကလွဲလို့ 
မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို
နင့်ရဲ့ဘ၀ထဲက
ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ..............
chatting thesis နဲ့  Internet course မှာ
solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို
account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို
ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................
နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 
နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့
ငါ့ရဲ့နှလုံးသားကို
ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................
မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့
ငါ့ရဲ့နှလုံးသားကို
အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ...............
ငါဟာငါ register လုပ်ခဲ့ပြီး
ငါဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို
နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ.....................
ကျေးဇူးရှင် chat senior များရဲ့
သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့
နင့်ရဲ့နှလုံးသားကိုလည်း
ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ..............
ချစ်သူ..............
တကယ်တော့..............
ငါဟာနင့်ရဲ့ဘ၀ထဲကို
လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။
သူငယ်ချင်းတစ်ယောက်ရဲ့ Forward mail ကရတာလေးတင်ပေးတာပါ
(၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။
(၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။
(၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး
အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။
(၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု
သနားသောလေသံဖြင့်ပြောပါ။
(၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။
(၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင်
ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။
(၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက
ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။
(၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍
သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ
ဆုတောင်းပါ။
(၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်….
တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။
(၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်..
တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ
အကောင်းဆုံးဖြစ်ပါသည်။
အချစ်မီးအိမ်
မင်းရဲ့ မီးအိမ်ကို
မိုးကောင်ကင်မှာ ချိတ်ဆွဲလိုက်တော့
မီးအိမ်ရဲ့ အလင်းဟာ
ကိုယ့်မျက်နှာပေါ်ကျလာပြီး
အရိပ်က မင်းအပေါ် ထိုးကျခဲ့ပါတယ်။
အချစ်မီးအိမ်ကို
ကိုယ့်နှလုံးသားမှာ ချိတ်ဆွဲလိုက်တော့
မေတ္တာရဲ့ အလင်းဟာ
မင်းအပေါ် ထိုးကျပြီး
ကိုယ်ကတော့ အမှောင်ရိပ်ထဲမှာ
ရပ်လျက် ကျန်ရစ်ခဲ့ပေါ့။
ဒီနေ့ဖွင့်ပွဲကပုံလေးတွေပါ
Subscribe to:
Posts (Atom)